15
1 ထိုနောက် အဗရှလုံသည် မြင်းများနှင့်ရထားကိုလည်းေကာင်း၊ ရှေ့တော်ပြေးငါးဆယ်ကိုလည်းေကာင်း၊ စီမံလျက်
2 နံနက်တိုင်းထသဖြင့် တံခါးဝလမ်းနံဘေးတွင် ရပ်နေပြီးလျှင် ဘုရင်မင်းစီရင်ခြင်းခံအပ်သောအမှု သည် မည်သူ့ကိုမဆိုခေါ်၍ အဘယ်မြို့ကနည်းဟုမေးရာ ကျွန်တော်မျိုးသည် ဣသရေလအမျိုးတွင် အမည်သောအနွယ်သားဖြစ်ကြောင်း လျှောက်သော်
3 အဗရှလုံက၊ သင့်အမှုကား မှန်ကန်၏။ သို့ရာတွင် စစ်ဆေးမည့်သူကို ဘုရင်မင်းမခန့်မထားဟု ဆိုလေ့ရှိ၏။
4 ၎င်းပြင် အဗရှလုံက၊ ငါသည်နေပြည်တွင် တရားမင်းအဖြစ်သို့ရောက်ပါစေတော့။ သို့ဖြစ်ပါမူ ရာဇဝတ်မှု၊ တရားမှုရှိသူအပေါင်းတို့သည် ငါ့ထံသို့လာလျှင် တရားနှင့်အညီ ငါစီရင်မည်ဟု ဆိုလေ့ရှိ၏။
5 လူတစ်စုံတစ်ယောက်သည် ရှိခိုးခြင်းငှါ ချဉ်းလာသောအခါ လက်လှမ်း၍ ဆွဲငင်နမ်းရှုပ်လေ့ရှိ၏။
6 စီရင်တော်မူခြင်းကိုခံရန် ဘုရင်မင်းထံလာကြသော ဣသရေလလူအပေါင်းတို့အား အဗရှလုံသည် ထိုသို့ပြုလျက်ဖြားယောင်းလေ၏။
7-8 လေးနှစ်လွန်သော် အဗရှလုံက၊ ထာဝရဘုရားသည် အကျွနု်ပ်ကိုတစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင် ဘုရားဝတ်ကိုပြုပါမည်ဟု ရှုရိတိုင်း၊ ဂေရှုရပြည်၌နေစဉ်အခါ ကျွန်တော်မျိုး သစ္စာထားခဲ့ပါပြီ။ ထိုကြောင့် ဟေဗြုန်မြို့သို့သွား၍ ထာဝရဘုရားအား ထားခဲ့သောသစ္စာဝတ်ကို ဖြေပါရစေဟု ဘုရင်မင်းထံ ခွင့်ပန်သည်နှင့်အညီ
9 ဘုရင်မင်းက၊ အကြည်အသာသွားလော့ဟု အခွင့်ပေးသည့်အလျောက် ဟေဗြုန်မြို့သို့ထွက်သွား ပြီးလျှင်
10 ဣသရေလအမျိုးအနွယ်ရှိသမျှသို့ သူလျှိုတို့ကိုစေလွှတ်လျက် တံပိုးမှုတ်သံကြားသော် ဟေဗြုန်မြို့၌ အဗရှလုံမင်းနန်းတက်ပြီဟူ၍ ကြွေးကြော်ကြလော့ဟု မှာလိုက်လေ၏။
11 ယေရုရှလင်မြို့မှ အဗရှလုံခေါ်လာသောလူနှစ်ရာတို့သည် အခြင်းအရာကိုမသိဘဲ ရိုးဖြောင့်စွာ လိုက်ပါကြသတည်း။
12 ပူဇော်ခြင်းအမှုကိုပြုဆဲတွင် အဗရှလုံသည် ဒါဝိဒ်မင်း၏တိုင်ပင်ခံအမတ်၊ ဂိလောမြို့သား၊ အဟိသောဖေလကို နေရင်းဂိလောမြို့မှ ခေါ်လေ၏။ အဗရှလု့ံဘက်ပါလူတို့တိုးပွားများပြားလျက် အတွင်းမီးအားကြီးလေ၏။
