ဆာလံကျမ်း 120
ကူမတော်မူရန်ဆုတောင်း
1 အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင်တော်မူ၏။
2 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သော လျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။
3 အို လှည့်စားတတ်သောလျှာ၊ သင်သည် အဘယ်ကျေးဇူးရှိသနည်း။ အဘယ်အကျိုးကို ခံရသနည်း။
4 အားကြီးသောသူ၏ ထက်သောမြားကဲ့သို့လည်းကောင်း၊ ရသမ်သစ်သား မီးခဲကဲ့သို့လည်းကောင်း ဖြစ်၏။
5 ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌နေရသည်အရာမှာ အမင်္ဂလာရှိ၏။
6 ငြိမ်သက်ခြင်းကို မုန်းသောသူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
7 ငါသည် ငြိမ်သက်ခြင်းဘက်မှာ နေ၏။ ငါပြောလျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှာ အလိုရှိကြ၏။