7
ပရောဟိတ်မင်းကလည်း ထိုအကြောင်းအရာများ ဟုတ်မှန်သလောဟုမေးသည့်ကာလ၊ သတေဖန်က အချင်းညီအစ်ကို၊ အဘတို့၊ ကြားနာကြကုန်၊ ငါတို့အဘအာဗြဟံသည် ခါရန်မြို့တွင်မနေမထိုင်မီ မေ​ေသာပေါတာမိပြည်၌ရှိနေစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်ထင်ရှားလျက်၊ သင်၏ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ဘောင်မှထွက်၍ ငါပြလတ္တံ့သောပြည်သို့သွားလော့ဟု ဗျာဒိတ်တော်ရှိသော်၊ ခါလဒဲတိုင်းပြည်မှ ထွက်ပြီးလျှင်ခါရန်မြို့တွင်နေထိုင်၏။ ထိုနောက် အဘသေလွန်သည့်အခါ ထိုအရပ်မှ ယခုသင်တို့နေထိုင်ကြသောဤပြည်သို့ ဘုရားသခင်ရွှေ့ပြောင်းစေတော်မူရာ၊ ဖဝါးချရာကိုမျှပိုင်စေတော်မမူသော်လည်း သားမရှိမီကပင် ဤပြည်ကိုသူမှစ၍အဆက်အနွယ်တို့အား အပိုင်ပေးမည်ဟု ကတိထားတော်မူ၏။ ဘုရားသခင်ကလည်း အာဗြဟံ၏အမျိုးအနွယ်သည် နိုင်ငံခြားတွင်ဝင်နေလျက်၊ နှစ်ပေါင်းလေးရာပတ်လုံး ကျွန်အဖြစ်နှိပ်စက်ခြင်းခံရကြမည်ဟူ၍လည်းေကာင်း၊ ကျွန်စေစားသောလူမျိုးကို ငါဒဏ်စီရင်ပြီးနောက်သူတို့သည်ထွက်လွတ်၍ ဤဌာနတွင် ငါ့အားဝတ်ပြုရကြမည်ဟူ၍လည်းေကာင်း ဗျာဒိတ်ပေးသည့်ပြင်၊ လှီးဖြတ်ခြင်းဆိုင်ရာပဋိညာဉ်ကိုပေးတော်မူ၏။ သို့နှင့်အညီ အာဗြဟံသည်ဣဇက်ကိုရ၍ ရှစ်ရက်လည်သောနေ့တွင် လှီးဖြတ်ခြင်းမင်္ဂလာပေးလေ၏။ ဣဇက်သည် ယာကုပ်ကိုလည်းေကာင်း၊ ယာကုပ်သည် အမျိုးအဘတစ်ဆယ့်နှစ်ပါးကိုလည်းေကာင်း ရ၏။ ထိုအမျိုးအဘတို့သည် ယောသပ်ကိုငြူစူ၍ အိဂျစ်ပြည်သို့ရောင်းစားလိုက်ကြရာ၊ 10 ဘုရားသခင်သည် သူနှင့်အတူရှိလျက် ခံရသောဆင်းရဲဒုက္ခအမျိုးမျိုးမှ ကယ်နုတ်ပြီးလျှင် အိဂျစ်ပြည့်ရှင်ဖာရောမင်းရှေ့မျက်နှာသာရစေ၍ ဉာဏ်ပညာကိုသနားတော်မူသဖြင့် ထိုမင်းသည် အိဂျစ်ပြည်ပေါ်တွင် နန်းတော်ပါဘုရင်ခံခန့်ထားလေ၏။ 11 အိဂျစ်ပြည်နှင့် ခါနာန်ပြည်တစ်ဝှမ်းလုံးတွင် အစာခေါင်းပါးခြင်း၊ ကြီးစွာသောဒုက္ခဆင်းရဲခြင်း သင့်ရောက်ရာ၊ 12 အမျိုးအဘတို့၌ စားနပ်ရိက္ခာမရှိကြ၍ အိဂျစ်ပြည်တွင်စပါးရှိကြောင်းယာကုပ်ကြားသော် ပထမအကြိမ် ငါတို့ဘိုးဘေးများကိုစေလွှတ်ပြီးနောက်၊ 13 ဒုတိယအကြိမ်ယောသပ်သည် ညီအစ်ကိုတို့အားကိုယ်ကိုသိစေသဖြင့် ယောသပ်၏အမျိုးဇာတိကို ဖာရောမင်းသိမြင်၏။ 14 ထိုအခါယောသပ်သည် အဘယာကုပ်နှင့်တကွအမျိုးသားချင်းရှိသမျှ လူဦးရေခုနစ်ဆယ့်ငါးယောက်ကို ခေါ်စေသည့်အတိုင်း၊ 15 အိဂျစ်ပြည်သို့ယာကုပ်ရောက်ပြီးနောက် ထိုပြည်တွင်သူမှစ၍ငါတို့ဘိုးဘေးများ သေလွန်ကြသည့်ကာလ၊ 16 အလောင်းများကို ရှေခင်မြို့တွင်ဟာမော်၏အမျိုးသားတို့ထံ တန်ဖိုးနှင့် အာဗြဟံဝယ်ခဲ့သောသင်္ချၖိုင်းဂူသို့ ပို့သွင်းကြ၏။ 17-18 အာဗြဟံအား ဘုရားသခင်ထားတော်မူခဲ့သောကတိတော်အချိန်နီးသော် ယောသပ်ကိုမသိသော ဘုရင်တစ်ပါးမပေါ်မီ အိဂျစ်ပြည်တွင်လူမျိုးတော်ပေါက်ပွားများပြားသဖြင့်၊ 19 ထိုဘုရင်သည်လိမ္မာစွာပြုမူ၍ သူငယ်တို့ကိုအသက်မရှည်အောင် ပစ်ထားကြစေရန်၊ ငါတို့ဘိုးဘေးများကို ညှဉ်းပန်းလေ၏။ 20 ထိုကာလ အလွန်အဆင်းလှသောမောရှေကိုဖွားမြင်ရာ အဘအိမ်တွင်သုံးလတိုင်တိုင်မွေးမြူပြီးမှ ပစ်ထားရသော်၊ 21 ဖာရောမင်း၏သမီးတော်ယူ၍ သားအဖြစ်မွေးမြူသဖြင့်၊ 22 မောရှေသည်အိဂျစ်ပြည်အတတ်ဟူသမျှကို သင်ကြားလျက် နှုတ်သတ္တိ၊ လက်သတ္တိနှင့်ပြည့်စုံသူဖြစ်၏။ 23 အသက်လေးဆယ်ရှိသော် ညီအစ်ကိုချင်းဖြစ်သောဣသရေလအမျိုးသားတို့ထံ ကြည့်ရှုလိုသောအကြံနှင့် သွားပြီးလျှင်၊ 24 မတရားသဖြင့် ခံရသူတစ်ယောက်ကိုတွေ့မြင်ရာကွယ်ကာ၍ နှိပ်စက်သူအိဂျစ်ပြည်သားကို လက်စားချေလျက် ရိုက်သတ်လေ၏။ 25 ကိုယ့်လက်ဖြင့်ဘေးလွတ်ခွင့်ကို ဘုရားသခင်သနားတော်မူကြောင်းဆွေမျိုးသားချင်းတို့ နားလည်ကြမည်ဟု မောရှေအောက်မေ့သော်လည်း နားမလည်ကြသည်နှင့်၊ 26 နောက်နေ့၌ ခိုက်ရန်ဖြစ်လျက်နေသူတို့ရှိရာသို့ရောက်သော် အချင်းတို့၊ သင်တို့သည်ညီအစ်ကိုချင်းဖြစ်လျက် အဘယ်ကြောင့်တစ်ယောက်ကိုတစ်ယောက် မတရားသဖြင့် ပြုကြသနည်းဟုဖျန်ဖြေလို၍ ဆိုသည့်ကာလ၊ 27 အပေါင်းအဖော်ကိုမတရားသဖြင့် ပြုသူကငါတို့အပေါ်တွင်သင့်ကိုအုပ်ချုပ်သူအဖြစ်၊ တရားသူကြီးအဖြစ်၊ မည်သူခန့်ထားသနည်း။ 28 ယမန်နေ့က အိဂျစ်ပြည်သားကိုသတ်ပစ်သည့်နည်းတူ ငါ့ကိုလည်းသတ်လိုသလောဟုဆိုလျက် မောရှေကိုဖယ်လိုက်၏။ 29 ထိုစကားကိုကြားသော် မောရှေသည်ထွက်ပြေး၍ မိဒျန်ပြည်တွင်ခိုဝင်နေရာ သားနှစ်ယောက်ရ၏။ 30 နှစ်ပေါင်းလေးဆယ်ပြည့်သော် သိနာတောင်အနီးရှိသဲတော၌ မီးတောက်သောချုံတွင် စေတမန်တော်တစ်ပါးထင်ရှားသည်ကို၊ 31 မောရှေမြင်သည့်ကာလ အံသြလျက် ကြည့်ရှုရန်ချဉ်းကပ်ရာ၊ 32 ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ဘုရားဖြစ်သည်ဟု ထာဝရဘုရား၏ ဗျာဒိတ်တော်သံရောက်လာသဖြင့် တုန်လှုပ်လျက်မကြည့်ဝံ့ချေ။ 33 ထာဝရဘုရားကလည်း သင်ရပ်တန့်သောနေရာကား သန့်ရှင်းသောမြေဖြစ်သောကြောင့် ဖိနပ်ကိုချွတ်လော့။ 34 အိဂျစ်ပြည်တွင်ရှိသောငါ့လူမျိုး၏ ညှဉ်းပန်းခံရခြင်းကို ဒိဋ္ဌငါမြင်၍ မြည်တမ်းသံကိုလည်းကြားရသည့်အတွက် ကယ်လွှတ်ရန်ငါသက်ဆင်းပြီ။ ယခုပင်အိဂျစ်ပြည်သို့ သင့်ကိုငါစေလွှတ်မည်ဟုမိန့်တော်မူ၏။ 35 ချုံတွင်ထင်ရှားသောစေတမန်တော် ထက်ကြပ်နှင့်အုပ်ချုပ်သူ၊ ကယ်နုတ်သူအဖြစ်၊ ဘုရားသခင်စေလွှတ်တော်မူသောထိုမောရှေကား သင့်ကိုအုပ်ချုပ်သူတရားသူကြီးအဖြစ် မည်သူခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသူပင်တည်း။ 36 ထိုမောရှေလည်း အိဂျစ်ပြည်၌လည်းေကာင်း၊ ပင်လယ်နီ၌လည်းေကာင်း၊ သဲကန္တာရ၌လည်းေကာင်း၊ နှစ်ပေါင်းလေးဆယ်အတွင်း အံ့ဖွယ်ရာများ၊ နိမိတ်လက္ခဏာများကိုပြုမူပြသလျက် လူမျိုးတော်ကိုထုတ်ဆောင်သူ၊ 37 သင်တို့ဆွေမျိုးသားချင်းအနက် ပရောဖက်တစ်ပါးကို ငါကဲ့သို့ဘုရားသခင်ပေါ်ထွန်းစေတော်မူမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသူ၊ 38 သဲကန္တာရ၌ အစည်းအဝေးတော်ရှိစဉ် သိနာတောင်ပေါ်တွင်ဗျာဒိတ်ပေးသော စေတမန်တော်နှင့်လည်းေကာင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းေကာင်းသက်ဝင်လျက် အကျွန်ုပ်တို့အားဆင့်ဆိုရန် အသက်တည်ရာဗျာဒိတ်တော်များကိုခံရသူပင်တည်း။ 39 ဘိုးဘေးများတို့မှာမူ မလိုက်မနာလိုဘဲ ငြင်းပယ်လျက်၊ 40 အိဂျစ်ပြည်သို့ပြန်မည်ကြံစည်ကြ၏။ အာရုန်အားလည်း ငါတို့ရှေ့ကကြွသွားမည့်ဘုရားများကို လုပ်ပေးပါ။ ငါတို့ကိုအိဂျစ်ပြည်မှဆောင်ခဲ့သောမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကိုမသိပါဟုလျှောက်လျက်၊ 41 ထိုနေ့ရက်ကာလ နွားရုပ်ပုံကိုလုပ်၍ ပူဇော်သက္ကာသွင်းဆက်ပြီးလျှင် ကိုယ့်လက်ဖြစ်ကြောင့် ရွှင်လန်းကြ၏။ 42-43 သို့ဖြစ်၍အိုဣသရေလအမျိုးသားတို့၊ သဲကန္တာရ၌နေသောနှစ်ပေါင်းလေးဆယ်အတွင်း ယဇ်နှင့်ပူဇော်သက္ကာများကို ငါ့အားဆက်ကပ်ရကြသလော။ မောလုပ်နတ်စင်နှင့် ရေဖန်ဘုရား၏ ကြယ်တည်းဟူသော ရှိခိုးရန်ကိုယ်တိုင်ထုလုပ်ခဲ့ရာရုပ်ထုများကိုပင့်ဆောင်သူ သင်တို့ကိုဗာဗုလုန်မြို့လွန်အောင် ငါယူသွားမည်ဟု ပရောဖက်ကျမ်းတွင်ရေးထားသည့်အတိုင်း ဘုရားသခင်မျက်နှာတော်လွှဲပြီးလျှင် ကမ္ဘာ့တန်ဆာအား ဝတ်ပြုကြစေရန်အပ်လိုက်တော်မူ၏။ 44 ဘိုးဘေးတို့မှာ မြင်ခဲ့ရာပုံစံနှင့်အညီလုပ်ရမည်ဟု မောရှေအားမိန့်ဆိုစီမံတော်မူခဲ့သည့်အတိုင်း သက်သေတော်ရှိတဲတော်ကို သဲကန္တာရ၌ရကြသည့်ပြင်၊ 45 ၎င်းတို့ရှေ့က ဘုရားသခင်နှင်ထုတ်တော်မူသောလူမျိုးခြားတို့ကို