13 ဣသရေလအမျိုးသားတို့သည် အဗရှလုံ့ဘက်သို့စိတ်ပါကြပြီဟု ဒါဝိဒ်မင်းထံ လူတစ်ဦးလာ ရောက်သတင်းပေးသော်၊
14 ဒါဝိဒ်မင်းက ထွက်ပြေးကြကုန်အံ့။ မပြေးလျှင် အဗရှလုံ့လက်တွင်းမှ တစ်ယောက်မျှကင်းလွတ်မည်မဟုတ်။ သားတော်သည် ရှောင်တခင်တိုက်လာသဖြင့် ငါတို့မှစ၍ မြို့သူမြို့သားတို့ပါ ဓားဘေး မသင့်ရောက်စေရန် အဆောတလျင်ထွက်ပြေးကြလော့ဟု ယေရုရှလင်မြို့တွင် အပါးတော်ထမ်း ကျေးကျွန်သင်းပင်းတို့အား မိန့်ဆိုရာ
15 ကျေးကျွန်သင်းပင်းတို့က အရှင်မင်းမြတ်သဘောတော်ရှိတိုင်း ကျွန်တော်မျိုးတို့လိုက်ပါမည် ဟုတင်လျှောက်ကြလျှင်
16 ဘုရင်မင်းသည် မောင်းမကိုယ်လုပ်တစ်ကျိပ်တို့ကို နန်းတော်စောင့်ထားပြီးမှ၊ နန်းတော်သား အပေါင်းတို့နှင့်တကွ ထွက်ကြွလေ၏။
17-18 ဘုရင်မင်းသည် ထိုအခြံအရံနှင့်တကွ ထွက်ကြွလျက် မြို့တော်အစွန်၌တန့်ရပ်နေစဉ် ကျေးကွျန်သင်းပင်းမှစ၍ ဂိတ္တိခေါ် လိုက်ပါသူ ဂါသမြို့သားခြောက်ရာ ခေတ်ရသိနှင့်ပေလသိ တပ်တော်လုံးကို ရှေ့တင်စေ၏။
19 ထိုအခါ ဂါသမြို့သား အိတ္တဲအား ဘုရင်မင်းက၊ သင်သည် ကိုယ့်ပြည်နှင့်ဝေးကွာသောလူမျိုး ခြားဖြစ်လျက် ငါတို့နောက်သို့အဘယ်ကြောင့်လိုက်လိုသနည်း။ မင်းလောင်းထံသွားနေလော့။
20 သင်ခိုဝင်သည်ကား မနေ့ကပင်တည်း။ ယနေ့မှာ ငါ့ကိုယ်တိုင်သွားခွင့်ရှိသည့်အတိုင်းသွားရာ သို့ သင်လှည့်လည်၍ လိုက်ရမည်လော။ သင့်အမျိုးသားချင်းတို့ကိုခေါ်ပြီးလျှင် ကရုဏာနှင့်သစ္စာကျေးဇူးကို ခံစားလျက် ပြန်လော့ဟု မိန့်ဆိုသောအခါ
21 အိတ္တဲက၊ ထာဝရဘုရားနှင့်အရှင်မင်းမြတ်အသက်ရှင်တော်မူသည့်အတိုင်း သေရသည်ဖြစ်စေ၊ ရှင်ရသည်ဖြစ်စေ၊ အရှင်မင်းမြတ်စံနေတော်မူရာအရပ်တွင် ကျွန်တော်မျိုးလည်း ရှိနေပါရမည်ဟု တင်ေလျှာက်သော်
22 ဒါဝိဒ်မင်းက၊ သို့ဖြစ်လျှင် ကူးချီလော့ဟုမိန့်ဆိုသည့်အတိုင်း ဂါသမြို့သားအိတ္တဲသည် အပေါင်းပါတို့နှင့်သူငယ်တို့ပါ ကူးချီလေ၏။
23 ထိုနောက်ဘုရင်မင်းသည် တပ်တော်သားအပေါင်းတို့နှင့်တကွ တောသို့မျက်နှာမူလျက် ကေဒြုန်ချောင်းကိုကူးကြရာ ပြည်သူပြည်သားတို့အော်ဟစ်ငိုကြွေးကြကုန်၏။
