6
1 ထိုကာလ တပည့်တော်များတိုးပွားလျက်ရှိစဉ် ဟေလနစ်ယုဒလူမျိုးတို့သည် နေ့တိုင်းလုပ်ကျွေးမှုတွင် ဆိုင်ရာမုဆိုးမတို့လစ်လပ်သည်ဟူ၍ ဟေဗြဲလူမျိုးရင်းတို့အပေါ်တွင် ညည်းညူကြသော်၊
2 တပည့်တော်ပရိသတ်ကိုခေါ်၍ တစ်ဆယ့်နှစ်ပါးတို့က ငါတို့သည်ဘုရားသခင့်တရားတော်ကို လှပ်ထားပြီးလျှင် လုပ်ကျွေးမှုကိုမဆောင်သင့်။
3 ထို့ကြောင့်ညီအစ်ကိုတို့၊ သင်တို့အနက် ဝိညာဉ်တော်နှင့်လည်းေကာင်း၊ ဉာဏ်နှင့်လည်းေကာင်းပြည့်စုံလျက်၊ အသရေကောင်းသူခုနစ်ယောက်ကို ရှာကြလော့။ ထိုအမှုဆောင်ရန်ခန့်ထားမည်။
4 ငါတို့မူကား ပဌနာမှု၊ တရားတော်ဟောပြောမှုများကို ဆောင်မြဲဆောင်လိမ့်မည်ဟု ပြောဆိုသောစကားကို၊
5 ပရိသတ်လုံးနှစ်သက်သဖြင့် ယုံကြည်ခြင်းနှင့်လည်းေကာင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းေကာင်း၊ ပြည့်သူသတေဖန်မှစ၍ ဖိလိပ္ပု၊ ပြော်ခေါ်ရု၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့သား ယုဒဘာသာဝင်သူနိကောလတို့ကို ရွေးကောက်၍၊
6 တမန်တော်တို့ရှေ့သွင်းထားကြသည့်အတိုင်း ပဌနာပြုပြီးလျှင် ထိုသူတို့အပေါ်တွင်လက်တင်ကြ၏။
7 ဘုရားသခင့်တရားတော်ထွန်းကားလျက် ယေရုရှလင်မြို့တွင် တပည့်တော်အရေအတွက် အလွန်တိုးတက်လျက် များစွာသောပရောဟိတ်တို့ပင် ယုံကြည်ခြင်းတရားတော်ကိုလိုက်နာကြ၏။
8 ထို့နောက်သတေဖန်သည် ကျေးဇူးတော်၊ တန်ခိုးတော်နှင့်ပြည့်လျက် ပြည်သူပြည်သားတို့တွင် ကြီးစွာသောအံ့ဖွယ်ရာများ၊ နိမိတ်လက္ခဏာများကို ပြုမူပြသလေ၏။
9 ထိုအခါ လူလွတ်များဟုတွင်သော အသင်းသားတို့မှစ၍ ကုရေနေနှင့် အာလေဇန္ဒြိယမြို့သား၊ ကိလိကိနှင့် အာရှိပြည်သားအချို့သည်ထရပ်၍ သတေဖန်နှင့်ငြင်းခုံကြရာ၊
10 သတေဖန်ဟောပြောစဉ် အမှီပြုသောဉာဏ်နှင့်ဝိညာဉ်တော်ကို မရပ်မခံနိုင်ကြသဖြင့်၊
11 ဤသူသည် မောရှေနှင့်ဘုရားသခင်အား ပုတ်ခတ်ပြောဆိုသည်ကို ကျွန်ုပ်တို့ကြားပါသည်ဟုပြောစေရန်၊ လူတို့ကိုတိုက်တွန်း၍၊
12 ပြည်သူပြည်သားလူကြီးနှင့် ကျမ်းတတ်ဆရာတို့ကိုထကြွစေပြီးလျှင်၊ သတေဖန်ကိုလာရောက်ဖမ်းဆီးလျက် လွှတ်တော်သို့ခေါ်သွင်းကြ၏။
13 မုသာသက်သေများကိုလည်းထည့်၍ ထိုသူသည်သန့်ရှင်းရာဌာနတော်နှင့် ပညတ်တရားတော်ကိုရှုတ်ချလျက် မပြတ်ပြောဆိုပါသည်။
14 နာဇရက်မြို့သားယေရှုဆိုသူသည် ဤဌာနတော်ကိုဖြိုဖျက်၍ မောရှေအပ်ပေးသော ထုံးနည်းများကိုလွှဲပြောင်းလိမ့်မည်ဟူသောစကားကို ကျွန်ုပ်တို့ကြားပါသည်ဟု ပြောစေ၏။
15 ထိုအခါ လွှတ်တော်တွင်ထိုင်နေသူအပေါင်းတို့သည် သတေဖန်ကိုစိုက်ကြည့်ကြသော် စေတမန်တော်၏ မျက်နှာနှင့်တူသော မျက်နှာရှိသည်ကိုမြင်ကြ၏။