11
1-3 အနည်းငယ်ဉာဏ်မဲ့ရာ၌ ငါ့ကိုသည်းခံစေလို၏။ ငါသည်သင်တို့ကိုအခြားမဟုတ်၊ ခရစ်တော်တည်းဟူသောခင်ပွန်းအား စင်ကြယ်သောသမီးကညာအဖြစ်ဆက်သရန် မှန်းထားခဲ့သည်နှင့် ဘုရားသခင့်သဘောတော်အလိုက် မရှုစိတ်သောသဘောရှိ၍ ဧဝကိုစဉ်းလဲခြင်းအားဖြင့် မြွေလှည့်စားသကဲ့သို့ ခရစ်တော့်ဘက်၌ သင်တို့ရိုးဖြောင့်စင်ကြယ်သောသဘောဖောက်ပြန်မည်ဟုငါစိုးသောကြောင့် သည်းခံကြဦး။ ငါတို့မဟောသောတပါးယေရှုအကြောင်း အခြားသူလာရောက်ဟောပြောသဖြင့် သင်တို့သည်ခံရင်းမဟုတ်သော တပါးဝိညာဉ်ကိုသော်လည်းေကာင်း၊ နာယူရင်းမဟုတ်သောတပါးသတင်းကိုသော်လည်းေကာင်း ခံယူလျှင် သည်းခံခြင်းကောင်းလေစွတကား။ ငါသည်ထူးချွန်သောတမန်တော်တို့အောက် အနည်းငယ်မျှနိမ့်သည်ဟု မထင်မမှတ်။ အဟောအပြောညံ့သော်လည်း အသိပညာမညံ့။ အရာရာကိုသင်တို့ဘောင်တွင် သူခပ်သိမ်းအားအထင်အရှားဖော်ပြခဲ့ပြီ။ ငါသည်ဘုရားသခင့်သတင်းတော်မြတ်ကို အခမဲ့ကြားပြောလျက် သင်တို့ကိုချီးမြှောက်ရန် ကိုယ်ကိုနှိမ့်ချသည်မှာ ပြစ်မှားသလော။ ငါသည် သင်တို့ထံအမှုတော်ဆောင်ရအံ့သောငှာ အနုကြမ်းသဖွယ်အခြားအသင်းတော်တို့မှ စရိတ်ခံယူလျက်၊ သင်တို့ဘောင်တွင် ဆင်းရဲရောက်သောအခါပင် မည်သူ့ကိုမျှမဖိစီးဘဲ ငါ့အလိုကိုမာကေဒေါနိပြည်မှ ရောက်သောညီအစ်ကိုတို့ ဖြည့်ကြ၏။ သင်တို့၌ဝန်မလေးစေခြင်းငှာ အရာရာတွင် ကိုယ်ကိုစောင့်စည်းခဲ့သည့်နည်းတူ ရှေ့သို့လည်းစောင့်စည်းဦးမည်။ 10 ငါ၌ခရစ်တော်၏သစ္စာတော်တည်ရှိသည့်အတိုင်း အခါယပြည်နယ်များတွင်ကားထိုသို့ဂုဏ်တင်ခွင့်ကို မည်သူမျှကန့်ကွက်ရမည်မဟုတ်။ 11 မည်သည့်အကြောင်းကြောင့်နည်း။ သင်တို့ကိုငါမချစ်သောကြောင့်လော။ ဘုရားသခင်သိတော်မူ၏။ 12 သို့ရာတွင် ငါတို့နှင့်တူမျှသည်ဟု ကိုယ်ကိုဂုဏ်တင်လိုသူတို့၏ ဂုဏ်တင်ရာဂုဏ်တင်ကြောင်းကင်းစေမည့်အကြံနှင့် ငါသည်ယခုပြုသည့်အတိုင်း ဆက်လက်ပြုဦးမည်။ 13 ထိုသို့သောသူတို့သည် ခရစ်တော်၏တမန်တော်ယောင်ဆောင်လျက်ပင် ပရိယာယ်ပြုကျင့်သောမိစ္ဆာ တမန်များဖြစ်ကြ၏။ 14 ထိုသို့ဖြစ်ကြသည်မှာ အံ့သြဖွယ်မဟုတ်။ စာတန်ပင် အလင်းစေတမန်တော်ယောင်ဆောင်တတ်သည်ဖြစ်၍ ချင်းအမှုဆောင်တို့သည်၊ 15 ဖြောင့်မတ်ခြင်းတရား၏ အမှုဆောင်များအယောင်ဆောင်ကြလျှင် ထူးသည်မဟုတ်။ ချင်းတို့အဆုံးသည် ချင်းတို့အမှုများအလိုက်ဖြစ်လိမ့်မည်။
