12
ဥ​ပုသ်​နေ့၌ဂျုံစပါးဆွတ်ခူးခြင်း
(မာ ၂:၂၃-၂၈ လု ၆:၁-၅)
ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။-Ref ၁၂:၁။ တရား ၂၃:၂၅။ ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊- ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊-Ref ၁၂:၃-၄။ ၁ရာ ၂၁:၁-၆။ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။-Ref ၁၂:၄။ ဝတ် ၂၄:၉။ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း၊ အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဖတ်ဖူးသလော။-Ref ၁၂:၅။ တော ၂၈:၉-၁၀။ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။- ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။-Ref ၁၂:၇။ မ ၉:၁၃။ ဟော၊ ၆:၆။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။-
လက်​တစ်​ဖက်​သေ​သူ
(မာ ၃:၁-၆ လု ၆:၆-၁၁)
ထိုအရပ်မှ ကြွ၍ တရားဇရပ်သို့ ဝင်တော်မူ၏။ လက်တစ်ဖက် သေသောသူတစ်ယောက် ရှိသည်ဖြစ်၍၊- 10 လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။- 11 ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။-Ref ၁၂:၁၁။ လု ၁၄:၅။ 12 လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထိုကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူပြီးမှ၊- 13 ထိုသူအား၊ သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- 14 ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ငါရွေးချယ်သောငါ့ကျွန်ရင်း
15 ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။- 16 ထိုသူတို့သည် သတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။- 17 ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက် ဟူမူကား၊- 18 ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။-Ref ၁၂:၁၈-၂၁။ ဟေရှာ ၄၂:၁-၄။ 19 ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။- 20 နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။- 21 သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ
(မာ ၃:၂၀-၃၀ လု ၁၁:၁၄-၂၃)
22 ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မတော်မူ၏။- 23 လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။- 24 ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-Ref ၁၂:၂၄။ မ ၉:၃၄၊ ၁၀:၂၅။ 25 ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 26 စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည် မိမိနှင့် ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။- 27 ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။- 28 ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- 29 သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင်အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- 30 ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။-Ref ၁၂:၃၀။ မာ ၉:၄၀။
31 ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။- 32 လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။-Ref ၁၂:၃၂။ လု ၁၂:၁၀။
အ​ပင်​နှင့်​အ​သီး
(လု ၆:၄၃-၄၅)
33 အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။-Ref ၁၂:၃၃။ မ ၇:၂၀။ လု၊ ၆:၄၄။ 34 အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။-Ref ၁၂:၃၄။ မ ၃:၇၊ ၂၃:၃၃၊ ၁၅:၁၈။ လု၊ ၃:၇၊ ၆:၄၅။ 35 ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။- 36 ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။- 37 သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။-
နိ​မိတ်​လက္ခ​ဏာ​တောင်း​ဆို​ခြင်း
(မာ ၈:၁၁-၁၂ လု ၁၁:၂၉-၃၂)
38 ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတစ်ခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊-Ref ၁၂:၃၈။ မ ၁၆:၁။ မာ၊ ၈:၁၁။ လု၊ ၁၁:၁၆။ 39 ကိုယ်တော်က ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာ မှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။-Ref ၁၂:၃၉။ မ ၁၆:၄။ မာ၊ ၈:၁၂။ 40 ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။-Ref ၁၂:၄၀။ ယောန ၁:၁၇။ 41 တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။-Ref ၁၂:၄၁။ ယောန ၃:၅။ 42 တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတစ်ဖက်၌ ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။-Ref ၁၂:၄၂။ ၃ရာ ၁၀:၁-၁၀။ ၆ရာ၊ ၉:၁-၁၂။
ညစ်​ညူး​သော​နတ်​ပြန်​လာ​ခြင်း
(လု ၁၁:၂၄-၂၆)
43 ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သော အရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာတတ်၏။- 44 မတွေ့လျှင် ငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက် ရှိသည်ကို တွေ့သော်၊- 45 မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
မယ်​တော်​နှင့်​ညီ​တော်​များ
(မာ ၃:၃၁-၃၅ လု ၈:၁၉-၂၁)
46 ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့် ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။- 47 လူတစ်ယောက်ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြပါ၏ဟု လျှောက်လျှင်၊-+ ၁၂း၄၇ မ ၁၂:၄၇။ အချို့ရှေးကျမ်းမူများတွင် ၁၂:၄၇ မပါ။ 48 ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- 49 လက်တော်ကိုလည်းဆန့်၍ တပည့်တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။- 50 ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။