5
1-2 အသက်ကြီးသောယောက်ျားကို မဆုံးမဘဲ အဘကဲ့သို့လည်းေကာင်း၊ ပျိုရွယ်သောယောက်ျားတို့ကိုညီအစ်ကိုကဲ့သို့လည်းေကာင်း၊ အသက်ကြီးသောမိန်းမတို့ကိုအမိကဲ့သို့လည်းေကာင်း၊ ပျိုရွယ်သော မိန်းမတို့ကို ခပ်သိမ်းသောစင်ကြယ်ခြင်းနှင့်တကွနှမကဲ့သို့လည်းေကာင်း နှိုးဆော်လော့။ ခိုရာမဲ့မုဆိုးမတို့ကို ထောက်မလော့။ သို့ရာတွင်သားမြေးရှိလျှင် ကိုယ့်အမိကိုယ့်အဖွားတို့အား ဦးစွာရိုသေသမှုပြုလျက် ခံခဲ့သောကျေးဇူးကို တုံ့ဆပ်ရန်သင်ကြစေ။ ထိုအမှုသည် ဘုရားသခင့်ရှေ့လက်ခံတော်မူဖွယ်ဖြစ်၏။ ခိုရာမဲ့တစ်ကောင်ကြွက်မုဆိုးမသည် ဘုရားသခင်ကိုအားကိုးေမျှာ်လင့်၍ နေ့ညဉ့်မပြတ်မေတ္တာပို့လျက်၊ တောင်းလျှောက်လျက်နေတတ်၏။ အပျော်အပါးမက်သောမုဆိုးမမူကား အသက်ရှင်လျက်ပင်အသေဖြစ်၏။ အပြစ်တင်ခွင့်မဲ့ကြစေရန် ထိုအတိုင်းမိန့်မှာလော့။ မည်သူမဆို ကိုယ့်အိမ်သူအိမ်သားတို့မှစ၍ ဆွေမျိုးသားချင်းတို့ကိုမကြည့်ရှုလျှင် ယုံကြည်ခြင်းတရားကိုငြင်းဆန်သူ၊ သာသနာပထက်ဆိုးသူဖြစ်လေပြီ။ 9-10 အသက်ခြောက်ဆယ်အောက်မယုတ်သူ၊ ယောက်ျားတစ်ဦးနှင့်သာအိမ်ထောင်ပြုဘူးသူ၊ ကောင်းမှုကြောင့်အသရေရသူ၊ သူငယ်တို့ကိုကျွေးမွေးခြင်း၊ ဧည့်ဝတ်ကြေခြင်း၊ သီးသန့်ထားတော်မူသူတို့၏ ခြေကိုဆေးခြင်း၊ ဆင်းရဲသူတို့ကိုမစခြင်းမှစ၍ ကောင်းမှုအမျိုးမျိုးပြုခဲ့သူကိုသာ မုဆိုးမစာရင်းတွင်ပါဝင်စေ။ 11 ပျိုရွယ်သောမုဆိုးမတို့ကိုကား ငြင်းပယ်လော့။ သူတို့သည်ခရစ်တော့်တဘက်၌ လျှပ်ပေါ်၍အိမ်ထောင်ပြုလိုသဖြင့်၊ 12 ဦးစွာသောသစ္စာကိုဖျက်သည့်အတွက် ပြစ်ဒဏ်ခံထိုက်ကြ၏။ 13 ၎င်းပြင်၊ သူတို့သည်အိမ်ခြေစဥ်လှည့်လည်လျက် ပျင်းရိစွာနေတတ်သည်သာမက၊ မပြောသင့်ရာ ပြောတတ်သောစကားအိုးများ၊ မဆိုင်ရာတွင်စွာသူများဖြစ်ကြ၏။ 14-15 ထိုကြောင့် စာတန်နောက်သို့အချို့တို့လွှဲသွားကြသည်ကိုထောက်၍ ထိုပျိုရွယ်သောမုဆိုးမတို့သည် ရန်သူကဲ့ရဲ့ခွင့်ကိုအားမပေးဘဲ အိမ်ထောင်ပြုလျက်၊ သားဖွားလျက်၊ အိမ်မှုကိုစီမံလျက်နေကြစေရန် ငါအလိုရှိ၏။ 16 တပည့်တော်မတို့၌ တော်စပ်သောမုဆိုးမများရှိလျှင် အသင်းတော်သည်ခိုရာမဲ့မုဆိုးမတို့ကို မစခွင့်ရစေရန် အသင်းတော့်အပေါ်တွင်ဝန်မတင်ဘဲ ကိုယ်တိုင်မစကြစေ။
17-18 စပါးနင်းနယ်သောနွားကို ပါးချုပ်မတပ်ရဟူ၍လည်းေကာင်း၊ လုပ်သားသည်အခရထိုက်သည်ဟူ၍လည်းေကာင်း ကျမ်းဆိုရှိသည့်အတိုင်း ကောင်းမွန်စွာဦးဆောင်သောဥက္ကဋ္ဌ၊ အထူးသဖြင့်ဆိုသော် ဟောပြောမှု၊ သင်ကြားမှု၌ ကြိုးစားအားထုတ်သောဥက္ကဋ္ဌတို့ကို နှစ်ဆထောက်မထိုက်သည်ဟု မှတ်ယူစေ။ 19-20 နှစ်ဦးသုံးဦးတို့သက်သေမခံလျှင် ဥက္ကဋ္ဌအပေါ်တွင်စွဲဆိုချက်ကိုလက်မခံနှင့်။ ပြစ်မှားသူတို့ကိုကား ကြွင်းသူတို့ပါကြောက်ရွံ့စေခြင်းငှါ ရှိသမျှတို့မျက်မှောက်တွင် ဆုံးမလော့။ 21 ဘုရားသခင်မှစ၍ ခရစ်တော်ယေရှုနှင့်လက်ရွေးစေတမန်တော်တို့ရှေ့ ငါသတိပေးသည်မှာ၊ မည်သည်ကိုမျှထင်မြင်ရာမစီရင်ဘဲ ငဲ့ကွက်ခြင်းကင်းလျက် ဤမှာထားချက်များကိုစောင့်ရှောက်လော့။ 22 မည်သူ့အပေါ်တွင်မျှ အဆောတလျင်လက်မတင်နှင့်။ အခြားသူတို့အပြစ်များနှင့် မဖက်စပ်ဘဲ၊ ကိုယ်ကိုစင်ကြယ်အောင်စောင့်ထိန်းလော့။ 23 နောက်နောင် ရေကိုသာမသောက်ဘဲ သင့်အစာအိမ်မှစ၍အကြိမ်ကြိမ်မကျန်းမမာရှိရခြင်းအတွက် စပျစ်ရည်အနည်းငယ်သုံးဆောင်လော့။ 24 အချို့တို့ပြစ်မှုများသည် ထင်ရှားသည့်အတိုင်းစီရင်ရာခံခြင်းငှါ ရှေ့လွန်ရောက်တတ်၏။ အချို့တို့၌မူကား နောက်ချန်လိုက်တတ်ကြ၏။ 25 ထိုနည်းတူ ကောင်းမှုများသည်ထင်ရှား၏။ မထင်ရှားသေးသော်လည်း ပုန်းကွယ်၍မနေနိုင်။