10
မော်​ဒ​ကဲ​၏တန်​ခိုး​ကြီးခြင်း
ရှင်ဘုရင် အာရွှေရုသည် မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်တွင်ရှိသော ကျွန်းတို့ပေါ်၌လည်းကောင်း၊ ငွေတော်ခွဲကြောင်း အစရှိသော၊ အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက်ရှိ၏။ ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသောအရာကိုရ၍ ယုဒလူတို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကိုသာ ပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။
ဧသတာဝတ္ထုပြီး၏။