4
1 သို့နှင့်အညီငါတို့သည် ကရုဏာတော်ကိုခံစားရသည့်အလျောက် ထိုဝတ်ဆောင်ခွင့်ရကြသဖြင့် တွန့်ဆုတ်ခြင်းကင်းလျက်၊
2 ရှက်ဖွယ်ရာလျှို့ဝှက်မှုများကိုစွန့်ပယ်ပြီးလျှင် စဉ်းလဲစွာကျင်လည်ခြင်း၊ ဘုရားသခင့်တရားတော်ကိုရောစပ်ခြင်းမပြုဘဲ သမ္မာတရားတော်ကိုေဖာ်ပြခွင့်အားဖြင့်သာ ဘုရားသခင့်မျက်မှောက်တော်တွင် လူတိုင်း၏သြတ္တပ္ပစိတ်ရှေ့ ကိုယ်ကိုထောက်ခံကြ၏။
3 အကယ်၍ ငါတို့ကြားပြောချက်ပုန်းကွယ်လျှင် မယုံကြည်၍ပျက်စီးရာရောက်လျက်နေသူ၊
4 ဘုရားသခင့် ပုံသဏ္ဌာန်တည်းဟူသော ခရစ်တော်၏ဘုန်းတော်ဆိုင်ရာ သတင်းတော်မြတ်ရောင်ခြည်မထွန်းတောက်စေရန် ယခုေခတ်ဘုရားကြောင့် မနောစက္ခုကန်းပြီးသူတို့၌သာ ပုန်းကွယ်လျက်ရှိ၏။
5-6 မုချအားဖြင့် မှောင်ကျရာမှအလင်းတောက်စေဟု မိန့်တော်မူခဲ့သောဘုရားသခင်ကား ခရစ်တော်၏မျက်နှာတော်ရှိ ဘုရားသခင့်ဘုန်းတော်ဆိုင်ရာ အသိပညာရောင်ခြည်ဖြင့်ထွန်းလင်းကြစေရန် ငါတို့စိတ်နှလုံးတွင်တောက်သောအရှင်ဖြစ်တော်မူသောကြောင့် ယေရှုအတွက်သင်တို့ကျွန်မျှသာဖြစ်သော ငါတို့သည် ကိုယ့်အကြောင်းမဟုတ်၊ ခရစ်တော်ယေရှုအရှင်ဘုရားအကြောင်း ကြော်ငြာကြ၏။
7 သို့ရာတွင် လွန်ကဲသောထိုတန်ခိုးတော်သည် ငါတို့မှမဟုတ်၊ ဘုရားသခင်ပိုင်ရာတော်ဖြစ်ကြောင်း ထင်ရှားစေရန် ဆိုခဲ့သည့်ဘဏ္ဍာတည်ရှိသောငါတို့သည် မြေအိုးသဖွယ်ဖြစ်ကြ၏။
8 ငါတို့သည် အဖက်ဖက်ကဖိစီးခံရသော်လည်း ကျဉ်းမြောင်းသည်မဟုတ်။ ရှုပ်ထွေးရသော်လည်းစိတ်ပျက်သည်မဟုတ်။ ညှဉ်းပန်းခံရသော်လည်း ခိုရာမဲ့မဟုတ်။
9 ခုတ်လှဲခံရသော်လည်း ပျက်စီးသည်မဟုတ်ဘဲလျက်၊
10 ငါတို့ကိုယ်ခန္ဓာတွင် ယေရှု၏အသက်ရှင်တော်မူခြင်းထင်ရှားစေရန် ယေရှု၏ အသေခံတော်မူခြင်းကို ကိုယ်ခန္ဓာတွင်အစဉ်တင်ဆောင်လျက် နေရကြ၏။
11 မုချအားဖြင့် ငါတို့အနိစ္စခန္ဓာများတွင် ယေရှု၏အသက်ရှင်တော်မူခြင်းထင်ရှားစေရန် ရှင်လျက်နေသောငါတို့သည် ယေရှုအတွက်သေဒဏ်သို့အစဉ်ပို့အပ်ခံရကြသည့်အလျောက်၊
12 သင်တို့သည် ရှင်တော်မူခြင်းအကျိုးဆက်ခံစားကြရာ ငါတို့သည်သေတော်မူခြင်းအကျိုးဆက်ကို ခံရကြလေစွ။
13-14 သို့ရာတွင် အရှင်ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူသောကိုယ်တော်သည် ငါတို့ကိုလည်း ယေရှုအလိုက်ထမြောက်စေလျက် သင်တို့နှင့်တကွဆက်သွင်းတော်မူမည့်အကြောင်းသိကြသည့်အလျောက် ယုံကြည်ပြီးဖြစ်၍ငါကြားပြောခဲ့သည်ဟူသောကျမ်းချက်အရ ငါတို့လည်းထိုသို့သောယုံကြည်ခြင်းစိတ်ရှိသဖြင့် ယုံကြည်၍ကြားပြောကြ၏။
15 သို့ဖြစ်၍ ကျေးဇူးတော်တိုးပွားသည့်အလျောက် အများတို့ကြွယ်ဝစွာချီးမွမ်းကြသဖြင့် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေအံ့သောငှာ အရာရာကိုသင်တို့အဖို့ပြုကြသတည်း။
16 သို့နှင့်အညီငါတို့သည် တွန့်ဆုတ်ခြင်းကင်းလျက် ဗဟိဒ္ဓလူပျက်ယွင်းသော်လည်း အဇ္စုတ္တလူကား တစ်နေ့ထက်တစ်နေ့ပြုပြင်ခံလျက်ရှိ၏။
17-18 အနိစ္စတည်လျက် မျက်မှောက်ရှိရာများကိုမဟုတ်။ နိစ္စတည်လျက် မျက်မှောက်မရှိရာများကိုသာ ထောက်ရှုကြသောငါတို့၌ ပေါ့ဆသောဇင်္ဂမဒုက္ခသည် ကဲလွန်ထူးမြတ်ကြီးလေးသော ထာဝရဘုရားဘုန်းအသရေအကျိုးကို ဖြစ်ထွန်းစေသတည်း။