11
ဘုရားသခင်၏ကရုဏာတော်
1 သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟု မေးသော်၊ ပယ်တော်မမူဟု ဆိုရ၏။ ငါပင် ဣသရေလလူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။-Ref ၁၁:၁။ ဖိ ၃:၅။
2 ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အို ထာဝရဘုရား၊-
3 သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတစ်ဖက်၌ လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသောအကြောင်းကို သင်တို့သည် မသိကြသလော။-Ref ၁၁:၃။ ၃ရာ ၁၉:၁၀၊ ၁၄။
4 ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ်ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။-Ref ၁၁:၄။ ၃ရာ ၁၉:၁၈။
5 ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန်ရှိသေး၏။-
6 ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ၊ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့် ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ၊ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။-+ ၁၁း၆ ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။ အချို့ရှေးလက်ရေးမူတွင် "---- ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်" မပါ
7 သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။-
8 ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘော+ ၁၁း၈ အိပ်ချင်သောသဘော ထိုင်းမှိုင်းသောသဘော (၁၉၃၃ ခုနှစ်ထုတ် မြန်မာသမ္မာကျမ်းစာ) ကိုလည်းကောင်း၊ မမြင်နိုင်သော မျက်စိကိုလည်းကောင်း၊ မကြားနိုင်သော နားကိုလည်းကောင်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့တိုင်အောင် ပြည့်စုံသတည်း။-Ref ၁၁:၈။ တရား ၂၉:၄။ ဟေရှာ၊ ၂၉:၁၀။
9 ဒါဝိဒ်၏စကား ဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်လည်းကောင်း၊ ဂျမ်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ ခံထိုက်သော အပြစ်သော်လည်းကောင်း ဖြစ်ပါစေ။-Ref ၁၁:၉-၁၀။ ဆာ ၆၉:၂၂-၂၃။
10 သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာသတည်း။
11 သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တစ်ပါးအမျိုးသားတို့၌ သက်ရောက်လေ၏။-
12 သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုလည်းကောင်း၊ သူတို့၏ရှုံးခြင်းအရာသည် တစ်ပါးအမျိုးသားတို့၏ စီးပွားကိုလည်းကောင်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော။
လူမျိုးခြားတို့အတွက်ကယ်တင်ခြင်း
13 ထိုသို့ဆိုသော်၊-
14 ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။-
15 ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိတ်သဟာယဖွဲ့ခြင်းအကြောင်းဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။-
16 အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တစ်ပုံလုံး သန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။-
17 အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့်အတူ သံလွင်ပင်အမြစ်ကိုလည်းကောင်း၊ အဆီဩဇာကိုလည်းကောင်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။-
18 ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။-
19 ငါ့ကိုဆက်၍စိုက်ခြင်းငှာ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။-
20 မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကို ချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်းစိတ် ရှိစေလော့။-
21 အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။-
22 သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကိုလည်းကောင်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကို ခံရမည်။-
23 သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တစ်ဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန်ဆက်၍ စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။-
24 အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
ဣသရေလတို့အတွက်ကယ်တင်ခြင်း
25 ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ် မရှိစေမည်အကြောင်း၊ တစ်ပါးအမျိုးသားအပေါင်းတို့သည် မဝင်မီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်း ဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။-
26 ထိုသို့ ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတ္တံ့၊-Ref ၁၁:၂၆။ ဟေရှာ ၅၉:၂၀-၂၁။
27 သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း။-Ref ၁၁:၂၇။ ယေ ၃၁း၃၃-၃၄။ ဟေရှာ၊ ၂၇:၉။
28 သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။-
29 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊-
30 သင်တို့သည် အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်းကို ခံရသကဲ့သို့၊-
31 ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။-
32 ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှာ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
ဂုဏ်တော်ကိုချီးကျူးခြင်း
33 ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။-Ref ၁၁:၃၃။ ဟေရှာ ၅၅:၈။
34 ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။-Ref ၁၁:၃၄။ ဟေရှာ ၄၁:၁၃။
35 ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဖူးသနည်း။-Ref ၁၁:၃၅။ ယောဘ ၄၁:၁၁။
36 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အဖို့ အလိုငှာလည်းကောင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။