7
အနွယ်သူကြီးမင်းတို့၏ပူဇော်သကာ
1 မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊
2 စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊
3 မင်းတစ်ပါးနွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသောရထားတစ်ခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရဘုရားအား ပူဇော်သကာပြုကြ၏။
4-5 ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာဖို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည်အတိုင်း လေဝိသား အသီးအသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။
6 မောရှေသည် ရထားနှင့်နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့်
7 အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကိုလည်းကောင်း၊
8 မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ်ကောင်တို့ကိုလည်းကောင်း ပေးလေ၏။
9 သန်ရှင်းရာဌာနတော်အမူကို စောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့်နွားတို့ကိုမပေး။
10 ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သကာကို ပြုကြ၏။
11 ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သကာကိုပြုရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
12 ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊
13 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
14 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
15 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
16 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
17 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။
18 ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သကာဟူမူကား၊
19 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
20 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း
21 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
22 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
23 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ၏။
24 တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သကာဟူမူကား၊
25 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
26 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
27 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
28 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
29 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဟေလုန်သားဧလျာဘသည် ပူဇော်လေ၏။
30 စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒုရသားဧလိဇုရဆက်သော ပူဇော်သကာဟူမူကား၊
31 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
32 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
33 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
34 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
35 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ရှေဒုရသားဧလိဇုရသည် ပူဇော်လေ၏။
36 ပဥ္စမနေ့၌ ရှိမောင်အမျိုးတွင်မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သကာဟူမူကား၊
37 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
38 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
39 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
40 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
41 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည် ပူဇော်လေ၏။
42 ဆဌမနေ့၌ ဂဒ်အမျိုးတွင်မင်းဖြစ်သော ဒွေလသား၊ ဧလျာသပ်ဆက်သော ပူဇော်သကာဟူမူကား၊
43 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
44 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
45 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
46 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
47 မိတ်သဟာယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
48 သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သကာဟူမူကား၊
49 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
50 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
51 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
52 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
53 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော်လေ၏။
54 အဋ္ဌမနေ့၌ မနာရှေအမျိုးတွင် မင်းဖြစ်သောပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သကာဟူမူကား၊
55 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
56 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
57 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
58 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
59 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော်လေ၏။
60 နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင်မင်းဖြစ်သော ဂိဒေါနိသားအဘိဒန်ဆက်သော ပူဇော်သကာဟူမူကား
61 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
62 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း
63 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
64 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
65 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
66 ဒသမနေ့၌ ဒန်အမျိုးတွင်မင်းဖြစ်သော အမိရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သကာဟူမူကား၊
67 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
68 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
69 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
70 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
71 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
72 ဧကာဒသမနေ့၌ အာရှာအမျိုးတွင်မင်းဖြစ်သော ဩကရန်သား ပါဂျေလဆက်သောပူဇော်သကာဟူမူကား၊
73 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
74 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
75 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
76 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
77 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော်လေ၏။
78 ဒွါဒသမနေ့၌ နသာလိအမျိုးတွင်မင်းဖြစ်သော ဧနန်သားအဟိရဆက်သော ပူဇော်သကာဟူမူကား၊
79 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်။
80 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
81 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
82 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
83 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။
84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။
85 ငွေအင်တုံအချိန်ကား တစ်လုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား တစ်လုံးလျှင် ခုနစ်ဆယ်စီရှိ၍၊ ငွေချိန်ပေါင်းကား အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ်လေးပိဿာ ရှိသတည်း။
86 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား အကျပ်တော်အလိုက် ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တစ်ပိဿာနှစ်ဆယ်ရှိသတည်း။
87 မီးရှို့ရာယဇ်ဖို့ ဘောဇဉ်ပူဇော်သကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါလည်သော သိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊
88 မိတ်သဟာယယဇ်ဖို့နွားပေါင်း နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါလည်သော သိုးသငယ်ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ကိုဆီလူးသောနောက်၊ အနုမောဒနာပြုဖို့ ဆက်သောပူဇော်သကာပေတည်း။
89 မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သော အဖုံးအထက်က၊ ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။