5
နောက်တစ်ဖန်၊ ငါသည် မော်ကြည့်လျက်၊ ပျံဝဲသောစာတစ်လိပ်ကိုမြင်ရသော်၊ စေတမန်တော်က၊ မည်သည့်အရာကိုမြင်ရသနည်းဟုမေးလျှင်၊ အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ကျယ်သောစာလိပ်ပျံဝဲသည်ကို၊ မြင်ပါသည်ဟုပြန် လျှောက်၏။ စေတမန်တော်ကလည်း၊ ဤအရာကား။ ပြည်လုံးနှံ့သင့်ရောက်သောအမင်္ဂလာတည်း။ စာချက်အရ၊ ခိုးသူတို့သည် ဤအရပ်မှလည်းေကာင်း၊ ကျိန်ဆိုသူတို့သည် ထိုအရပ်မှလည်းေကာင်း၊ ပယ်ရှားခံရကြလတ္တံ့။ ငါစေလွှတ်သည့်အတိုင်း ထိုအမင်္ဂလာသည်၊ ငါ့နာမကိုတိုင်တည်လျက်၊ မုသာကျိန်ဆိုသူတို့နှင့် ခိုးသူတို့တိုက်အိမ်များအတွင်း ဝင်ရောက်တည်နေသဖြင့်၊ ကျောက်၊ သစ်သားများပါ၊ ထိုတိုက်အိမ်များ ပျက်ပြုန်းလိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်း ပြန်ဆိုလေ၏။
ထိုနောက်၊ ငါနှင့်မြွက်ဆိုသော စေတမန်တော်သည် ပေါ်ပြန်ပြီးလျှင်၊ ယခုထင်ရှားသောအရာကား၊ မည်သို့ဖြစ်သည်ကို၊ မော်ကြည့်၍ ရှုမြင်လော့ဟု မိန့်ဆိုသည့် အတိုင်း၊ မည်သို့ပါနည်းဟု ငါမေးသော် ထင်ရှားသောဤအရာကား၊ တင်းတောင်းတည်းဟူ၍လည်းေကာင်း၊ ပြည်လုံးနှံ့ရှိသောဒုစရိုက်တည်းဟူ၍လည်းေကာင်း မိန့်ဆိုလေ၏။ ခဲပြားဖုံးကို ေမြှာက်ဖွင့်ပြီးလျှင် တင်းတောင်းအတွင်းမိန်းမတစ်ယောက်ထိုင်နေသည်ကိုပြသော်၊ ဤမိန်းမကား၊ ဆိုးသွမ်းခြင်း တည်းဟုဆိုလျက်၊ တင်းတောင်းအတွင်းဖိနှိပ်၍၊ ခဲပြားနှင့်ပိတ်ထားလေ၏။ ငါမော်ကြည့်ပြန်သော်၊ ငှက်ကျားတောင်သဖွယ်၊ အတောင်ဖြင့်ခတ်ဝဲသောမိန်းမနှစ်ယောက်ပေါ်လာ၍၊ ထိုတင်းတောင်းကိုမိုးမြေစပ်ကြားသို့၊ ချီမြှောက်ကြသည် ကိုမြင်ရလျှင်၊ 10 ငါနှင့်မြွက်ဆိုသော စေတမန်တော်အား၊ တင်းတောင်းကို မည်သည့်အရပ်သို့ဆောင်သွားကြပါသနည်းဟု မေးရာ၊ 11 ရှိနာပြည်တွင် တိုက်ဆောက်၍ထားရန် ဆောင်သွားကြ၏။ ပြင်ဆင်ပြီးမှ၊ ပြင်ဆင်သောနေရာ၌ချထားကြလိမ့်မည်ဟု မိန့်ဆိုလေ၏။