11
1 သို့ဖြစ်၍၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးလျက်၊ မှာထားထုံးဖွဲ့ဆုံးဖြတ်မိန့် ဆိုတော်မူချက်များကို အစဉ်စောင့်ရှောက်ကြလော့။
2-7 အိဂျစ်ပြည်အတွင်းတွင် ပြည့်ရှင်ဖာရောမင်းနှင့် ပြည်သူပြည်သားတို့၌ အဆုံးအမတော်တည်း ဟူသောသင်တို့ဘုရားသခင်ထာဝရဘုရားစီရင်ခဲ့သောအခြင်းအရာတော်၊ နိမိတ်လက္ခဏာတော်များမှ စ၍အားကြီးသောလက်ရုံးတော် ဆန့်တန်းခြင်းနှင့် မြင့်မြတ်တော်မူခြင်းကိုလည်းေကာင်း၊ သင်တို့ကိုလိုက်လံ ကြသော အိဂျစ်မြင်းတပ်၊ ရထားတပ်၊ အလုံးအရင်းများကို ပင်လယ်နီရေဖြင့် လွှမ်းမိုး၍ ထာဝရ ဘုရားဖျက်ဆီးပယ်ရှားတော်မူခြင်းကိုလည်းေကာင်း၊ ဤနေရာသို့ သင်တို့ရောက်သည့်တိုင်အောင်၊ သဲတောတွင် ပြုစုစီရင်တော်မူခြင်းကိုလည်းေကာင်း၊ ရုဗင့်အနွယ်၊ ဧလျာဘသားဒါသန်၊ အဘိရံတို့ကို လိုက်ပါသူ၊ အိမ်ထောင်၊ တဲများပါ ဣသရေလလူမျိုးရှေ့တွင်၊ မြေခံတွင်းဟ၍ မျိုစေတော်မူခြင်းကိုလည်းေကာင်း၊ သိမှတ်ကြလော့။ မသိမမြင်သောသင်တို့သားသမီးများအား ငါဆိုသည်မဟုတ်။ ထာဝရဘုရားစီရင် တော်မူသမျှသောတန်ခိုးကို ဒိဋ္ဌမြင်ရကြသောသင်တို့အား ငါဆို၏။
8-9 သို့ဖြစ်လျက်၊ သင်တို့ကူးချီပိုင်ရမည့်ပြည်ကို၊ ခွန်အားကြီးသဖြင့် ဝင်ရောက်ပိုင်ယူခွင့်ရကြရန် လည်းေကာင်း၊ ဘိုးဘေးများမှစ၍ အဆက်အနွယ်တို့အား ပေးမည်ဟု ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သော၊ နို့ရည်ပျားရည်လွှမ်းစီးရာပြည်၌၊ တာရှည်စွာနေကြရန်လည်းေကာင်း၊ ယနေ့ငါဆင့်ဆိုသမျှသောပညတ်ကို စောင့်ရှောက်ကြရမည့်အကြောင်း၊ တစ်နည်းကား၊ သင်တို့ဝင်ရောက်ပိုင်ယူမည့်ပြည်သည်
10 ယာခင်းကဲ့သို့ မျိုးကြဲ၍ ခြေဖြင့်ရေသွင်းရသော သင်တို့ထွက်ခဲ့ပြီး အိဂျစ်ပြည်နှင့်မတူချေ။
11 သင်တို့ကူးချီ၍ ပိုင်ယူမည့်ပြည်သည်၊ တောင်၊ ချိုင့်များပြားသဖြင့် မိုးရေကိုသောက်ရသော ပြည်၊
12 နှစ်ဦးမှစ၍ နှစ်ကုန်တိုင်အောင်၊ သင်တို့ဘုရားသခင်ထာဝရဘုရားအာရုံပြုလျက် ကြောင့်ကြ တော်မူသောပြည်ဖြစ်သောကြောင့်တည်း။
13 ယနေ့ငါမိန့်မှာသောပညတ်တော်များကို နာယူနားထောင်လျက်၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားကို ချစ်ကြည်မြတ်နိုး၍ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့ ဝတ်ပြုကြလျှင်၊
14 ဆန်စပါး၊ စပျစ်ရည်၊ ဆီများကိုစုသိမ်းကြစေခြင်းငှါ ရာသီအလျောက်မိုးဦးမိုးနှောင်းကို ရွာစေသည့်ပြင်၊
15 တိရစ္ဆာန်စားကျက်တွင် မြက်ပင်ကိုပေါက်စေတော်မူသဖြင့် သင်တို့ဝစွာစားသောက်ခွင့်ရကြ လိမ့်မည်။
16-17 သင်တို့အပေါ်တွင် ထာဝရဘုရားအမျက်တော်ထားလျက်၊ မိုးမရွာအောင်ပိတ်ဆို့သည် နှင့် မြေအသီးအနှံမထွက်သည့်အတွက် ထာဝရဘုရားပေးသနားတော်မူသောပြည်ကောင်းမှ အဆော တလျင်ပျက်ပြားရမည်ကိုစိုး၍၊ စိတ်ဝိတက်ရှိလျက် လမ်းလွဲသဖြင့်၊ အခြားဘုရားများကို ဝတ်မပြု၊ ရှိမခိုးခြင်းငှါ၊ သတိပြုကြလော့။
