7
တစ်ဖန်၊ ဒါရိမင်းနန်းစံလေးနှစ်၊ ခိသလုခေါ်၊ နဝမလလေးရက်တွင်၊ ထာဝရဘုရား၏ ဗျာဒိတ်တော်သည်၊ ငါဇာခရိသို့ရောက်ပြန်၏။ 2-3 ထိုကာလ၊ ထာဝရဘုရား၏ မျက်နှာတော်ကိုဖူးမြော်စေခြင်းငှာလည်းေကာင်း၊ ဤမျှလောက်နှစ်ကာလအတွင်း၊ ကျွန်တော်တို့သည် ပဥ္စမလ၌ သိတင်းသုံးခြင်း၊ ငိုကြွေးခြင်းကို ပြုလေ့ရှိသည့်နည်းသူ ပြုကြရဦးမည်လောဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ဗိမာန်တော့်ဆိုင်ရာပရောဟိတ်နှင့် ပရောဖက်တို့ထံမေးလျှောက်စေခြင်းငှာလည်းေကာင်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် အပေါင်းအပါတို့ကို။ ဗေသလမြို့သားတို့စေလွှတ်ကြသည့်အတိုင်း၊ ငါသို့ရောက်လာသော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ဗျာဒိတ်တော်ကား။ ပရောဟိတ်တို့နှင့် ပြည်သူပြည်သားအပေါင်းတို့အား သင်က၊ လွန်ခဲ့သောနှစ်ပေါင်းခုနစ်ဆယ်အတွင်း အစာရှောင်ခြင်း၊ မြည်တမ်းခြင်းကို ပဥ္စမလနှင့် သတ္တမလများ၌၊ သင်တို့ပြုကြသည်မှာ။ ငါ့ကိုရည်ဆောင်ကြသလော။ စားပွဲသောက်ပွဲများကို ပြုကြသည်မှာ၊ ကိုယ်ကိုရည်ဆောင်ကြသည်မဟုတ်လော။ ပတ်ဝန်းကျင်ရှိ ဇနပုဒ်များနှင့်တကွ၊ ယေရုရှလင်မြို့တော်သည်၊ ငြိမ်ငြိမ်သက်သက်စည်ကားလျက်၊ နေဂပ်ခရိုင်၊ ရှဖေလခရိုင်လည်းစည်ကားလျက်ရှိစဉ်၊ အထက် ပရောဖက်တို့အားဖြင့်၊ ငါထာဝရဘုရားဟစ်ကြော်ခဲ့သောအချက်များကို သင်တို့နာခံအပ်ကြသည်တကားဟူ၍တည်း။
ငါဇာခရိသို့ ရောက်ပြန်သော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ လူအချင်းချင်းတို့၌၊ သမ္မာတရားအတိုင်းဆုံးဖြတ်လျက်၊ သင်္ဂဟတရားနှင့် ကရုဏာတရားကိုဆောင်လျက်၊ 10 မုဆိုးမ၊ ဖသက်ဆိုး၊ ဝင်နေသူ၊ ဆင်းရဲသားတို့အား နှိပ်စက်ခြင်း၊ အချင်းချင်းမကောင်းကြံစည်ခြင်းများကိုမပြုကြလင့်ဟု၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား မိန့်ဆိုခဲ့ သော်လည်း၊ 11 ထိုသူတို့သည် နားမစွင့်ဘဲ ကုတ်တွန့်လျက်၊ မထောင်ရစေခြင်းငှာ နားပိတ်လျက်၊ 12 ပညတ်တရားတော်မှစ၍၊ ဝိညာဉ်တော်ထောက်ခံသူ အထက်ပရောဖက်တို့အားဖြင့်၊ ဗိုလ်ခြေတို့အရှင် ငါထာဝရဘုရားပေးပို့ခဲ့သောအချက်များကို နာခံမည်စိုး၍၊ စိန်ကျောက်နှင့်အမျှ စိတ်နှလုံးခက်မာစေကြသည့်အတွက်၊ ဗိုလ်ခြေတို့အရှင် ငါထာဝရဘုရားထံမှ၊ ပြင်းထန်သောအမျက်ဒဏ်သင့်ရောက်သည်တကား။ 13 ငါဟစ်ကြော်သောအခါ၊ ချင်းတို့နားမထောင်ဘဲနေကြသည်နည်းတူ၊ ချင်းတို့ဟစ်သောအခါ၊ ငါလည်းနားမညောင်းဘဲ၊ 14 မသိဘူးသောလူအမျိုးမျိုးတို့တွင်၊ လေပြင်းမုန်တိုင်းသဖွယ် တိုက်လွင့်စေမည်ဟု၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားတင်ရင်မိန့်ဆိုသည့်အတိုင်း၊ ဝင်သူထွက်သူမဲ့ သည့်တိုင်အောင်၊ နေရင်းပြည်သည် ဆိတ်ညံရာရောက်၏။ ထိုသို့ပင် သာယာသောပြည်တော်ကို ဆိတ်ညံရာရောက်စေကြလေစွဟူ၍တည်း။