29
တံပိုးမှုတ်ခြင်းနေ့​သကာ​များ
(ဝတ် ၂၃:၂၃-၂၅)
သတ္တမလ၊ ပထမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ ထိုသို့ထုံးစံရှိသည်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သကာကို ပူဇော်ရမည်။
အ​ပြစ်​ဖြေ​ရာ​နေ့​သကာ​များ​
(ဝတ် ၂၃:၂၆-၃၂)
၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြု၍ ခြိုးခြံစွာကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။Ref ၂၉:၇-၁၁။ ဝတ် ၁၆:၂၉-၃၄။ ထိုနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 10 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာပြုရမည်။ 11 အပြစ်ဖြေရာယဇ်ဖို့လည်း၊ ဆိတ်သငယ်တစ်ကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး ထပ်၍ပြုရမည်။
သကေနေ​ပွဲ​တော်​သကာ​များ
(ဝတ် ၂၃:၃၃-၄၄)
12 ၎င်းလ တစ်ဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကိုမလုပ်ဘဲ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲခံရမည်။ 13 ပထမနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးဆယ်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။ 14 နွားဆယ်သုံးကောင်စေ့အောင်၊ တစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် နှစ်ဩမဲစီ၊ 15 သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာပြုရမည်။ 16 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး ထပ်၍ပူဇော်ရမည်။ 17 ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 18 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 19 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 20 တတိယနေ့၌၊ နွားထီးဆယ်တစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 21 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 22 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 23 စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 24 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 25 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 26 ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 27 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 28 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 29 ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 30 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 31 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 32 သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 33 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 34 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 35 အဋ္ဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 36 ထိုနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်ကိုလည်းကောင်း၊ 37 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 38 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။Ref ၂၉:၁၂-၃၈။ ဝတ် ၂၃:၃၄။ တရား၊ ၁၆:၁၃-၁၅။ 39 ထိုသို့သစ္စာကတိရှိ၍ ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ၊ မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာမှတစ်ပါး၊ ချိန်းချက်သောပွဲတို့၌ ထာဝရဘုရားအား ထပ်၍ပူဇော်ရမည်ဟု မိန့်တော်မူ၏။ 40 ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။