4
အာဗြဟံ၏စံနမူနာ
1 ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။-+ ၄း၁ ငါတို့အဘအာဗြဟံသည် ---အဘယ်အကျိုးကိုရသနည်း။ မူရင်း "---ငါတို့ဘိုးဘေးဖြစ်သော အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသည်ဟု ငါတို့ပြောမည်နည်း"
2 အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။-
3 ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။-Ref ၄:၁၃။ က ၁၅:၆။ ဂလ၊ ၃:၆။
4 အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။-
5 အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။-
6 ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊-
7 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။-
8 ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။Ref ၄:၇-၈။ ဆာ ၃၂:၁-၂။
9 အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။-
10 ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။-
11 အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊-Ref ၄:၁၁။ က ၁၇:၁၀။
12 ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
ယုံကြည်ခြင်းအားဖြင့်ကတိတော် ခံစားရခြင်း
13 ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။-Ref ၄:၁၃။ က ၁၇:၄-၆၊ ၂၂:၁၇-၁၈။ ဂလ၊ ၃:၂၉။
14 အကြောင်းမူကား၊ ပညတ်တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ကတိတော်လည်း အချည်းနှီးဖြစ်၏။-Ref ၄:၁၄။ ဂလ ၃:၁၈။
15 ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။-
16 ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။-Ref ၄:၁၆။ ဂလ ၃:၇။
17 ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။-Ref ၄:၁၇။ က ၁၇:၅။
18 သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။-Ref ၄:၁၈။ က ၁၅:၅။
19 ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊+ ၄း၁၉ "---မိမိကိုယ်သည် အသေကဲ့သို့ရှိကြောင်းကိုလည်းကောင်း၊--" အချို့ "----သေပြီးသားကဲ့သို့---" မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊-Ref ၄:၁၉။ က ၁၇:၁၇။
20 ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊-
21 ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။-
22 ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
23 ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။-
24 ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။-
25 ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။Ref ၄:၂၅။ ဟေရှာ ၅၃:၄-၅။