5
1 ထိုနောက် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းထံ ဣသရေလအမျိုးအနွယ်အပေါင်းတို့လာရောက်၍ ကျွန်တော်တို့သည် အရှင့်အရိုးအသားစင်စစ်ဖြစ်ကြပါ၏။
2 ယမန်ကျွန်တော်တို့အပေါ်တွင် အုပ်စိုးသောရှောလုမင်းလက်ထက်၊ ဣသရေလလူမျိုးတို့ စစ်ဝင်စစ်ထွက်မှုကို စီမံသူကား၊ အရှင်ပေတည်း။ ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ လူမျိုးတော်ကို ထိန်းကျောင်းရလျက်၊ ထိုလူမျိုးအပေါ်တွင် မင်းပြုရမည်ဟူ၍ မိန့်တော်မူခဲ့ကြောင်း တင်လျှောက်ကြလေ၏။
3 ထိုသို့ဣသရေလလူကြီးအပေါင်းတို့သည် ဟေဗြုန်မြို့၌စံနေသော ဘုရင်မင်းထံတိုးဝင်ပြီးလျှင်၊ ၎င်းမြို့တွင် ထာဝရဘုရားရှေ့၊ ဒါဝိဒ်မင်းနှင့်သစ္စာမိတ်ဖွဲ့လျက် ဣသရေလ လူမျိုးအပေါ်တွင် ရာဇဘိသိက်ဖြင့်ချီးမြှင့်ကြလေ၏။
4 ဒါဝိဒ်မင်းသည် အိမ်နိမ့်သုံးဆယ်ရှိသော် နန်းတက်၍ နန်းစံလေးဆယ်အနက်
5 ဟေဗြုန်မြို့၌၊ ယုဒအနွယ်အပေါ်တွင် ခုနစ်နှစ်နှင့်ခြောက်လ၊ ယေရုရှလင်မြို့၌ ဣသရေလ ယုဒ၊ တစ်မျိုးလုံးအပေါ်တွင် သုံးဆယ့်သုံးနှစ်မင်းပြုသတည်း။
6 ယေရုရှလင်မြို့နေ၊ တိုင်းရင်းသားဖြစ်သူ၊ ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်ရန် ရဲမက်တို့နှင့်တကွ ဘုရင်မင်းကိုယ်တိုင်ချီသွားလျှင် ထိုသူတို့က ဤမြို့ကိုဒါဝိဒ်မင်းမဝင်နိုင်ဟု ထင်မှတ်လျက် သင်မဝင် နိုင်ရန် မျက်မမြင်နှင့် ခြေဆွံ့တို့သာ ဆီးဆို့ကြလိမ့်မည်ဟု ဒါဝိဒ်မင်းအား ကြားပြောကြလေ၏။
7-8 ဒါဝိဒ်မင်းကမူကား၊ ယေဗုသိလူမျိုးတို့ကိုလုပ်ကြံမည့်သူတို့သည် ရေပြွန်ဖြင့်တက်လျက် ငါဒါဝိဒ်ရွံရှာသောမျက်မမြင်နှင့် ခြေဆွံ့တို့ကိုသတ်စေဟု ထိုနေ့တွင်ပင် အမိန့်ထုတ်ဆင့်သည့်အတိုင်း ဒါဝိဒ်မြို့တော်တည်းဟူသော ဇိအုန်ခံမြို့ကိုသိမ်းယူလေ၏။ ထိုအကြောင်းကို အစွဲပြု၍ မျက်မမြင် နှင့်ခြေဆွံ့တို့ရှိသောကြောင့် အတွင်းသို့မဝင်နိုင်ဟု ဆိုလေ့ရှိကြသတည်း။
9 ၎င်းခံမြို့၌ ဒါဝိဒ်မင်းစံနေ၍ ဒါဝိဒ်မြို့တော်ဟု တွင်စေလျက် မိလ္လောပြအိုးမှစ၍ ပတ်လည်အတွင်းတည်ဆောက်ပြန်လေ၏။
10 ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသခင်သည် ဒါဝိဒ်မင်းနှင့်အတူ ရှိတော်မူသောကြောင့် ထိုမင်း၌ တန်ခိုးအာဏာတိုးပွားကြီးမြင့်လျက်ရှိ၏။
