3
ခြေမစွမ်းသူကိုကုသခြင်း
1 ထိုအခါပတ္ထနာပြုရသော သုံးချက်တီး+ ၃း၁ သုံးချက်တီး ညနေသုံးနာရီ အချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြသည်ရှိသော်၊
2 အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတစ်ယောက်ကို သူတစ်ပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှာ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထားလေ့ရှိ၏။-
3 ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။-
4 ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊-
5 ထိုသူသည်တစ်စုံတစ်ခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။-
6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍+ ၃း၆ ထ၍ အချို့လက်ရေးမူများတွင် "ထ၍" မပါ လှမ်းသွားလော့ဟုဆိုလျက်၊-
7 သူ၏လက်ယာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊-
8 ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။-
9 ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊-
10 ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
ကနားပြင်တွင်ဟောပြောခြင်း
11 ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
12 ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။-
13 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။-Ref ၃:၁၃။ ထွ ၃:၁၅။
14 သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်းအပြစ် ရှိသောသူတစ်ယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊-Ref ၃:၁၄။ မ ၂၇:၁၅-၂၃။ မာ၊ ၁၅:၆-၁၄။ လု၊ ၂၃:၁၃-၂၃။ ယော၊ ၁၉:၁၂-၁၅။
15 အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။-
16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
17 ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။-
18 ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဖော်ပြတော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။-
19 ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊-
20 သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။-
21 ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက် ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။-
22 ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။-Ref ၃:၂၂။ တရား ၁၈:၁၅။
23 အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကို ခံရမည်ဟုဟော၏။-Ref ၃:၂၃။ တရား ၁၈:၁၉။
24 ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။-
25 သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။-Ref ၃:၂၅။ က ၂၂:၁၈။
26 သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူ ရှိသမျှတို့အား ကောင်းချီးမင်္ဂလာကို ပေးစေခြင်းငှာ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။