3
ဟောရှေနှင့် သစ္စာမဲ့သောမိန်းမ
1 တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊
2 ထိုမိန်းမကို ငွေတစ်ဆယ်ငါးကျပ်၊ မုယောဆန်တစ်ဟောမဲခွဲနှင့် ငါရွေးပြီးမှ၊
3 သင်သည် ငါ့အဖို့ နေ့ရက်များစွာစောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသောယောက်ျားနှင့် မပေါင်းဖော်ရ။ သို့ပြုလျှင်၊ သင့်အဖို့ ငါစောင့်၍နေမည်ဟု ပြောထား၏။
4 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။
5 ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။