ရှင်မဿဲ ခရစ်ဝင်။
1
ယေ​ရှု​ခ​ရစ်​၏​ဆွေ​စဉ်​မျိုး​ဆက်
(လု ၃:၂၃-၃၈)
အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်+ ၁း၁ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် မွေးစာရင်း စာရင်းဟူမူကား၊- အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့် ဇာရ။ ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။- အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။- စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။
ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဖူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။- ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။- အာသသား ယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။Ref ၁:၈ တရား ၁၅:၂၁။ ဩဇိသား ယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။- 10 ဟေဇကိသား မနာရှေ။ မနာရှေသား အာမုန်။ အာမုန်သား ယောရှိ။- 11 ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။Ref ၁:၁၁ ၄ရာ ၂၄:၁၄-၁၅။ ၆ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။
12 ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသား ရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။- 13 ဇေရုဗ​ဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။- 14 အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သား ဧလုဒ်။- 15 ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။- 16 ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော+ ၁း၁၆ ခရစ်ဟုခေါ်ဝေါ်သမုတ်သော ခရစ်တော်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
17 ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။-
သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း
(လု ၂:၁-၇)
18 ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။Ref ၁:၁၈ လု ၁:၂၇။ 19 သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။- 20 ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- 21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။-Ref ၁:၂၁ လု ၁:၃၁။ ဆာ၊ ၁၃၀း၈။
22 ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- 23 ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။-Ref ၁:၂၃။ ဟေရှာ ၇:၁၄။ 24 ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။-+ ၁း၂၄ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏ မိမိဇနီးအဖြစ်လက်ခံလေ၏ 25 သို့သော်လည်း၊ သားဦး+ ၁း၂၅ သားဦး (က) အချို့ရှေးမူတွင် "သားယောက်ျား" ကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏+ ၁း၂၅ သံဝါသမပြုဘဲနေ၏ မဆက်ဆံဘဲနေ၏ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။Ref ၁:၂၅ လု ၂:၂၁။