25
ဘုရားသခင်ရှေ့၌ အဘယ်သို့ကုသိုလ်ရနိုင်သနည်း
1 တစ်ဖန် ရှုအာအမျိုးသားဗိလဒဒ်မြွက်ဆိုသည်ကား၊
2 ဘုရားသခင်သည် အာဏာတော်နှင့်လည်းကောင်း၊ ကြောက်ရွံ့ရိုသေဖွယ်သော ဂုဏ်တော်နှင့်လည်းကောင်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3 ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကို မလင်းဘဲနေသနည်း။
4 သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဖွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
5 လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
6 ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဖွယ်ရာရှိသနည်းဟု မြွက်ဆို၏။