28
ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလအမျိုးကို စစ်တိုက်အံ့သောငှာ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့်လိုက်၍ စစ်တိုက်သွားရမည်ကို ဆက်ဆက်သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်ထားမည်ဟုပြန်ပြော၏။
နတ်​ဝင်​သည်​မ​နှင့်​ရှော​လု
ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။Ref ၂၈:၃။ ၁ရာ ၂၅:၁။ ဝတ်၊ ၁၀:၂၇။ တရား၊ ၁၈:၁၀-၁၁။ ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မူ။Ref ၂၈:၆။ တော ၂၇:၂၁။
ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ 10 ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ 11 မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။ 12 မိန်းမသည် ရှမွေလကိုမြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊ 13 ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။ 14 အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက်ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည်ရိပ်မိ၍ မြေပေါ်မှာ ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ 15 ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။ 16 ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ 17 ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။Ref ၂၈:၁၇။ ၁ရာ ၁၅:၂၈။ 18 အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ ပြင်းစွာသောအမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ရောက်စေတော်မူပြီ။Ref ၂၈:၁၈။ ၁ရာ ၁၅:၃-၉။ 19 ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ 20 ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပျပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့် တစ်ညလုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။ 21 ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။ 22 သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှာ စားတော်ခေါ်ပါဟု လျှောက်သော်လည်း၊ 23 ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။ 24 ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတစ်ကောင် ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်းယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊ 25 ရှောလုနှင့် ကျွန်များတို့ရှေ့၌ တင်လေ၏။ သူတို့သည်စား၍ ထိုညတွင် ထသွားကြ၏။