26
ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​
အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူမူကား။ ကောရဟိအမျိုး ဧဗျာသပ်အနွယ်၊ ကောရသား မေရှလေမိ၊ မေရှလေမိ၏သားဦး ဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယသား ဇေဗဒိ၊ စတုတ္ထသား ယာသနေလ၊ ပဥ္စမသား ဧလံ၊ ဆဋ္ဌမသား ယောဟနန်၊ သတ္တမသား ဧလဲဩနဲတည်း။ ဩဗဒေဒုံ၏သားဦး ရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဥ္စမသား နာသနေလ၊ ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင်သည် ကောင်းချီးပေးတော်မူ၏။Ref ၂၆:၄-၅။ ၂ရာ ၆:၁၁။ ၅ရာ၊ ၁၃:၁၄။ 6-7 သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသောညီ ဧလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး၌ အစိုးရသောသူဖြစ်ကြ၏။ အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။ ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တစ်ကျိပ်ရှစ်ယောက်တည်း။ 10 မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိသည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသောကြောင့် သားအကြီးဖြစ်သတည်း။ 11 ဒုတိယသားကား ဟိလခိ၊ တတိယသား တေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်းကား တစ်ကျိပ်သုံးယောက်တည်း။ 12 ဤရွေ့ကား ဘုရားသခင်၏အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှာ သင်းဖွဲ့သော ဝင်းတံခါးဝစောင့်အကြီးအကဲဖြစ်သတည်း။
13 ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှာ စာရေးတံပြုကြ၍၊ 14 အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။ 15 ဩဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကိုလည်းကောင်းရ၏။ 16 ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ ရှလ္လေခက်တံခါးကိုရ၍ တစ်ဖက်တစ်ချက်၌ စောင့်ရ၏။ 17 နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌ လေးယောက်၊ တောင်မျက်နှာ၌ လေးယောက်၊ အသုပိမ်ဘက်မှာ နှစ်ယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်၊ 18 အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။ 19 ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရအမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သောအသင်း အသီးအသီးပေတည်း။
ဗိ​မာန်​တော်​တွင်း​အ​ခြားတာ​ဝန်​များ
20 လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။ 21 အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊ 22 သူ၏သား ဇေသံ၊ ယောလတို့သည်လည်း ဘုရားသခင်၏အိမ်တော်ဘဏ္ဍာကို အုပ်ရ၏။ 23 အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးအချို့ ပါကြ၏။ 24 မောရှေသား ဂေရရှုံ၏သားရှေဗွေလသည်လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။ 25 ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသား ရေဟဗိ၊ သူ၏သား ယေရှာယ၊ သူ၏သား ယောရံ၊ သူ၏သား ဇိခရိ၊ သူ၏သား ရှေလောမိတ်တည်း။ 26 ထိုရှေလောမိတ်နှင့် သူ၏ညီတို့သည် ဒါဝိဒ်မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။ 27 ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှာ ပူဇော်တတ်ကြ၏။ 28 ပရောဖက်ရှမွေလ၊ ကိရှသား ရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​များ​
29 ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။ 30 ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။ 31 ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံလေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ်ပြည်ယာဇာမြို့၌ ခွန်အားကြီးသောသူရဲတို့ကို တွေ့၏။ 32 ယေရိယ၏ပေါက်ဖော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုးသူကြီး နှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ်မင်းကြီးခန့်ထားသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ကိုအုပ်စိုး၍ ဘုရားသခင်၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။