ဗျာဒိတ်ကျမ်း။
1
ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။- ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။- ကာလအချိန် ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
နှုတ်​ခွန်း​ဆက်​ခြင်း
ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနှစ်ပါး အထံကလည်းကောင်း၊-Ref ၁:၄။ ထွ ၃:၁၄။ ဗျာ၊ ၄:၅။ သစ္စာစောင့်သော သက်သေခံ ဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြော+ ၁း၅ "မိမိအသွေးနှင့် ငါတို့အပြစ်များကိုဆေးကြော---" အချို့ "-----အပြစ်များမှ ငါတို့ကိုလွတ်မြောက်စေ၍" တော်မူ၍၊-Ref ၁:၅။ ဟေရှာ ၅၅:၄။ ဆာ၊ ၈၉:၂၇။ မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။-Ref ၁:၇။ မ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏+ ၁း၈ "ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။---" အချို့ "ငါသည်အာလဖနှင့် သြမေဃ၊ အစနှင့် အဆုံးလည်းဖြစ်၏" ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။-Ref ၁:၈။ ဗျာ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခ​ရစ်​တော်​၏​ရူ​ပါ​ရုံ
ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံတော်မူခြင်းကိုလည်းကောင်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဖော်အဘက်၊ သင်တို့အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊- 10 သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာ အသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။- 11 မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။
12 ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊- 13 ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။-Ref ၁:၁၃။ ဒံ ၇:၁၃၊ ၁၀:၅။ 14 ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုးပွင့်ကဲ့သို့လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။-Ref ၁:၁၄-၁၅။ ဒံ ၇:၉၊ ၁၀:၆။ 15 ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။-Ref ၁:၁၅။ ယေဇ ၁:၂၄၊ ၄၃:၂။ 16 လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ ဖြစ်၏။
17 ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။-Ref ၁:၁၇။ ဟေရှာ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18 အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။- 19 ထိုကြောင့်၊ သင်သည် မြင်ပြီးသော အရာတို့ကိုလည်းကောင်း၊ ယခုရှိသော အရာတို့ကိုလည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော အရာတို့ကိုလည်းကောင်း ရေးထားလော့။- 20 ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။