ယောရှုနှင့်တကွတိုက်ယူကြသည့်ကာလ၊ ထိုတဲတော်ကိုဆောင်သွင်း၍ ဒါဝိဒ်မင်းလက်ထက်တိုင်ဆက်ခံရကြပြီးနောက်၊ 46 ဒါဝိဒ်မင်းသည် ဘုရားသခင်ရှေ့တော်တွင်မျက်နှာသာရ၍ ယာကုပ်လူမျိုး၏ဘုရားအဖို့ စံရာတော်တည်ဆောက်ခွင့်တောင်းလျှောက်သည့်အတိုင်း၊ 47 ရှောလမုန်မင်း တည်ဆောက်ရ၏။ 48-50 သို့ရာတွင်ထာဝရဘုရားက မိုးကောင်းကင်သည်ငါ့ပလ္လင်၊ မြေကြီးလည်းငါ့ခြေတင်ရာဖြစ်သည်နှင့် မည်သို့သောဗိမာန်ကို ငါ့အဖို့တည်ဆောက်ကြမည်နည်း။ မည်သို့သောနေရာ၌ ငါကိန်းဝပ်ရာကို ဖြစ်စေကြမည်နည်း။ ဤအရာခပ်သိမ်းကိုငါ့ လက်ဖြင့်ဖန်ဆင်းသည်မဟုတ်လော ဟူသောအမိန့်တော်ကို ပရောဖက်ဆင့်ဆိုသည့်အတိုင်း မြင့်မြတ်သောအရှင်သည် လက်လုပ်ဖြစ်သောဗိမာန်တွင်ကိန်းဝပ်တော်မူသည် မဟုတ်။ 51 စိတ်ခဲယဉ်း၍ နှလုံး၌လည်းေကာင်း၊ နား၌လည်းေကာင်း၊ လှီးဖြတ်ခြင်းမင်္ဂလာမဲ့သောအချင်းတို့၊ သင်တို့သည်ဘိုးဘေးများအလိုက် သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ခုခံကြသည်တကား။ 52-53 မည်သည့်ပရောဖက်ကိုမျှ ဘိုးဘေးများမညှဉ်းပန်းဘဲနေဘူးကြသနည်း။ ထိုသူတို့သည် ဖြောင့်မတ်သောအရှင်ပေါ်ထွန်းတော်မူမည့်အကြောင်း တင်ကူးဖော်ပြသူတို့ကို ကွပ်မျက်ကြသည့်နည်းတူ၊ စေတမန်တော်တို့ဆင့်ဆိုခဲ့သော ပညတ်တရားတော်ကိုခံရလျက် မစောင့်မရှောက်ဘဲနေသောသင်တို့လည်း ထိုအရှင်ကို ယခုပင်ပို့အပ်ကွပ်မျက်ကြလေစွတကားဟု ပြောဆိုလေ၏။
54 ထိုစကားကြောင့် သူတို့စိတ်နှလုံးထိခိုက်၍ အံကြိတ်ကြရာ၊ 55 သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက် ကောင်းကင်သို့မျှော်ကြည့်စဉ် ဘုရားသခင့်ဘုန်းတော်ကိုလည်းေကာင်း၊ ဘုရားသခင့်ညာဘက်တော်မှာ ယေရှုရပ်နေတော်မူသည်ကိုလည်းေကာင်းမြင်သဖြင့်၊ 56 ကောင်းကင်ပွင့်၍ ဘုရားသခင်ညာဘက်တော်မှာလူသားရပ်နေတော်မူသည်ကိုမြင် ပါသည်ဟုဆိုသည့်ကာလ၊ 57 ထိုသူတို့သည် ပြင်းစွာအော်ဟစ်လျက်၊ နားပိတ်လျက်၊ သတေဖန်ထံ တစ်ဟုန်တည်းပြေးဝင်၍၊ 58 မြို့ပြင်သို့ထုတ်ပြီးလျှင် ခဲနှင့်ပစ်ခတ်ကြသော် သက်သေတို့သည်ကိုယ့်အင်္ကျီများကို ရှောလုအမည်ရှိသောငယ်ရွယ်သူ၏ခြေရင်းတွင် ချထားကြ၏။ 59 ပစ်လျက်နေကြစဉ် သတေဖန်သည် အိုအရှင်ယေရှု၊ အကျွန်ုပ်ဝိညာဉ်ကိုလက်ခံတော်မူပါဟု ဟစ်ခေါ်တောင်းလျှောက်ပြီးလျှင် ဒူးထောက်လျက်၊ 60 အရှင်ဘုရား၊ ဤပြစ်ဝန်ကိုသူတို့အပေါ်တွင်တင်တော်မမူပါနှင့်ဟု ကျယ်သောအသံနှင့် ကြွေးကြော်ပြီးနောက် အိပ်ပျော်ရှာလေ၏။