21
1 သင်တို့ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်နယ်အတွင်း၊ သတ်သူမထင်ရှား ဘဲ လူသေအလောင်းကိုတောအရပ်၌ တွေ့လျှင်၊
2 လူကြီး၊ တရားသူကြီးတို့ထွက်လာ၍ လူသေပတ်ဝန်းကျင်ရှိမြို့များအထိ တိုင်းတာကြရသည် နှင့်အညီ၊
3 အနီးဆုံးသောမြို့ရွာရှိလူကြီးများတို့သည် စေစားခြင်း၊ ထမ်းပိုးတင်ခြင်းမခံဘူးသော နွားမ တန်းကိုယူ၍၊
4 လယ်မလုပ်၊ မျိုးမကြဲ၊ ရေမပြတ်သောချောင်းရှိရာချိုင့်ထဲသို့ ငင်သွားလျက်၊ လည်ကိုချိုးကြစေ။
5 ရှေ့တော်၌ဝတ်ပြုစေရန်လည်းေကာင်း၊ နာမတော်ကိုအမှီပြု၍ကောင်းကြီးမင်္ဂလာပေးစေရန်လည်းေကာင်း၊ သင်တို့ ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသည့်အတိုင်း လက်ရောက်မှုမှစ၍ အမှုအမျိုးမျိုးကိုဆုံး ဖြတ်ရသောလေဝိအနွယ်ပရောဟိတ်တို့လည်း ချဉ်းလာကြပြီးလျှင်၊
6 အလောင်းနှင့်နီးသော ထိုမြို့ရွာ ရှိလူကြီးတို့သည် ချိုင့်တွင်လည်ချိုးပြီး နွားမတန်းအပေါ်၌ လက်ဆေးလျက်၊
7 ငါတို့သည် ဤသွေးသွန်းမှုကို လက်ရောက်မပြု။ မြင်လည်းမမြင်ပါ။
8 အိုထာဝရဘုရား၊ ရွေးနုတ်တော်မူခဲ့သောဣသရေလလူမျိုးတော်ကို ချမ်းသာပေး၍၊ လူမျိုးတော် ဘောင်တွင် အပြစ်ကင်းသူ၏သွေးသွန်းပြစ်ကို ထားတော်မမူပါလင့်ဟု တောင်းလျှောက်ကြသည့် အတိုင်း သွေးသွန်းပြစ်ချမ်းသာရကြလိမ့်မည်။
9 သို့မှ ထာဝရဘုရားရှေ့ဖြောင့်မှန်စွာပြုကျင့်လျက် သင်တို့ဘောင်တွင်အပြစ်ကင်းသူ၏ သွေးသွန်းပြစ်ကို ပယ်ရှားရာရောက်ကြလိမ့်မည်။
10 သင်တို့သည် ရန်သူတို့ကိုစစ်တိုက်ရန် ချီထွက်ကြသည့်ကာလ၊ လက်တွင်းသို့ သင်တို့ဘုရား သခင်ထာဝရဘုရားအပ်နှင်းတော်မူသည့်အလျောက်၊
11 သုံ့ဘမ်းသိမ်းသွားသူများအနက် ရှုချင်ဖွယ်လှပသောမိန်းမတစ်ယောက်ကိုမြင်၍ သိမ်းပိုက် ရန်ခင်မင်သောသဘောရှိလျှင်၊
12 အိမ်သို့ခေါ်ဆောင်ပြီးမှ၊ ဆံရိတ်ခြင်း၊ လက်သည်းဖြတ်ခြင်း၊
13 သုံ့ဘမ်းပါအဝတ်လဲခြင်း၊ မိဘတို့အတွက် တစ်လတိုင်တိုင်မြည်တမ်းနေထိုင်ခြင်းများကို ပြုစေ ပြီးနောက်၊ သူ့ထံဝင်ထွက်လျက် သမီးခင်ပွန်းဖြစ်ကြလော့။
14 ထိုမိန်းမအား စိတ်ကုန်လျှင်၊ ရှုတ်ချခဲ့သည်ကိုထောက်၍၊ ကျွန်စေစားခြင်း၊ ရောင်းခြင်းမပြုဘဲ အလိုအလျောက်ထွက်သွားစေ။
15 အကယ်၍ လူတစ်ဦး၌၊ မေတ္တာရှိ၊ မေတ္တာမဲ့မယားနှစ်ယောက်ရှိရာ၊ ထိုနှစ်ယောက်ဖွားမြင်သော သားများအနက် သားဦးသည်၊ မေတ္တာမဲ့သူ၏သားဖြစ်လျှင်၊
16 သားတို့အား အမွေဝေပေးသည့်ကာလ၊ သားဦးဖြစ်သူ၊ မေတ္တာမဲ့သောမယား၏သားအစား၊ မေတ္တာရှိသောမယား၏သားငယ်အား၊ သြရသအမွေမပေးဘဲ၊
17 ခွန်အား၏ကနဦးဖြစ်သည့်အလျောက်၊ သြရသအခွင့်အရာကိုရထိုက်သူ၊ မေတ္တာမဲ့သောမယား ၏သားအား ပိုင်ဆိုင်သမျှအနက် နှစ်ပုံကိုဝေပေးလျက် သြရသသားဟူ၍မှတ်စေ။
18 အကယ်၍ လူတစ်ဦး၌၊ မိဘတို့ဆုံးမသော်လည်း၊ မနာခံ၊ မနာယူ၊ ခဲယဉ်းတော်လှန်သောသား ရှိလျှင်၊
19 မိဘတို့သည်၊ ထိုသားကို မြို့ရွာလူကြီးတို့ရှိရာ တံခါးဝအနီးသို့ ဆွဲငင်ခေါ်ဆောင်လျက်၊
20 ကျွန်တော်တို့သားသည်၊ မိဘစကားကိုနားမထောင်ဘဲ၊ ခဲယဉ်းတော်လှန်သူ၊ အသောက်အစား လွန်ကြူးသူဖြစ်ပါသည်ဟု လျောက်ဆိုကြသည့်အတိုင်း
21 မြို့ရွာနေယောက်ျားအပေါင်းတို့သည် ခဲပစ်သတ်ဒဏ်ခတ်ကြစေ။ သို့မှသင်တို့ဘောင်တွင်ရှိ သောဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာရောက်သဖြင့်၊ ဣသရေလတစ်မျိုးလုံး ကြားသိကြောက်ရွံ့ကြ လိမ့်မည်။
22 အကယ်၍ သေဒဏ်ခံထိုက်သောပြစ်မှုပြုသူကို သေဒဏ်ခတ်လျက်ကားတင်ကြလျှင်၊
23 ကားတင်ခံရသူသည် ဘုရားသခင့်ထံ အမင်္ဂလာရှိသူဖြစ်သောကြောင့်၊ သင်တို့ဘုရားသခင် ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကို မသန့်အောင် မပြုကြအံ့သောငှါ၊ အလောင်းကိုကားတိုင် ၌ညဉ့်မသိပ်ဘဲ နေ့ချင်းမြေမြှုပ်ကြလော့။,