ယေရမိအနာဂတ္တိကျမ်း။
1
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်း နန်းစံဆယ်သုံးနှစ်တွင်လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်း နန်းစံဆယ်တစ်နှစ်စေ့၍ ပဥ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည် တိုင်အောင်၊Ref ၁:၂။ ၄ရာ ၂၂:၃-၂၃:၂၇။ ၆ရာ၊ ၃၄:၈-၃၅:၁၉။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ်ယေရမိစကားမှာ၊Ref ၁:၃။ ၄ရာ ၂၃:၃၆-၂၄:၇၊၁၈-၂၅:၂၁။ ၆ရာ၊ ၃၆:၅-၈၊ ၁၁:၂၁။
ယေ​ရ​မိ​ကို​ရွေး​ကောက်​ခြင်း
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဖွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။ 10 ကြည့်ရှုလော့။ သင်သည် နုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
ရူ​ပါ​ရုံ​နှစ်​ရပ်
11 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည် အဘယ်အရာကိုမြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏ဟု လျှောက်သော်၊ 12 ထာဝရဘုရားက၊ သင်သည် မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကိုပြည့်စုံစေခြင်းငှာ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။
13 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊ 14 ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။ 15 အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။ 16 ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသောဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့် လုပ်သောအရာကို ကိုးကွယ်သောအပြစ် ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။ 17 သို့ဖြစ်၍ သင်သည် ခါးပန်းကိုစည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။ 18 ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တစ်နိုင်ငံလုံး တစ်ဖက်၌၊ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။ 19 သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နုတ်ခြင်းငှာ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။