18 ငါဆင့်ဆိုသောဤအချက်ကို စိတ်နှလုံးသွင်းခြင်း၊ လက်တွင်လက္ခဏာသက်သေအဖြစ်၊ မျက်မှောင်ကြားတွင်သင်းကျစ်အဖြစ်၊ ဆောင်ထားခြင်း၊
19 အိမ်မှာထိုင်နေစဉ်၊ လမ်းေလှျာက်စဉ်၊ အိပ်ရာဝင်စဉ်၊ နိုးထစဉ်၊ ဆွေးနွေးလျက် သားသမီးတို့ အားသွန်သင်ခြင်း၊
20 ဝင်းအိမ်၊ တံခါးတိုင်များ၌ အက္ခရာတင်ခြင်းများကို ပြုကြလော့။
21 သို့မှမြေကြီးအထက်ကောင်းကင်နေ့ရက်တာရှည်သည့်နည်းတူ၊ သင်တို့နေ့ရက်တာနှင့် သားသမီးတို့နေ့ရက်တာသည် ပေးမည်ဟု ဘိုးဘေးတို့အား ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သော ပြည်တွင် ရှည်လျားလိမ့်မည်။
22 ငါဆင့်ဆိုသမျှသောဤပညတ်ကိုစောင့်ရှောက်ထိန်းသိမ်းလိုက်နာလျက်၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးလျက်၊ နည်းလမ်းတော်တိုင်း၌ လိုက်ေလှျာက်၍ ကိုယ်တော့်ထံ ဆည်းကပ်ကြလျှင်
23 ထိုလူမျိုးခြားတို့ကို သင်တို့ရှေ့၊ ထာဝရဘုရားနှင်ထုတ်တော်မူသည့်အလျောက်၊ သင်တို့ထက် ခွန်အားတန်ခိုးကြီးသောလူမျိုးများကို တိုက်ယူနိုင်ကြသဖြင့်
24 ခြေချရာအရပ်ရပ်ကိုပိုင်ယူလျက်၊ သဲကန္တာရမှလေဗနုန်တောင်အထိ၊ ဥဖရတ်မြစ်ကြီးမှ နောက် မျက်နှာပင်လယ်ကမ်းခြေအထိ၊ သင်တို့ပြည်ထောင်ဖြစ်လိမ့်မည်။
25 သင်တို့အတွက်ကြောင့် ကြောက်ရွံ့ထိတ်လန့်သောသဘောကို နင်းသမျှသောအရပ်ရပ်သို့၊ ကတိတော်အတိုင်းသင်တို့ဘုရားသခင်ထာဝရဘုရားပေးသွင်းတော်မူမည်ဖြစ်၍ မည်သူမျှသင်တို့ရှေ့ မခံမရပ်နိုင်ချေ။
26 သင်တို့ရှေ့ယနေ့ငါထားသောမင်္ဂလာ အမင်္ဂလာနှစ်ပါးကား၊
27 ယခုငါဆင့်ဆိုသော သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်များကို လိုက်နာကြလျှင်၊ မင်္ဂလာတည်း။
28 သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်များကို မလိုက်မနာဘဲ ယနေ့ငါမိန့်မှာသော လမ်းမှလွှဲသွား၍၊ မသိဘူးသောအခြားဘုရားများနောက်သို့ လျှောက်လိုက်ကြလျှင်၊ အမင်္ဂလာတည်း။
29-30 သင်တို့ဝင်ရောက်ပိုင်ယူမည့်ပြည်သို့ သင်တို့ဘုရားသခင်ထာဝရဘုရားဆောင်သွင်းတော်မူသည့်ကာလ၊ ယော်ဒန်မြစ်အနောက်ဘက်၊ အရာဗာချိုင့်တွင်နေထိုင်ကြသူခါနာန်လူမျိုး၏ ပြည် အတွင်း၊ နေဝင်ရာအရပ်ရှိ လမ်းအနောက်ဘက်၊ မောရေညန်မြိုင်အနီး၊ ဂိလဂါလမြို့ရင်ဆိုင်နေသော ဂေရဇိမ်တောင်ပေါ်၌ မင်္ဂလာကိုလည်းေကာင်း၊ ဧဗလတောင်ပေါ်၌အမင်္ဂလာကိုလည်းေကာင်း၊ တင်ထားကြလော့။
31 အသို့ဆိုသော်၊ သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ကို ဝင်ရောက်ပိုင် ယူရန် ယော်ဒန်မြစ်ကိုကူးချီမည်ပြုကြသည့်အလျောက်၊ ပိုင်ယူနေထိုင်ရကြမည်။
32 သင်တို့ရှေ့၊ ယနေ့ငါထားသမျှသောထုံးဖွဲ့ဆုံးဖြတ်ချက်များကို စောင့်ရှောက်လိုက်နာကြလော့။