11 တုရုဘုရင်ဟိရံမင်းသည် ဒါဝိဒ်မင်းထံရာဇသံတို့ကိုလွှတ်၍ သစ်ကတိုးသစ်နှင့်လက်သမား၊ ပန်းရန်သမားတို့ကိုပို့ဆက်သည့်အတိုင်း နန်းတော်ကိုတည်ဆောက်ရကြ၏။
12 ထာဝရဘုရားသည် ဣသရေလလူမျိုးတော်အတွက် ထိုလူမျိုးအပေါ်တွင် ဘုရင်အဖြစ်တည် မြဲစေ၍ အာဏာကြီးစေတော်မူကြောင်းကို ဒါဝိဒ်မင်းသိမြင်လေ၏။
13 ဒါဝိဒ်မင်းသည် ဟေဗြုန်မြို့မှရွှေ့ပြောင်း၍ ယေရုရှလင်မြို့မှာ စံနေသောအခါ အခြားမိဖုရား နှင့် မောင်းမတို့ကို ယူပြန်သဖြင့် သားတော်သမီးတော်များကိုရသေး၏။
14 ယေရုရှလင်မြို့၌ရသောသားတော်ကိုအမည်များကား ရှမွာ၊ ရှောဗပ်၊ နာသန်၊
15-16 ရှောလမုန်၊ ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တို့တည်း။
17 ဖိလိတ္တိလူမျိုးတို့သည် ဣသရေလနိုင်ငံပေါ်တွင် ဒါဝိဒ်ကိုရာဇဘိသိက်ဖြင့် ချီးမြှင့်ကြသော သတင်းကြားသိကြသော် ဒါဝိဒ်ကိုလိုက်ရှာရန် ဗိုလ်ထုအလုံးအရင်းတို့ချီတက်လာရာ ဒါဝိဒ်မင်းကြား သိသဖြင့် ခိုင်လုံသောဥမင်သို့ဆင်းချီလေ၏။
18 ဖိလိတ္တိရဲမက်တို့ချီလာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားတပ်ချကြသော်၊
19 ဒါဝိဒ်မင်းက၊ ဖိလိတ္တိတပ်ကိုဆီးဆို့ရန် စစ်တက်ရပါမည်လော။ အကျွန်ုပ်လက်တွင်းသို့ အပ်နှင်းတော်မူပါမည်လောဟု ထာဝရဘုရားထံမေးလျှောက်လျင်၊ စစ်တက်လော့။ သင့်လက်တွင်း သို့ ဖိလိတ္တိတပ်ကို မုချငါအပ်နှင်းမည်ဟု မိန့်တော်မူသည့်အတိုင်း
20 ဒါဝိဒ်မင်းသည် ဗာလပေရဇိမ်မြို့သို့ချီသွား၍ သူတို့ကိုလုပ်ကြံရာ ရေပန်းပေါက်ထွက်သကဲ့သို့ ရန်သူတို့ကို၊ ငါ့ရှေ့ထာဝရဘုရားပေါက်ပျက်စေတော်မူပြီဟု အောက်မေ့လေ၏။ ထိုအမှုကိုအစွဲပြု၍ ၁ 5.20 အနက်ကား၊ အပေါက်ပေါက်ေစေသာအရှင်။ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
21 ထိုအရပ်၌ ဖိလိတ္တိတပ်ကစွန့်လွှတ်ခဲ့ရသောရုပ်ပွားများကို ဒါဝိဒ်မင်းနှင့်အပေါင်းပါတို့သိမ်း ယူကြ၏။
22 တစ်ဖန်ဖိလိတ္တိတပ်ချီတက်ပြန်၍ ရေဖိမ့်ချိုင့်တွင် အနှံ့အပြားတပ်ချကြရာ၊
23 ဒါဝိဒ်မင်းသည် ထာဝရဘုရားထံမေးလျှောက်သော် ရင်ဆိုင်မတက်ရ။ နောက်သို့ပန်း၍ ပိုးစာမြိုင်အနီးချဉ်းကပ်ပြီးမှ
24 ပိုးစာမြိုင်အထက်ဖျားကတပ်သံကြားလျှင် လုံ့လပြုလော့။ ထိုအခါ ငါထာဝရဘုရားသည် ဖိလိတ္တိအလုံးအရင်းကို လုပ်ကြံရန် သင့်ရှေ့တွင်ကြွချီပြီဟု မိန့်တော်မူသည့်အတိုင်း
25 ဒါဝိဒ်မင်းလိုက်နာ၍ ဖိလိတ္တိတပ်ကို ဂေဗမြို့မှ ဂေဇာမြို့အရောက် လုပ်ကြံကြလေ၏။