16 မည်သူမျှငါ့ကိုဉာဏ်မဲ့သူဟု မထင်စေမည့်အကြောင်း ငါထပ်ဆို၏။ အကယ်၍ထင်က အနည်းငယ်ဂုဏ်တင်ရစေရန် ဉာဏ်မဲ့သူအမှတ်နှင့်လက်ခံကြလော့။ 17 ယခုပြောမည့်စကားကို အရှင်ဘုရားအမိန့်တော်နှင့်မဟုတ်။ ထိုသို့စိတ်ချစွာဂုဏ်တင်လျက် ဉာဏ်မဲ့သူအနေနှင့်ပြောဆိုမည်။ 18 အများတို့က ရုပ်ခန္ဓာအလျောက်ဂုဏ်တင်ကြသည်ဖြစ်၍ ငါလည်းဂုဏ်တင်ဦးအံ့။ 19 ဉာဏ်ကောင်းသောသင်တို့သည် ဉာဏ်မဲ့သူများကိုရွှင်လန်းစွာသည်းခံကြရာတွင်၊ 20 သင်တို့ကိုစေစားခြင်း၊ သုံးစားခြင်း၊ ကျော့ဖမ်းခြင်း၊ စော်ကားခြင်း၊ မျက်နှာဖျက်ခြင်းကို တစ်ဦးဦးပြုလျှင် သည်းခံ၍နေကြလေစွတကား။ 21 ငါတို့သည်ထိုသို့မတတ်နိုင်ကြောင်း အရှက်နှင့်ဝန်ခံ၏။ သို့ရာတွင် ဉာဏ်မဲ့သူအနေနှင့်ငါဆိုရလျှင် မည်သည့်အရာ၌မဆို သူတစ်ထူးရဲဝံ့က ငါလည်းရဲဝံ့၏။ 22 ထိုသူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော၊ ငါလည်းဖြစ်၏။ ဣေရလအမျိုးသားဖြစ်ကြသလော၊ ငါလည်းဖြစ်၏။ အာဗြဟံ၏အဆက်အနွယ်ဖြစ်ကြသလော၊ ငါလည်းဖြစ်၏။ 23 ခရစ်တော်၏ အမှုတော်ဆောင်များဖြစ်ကြသေလာ။ သူရူးအနေနှင့်ဆိုရလျှင် ငါသည်များပြားစွာပင်ပန်းခြင်း၊ များပြားစွာထောင်ကျခြင်း၊ အတိုင်းထက်ရိုက်ဒဏ်ခတ်ခြင်း၊ ကြိမ်ဖန်များစွာသေဘေးသင့်ခြင်း ခံရသည်နှင့်သာ၍ဖြစ်၏။ 24 ယုဒလူမျိုးတို့ထံ ရိုက်ဒဏ်လေးဆယ်တစ်ချက်ယုတ် ငါးကြိမ်၊ 25 ရာဇကြိမ်ဒဏ်သုံးကြိမ်၊ ခဲပစ်ဒဏ်တစ်ကြိမ်ခံရသည့်ပြင် သင်္ဘောပျက်ခြင်းသုံးကြိမ်နှင့် တစ်နေ့တစ်ညဉ့်ပတ်လုံး နစ်မွန်းခြင်းကိုခံရ၏။ 26 ခရီးများသဖြင့် မြစ်ချောင်းဘေး၊ ဓားပြဘေး၊ အမျိုးသားခြင်းတို့ဘေး၊ လူမျိုးခြားတို့ဘေး၊ မြို့ရွာဘေး၊ တောအရပ်ဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုယောင်ဆောင်သူတို့ဘေးများနှင့် တွေ့ကြုံရ၏။ 27 ကြိုးပန်းလုပ်ကိုင်ခြင်း၊ အကြိမ်ကြိမ်အအိပ်ဖျက်ခြင်း၊ အစားအ​ေသာက်မဲ့ခြင်း၊ အကြိမ်ကြိမ်အစားဖျက်ခြင်း၊ ချမ်းအေးခြင်း၊ အဝတ်မဲ့ခြင်းများကို ခံရ၏။ 28 ၎င်းပြင် အခြားဒုက္ခကိုမဆိုဘဲ အသင်းတော်ရှိသမျှအတွက်ကြောင့်ကြခြင်းသည် နေ့စဉ်ငါ့ကိုဖိစီးလေ၏။ 29 မည်သူအားနည်း၍ ငါအားမနည်းရသနည်း။ မည်သူတိုက်လှဲ၍ ငါမပူပန်ရသနည်း။ 30 ငါသည်ဂုဏ်မတင်ဘဲနေရလျှင် ငါ၏အားနည်းခြင်းများအကြောင်းကြောင့် ဂုဏ်တင်မည်။ 31 ငါမုသာမသုံးသည်ကို ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူသောအရှင်ယေရှု၏ ခမည်းတော်ဘုရားသခင်သိတော်မူ၏။ 32 ဒမာသက်မြို့တွင် အရေတဘုရင်မင်းလက်အောက်မြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အစောင့်ထားရာ၊ 33 မြို့ရိုးအထက်ပြူတင်းပေါက်မှ တောင်းနှင့်လျှောချကြသဖြင့် မြို့ဝန်လက်မှငါလွတ်ခဲ့ရ၏။