24 ဇာဒုတ်လည်း ဘုရားသခင့်ပဋိညာဉ်တော်သေတ္တာကို ထမ်းဆောင်လျက်ရှိသော လေဝိဂိုဏ်းသားအပေါင်းတို့ပါ ဆိုက်ရောက်ကြ၏။ မြို့တွင်းမှတပ်တော်သားတို့ထွက်၍ မကုန်မချင်း သေတ္တာတော်ကိုချထားခိုက် အဗျာသာတက်သွား၏။
25 ဘုရင်မင်းက၊ ဘုရားသခင့်သေတ္တာတော်ကို မြို့တွင်းသို့ပြန်ပင့်လော့။ ငါသည်ထာဝရဘုရား ရှေ့တော်၌ မျက်နှာသာရလျှင် သေတ္တာတော်ကိုလည်းေကာင်း၊ ကိန်းဝပ်ရာဌာနကိုလည်းေကာင်း၊ ဖူးမြင်ခွင့်ရစေရန် ငါ့ကို ပြန်သိမ်းတော်မူလိမ့်မည်။
26 သင့်ကိုငါမမြတ်နိုးဟု ပယ်တော်မူခဲ့လျှင် အလိုတော်အတိုင်း ပြုတော်မူပါစေသတည်းဟူ၍လည်းေကာင်း၊ သိမှတ်ပြီလော။
27 သင့်သားအဟိမတ်နှင့်အဗျာသာ့သားယောနသန်၊ ထိုနှစ်ယောက်တို့ကိုခေါ်၍ အကြည်အသာ မြို့တွင်းသို့ပြန်ဝင်လော့။
28 သင်တို့ထံမှသတင်းမရောက်မီ၊ တောစကူးတို့ဆိပ်တွင် ငါဆိုင်းလင့်မည်ဟူ၍လည်းေကာင်း၊ ပရောဟိတ် ဇာဒုတ်အား မိန့်မှာသည့်အတိုင်း
29 ဇာဒုတ်နှင့်အဗျာသာတို့သည် ဘုရားသခင့်သေတ္တာတော်ကို ယေရုရှလင်မြို့တွင်းသို့ ပြန်ပင့်၍ နေကြကုန်၏။
30 ဒါဝိဒ်မင်းသည် ငိုကြွေးလျက် ဦးခေါင်းခြုံလျက် ခြေနင်းချွတ်လျက် သံလွင်တောင်အထက်လမ်းဖြင့် ကျော်သွားရာ နောက်တော်ပါအပေါင်းတို့လည်း ဦးခေါင်းခြုံလျက် ငိုကြွေးလျက်တက်ကြစဉ်
31 အဗရှလုံ့အသင်းအပင်း၌ အဟိသောဖေလပါဝင်ကြောင်း ဒါဝိဒ်မင်းကြားသော် အိုထာဝရ ဘုရား အဟိသောဖေလ၏ဉာဏ်ကိုမိုက်မဲစေတော်မူပါဟု တောင်းလျှောက်လေ၏။
32 ဘုရားသခင်ကိုရှိခိုးလေ့ရှိသော တောင်ထိပ်သို့ ဒါဝိဒ်မင်းရောက်သော် အာခိလူမျိုးဟု ရှဲသည် ဝတ်လုံဆုတ်ခြင်း၊ ဦးခေါင်းထက်မြေမုန့်တင်ခြင်းများကိုပြုပြီးလျှင် ခရီးဦးကြိုဆိုလာရာ
33 ဒါဝိဒ်မင်းက သင်သည်နောက်တော်လိုက်လျှင် ငါ၌ဝန်စီးလိမ့်မည်။
34 မြို့သို့ပြန်၍ အဗရှလုံအား ဘုရင်မင်းမြတ်၊ ကျွန်တော်သည် ခမည်းတော့်ထံ ကျွန်ခံခဲ့ဘူးသည့်နည်းတူ ကိုယ်တော့်အထံ၌လည်း ကျွန်ခံပါမည်ဟု လျှောက်လျှင် အဟိသောဖေလ ပေးသောအကြံကို ငါ့အကျိုးအတွက် ဖျက်ဆီးခွင့်ရလိမ့်မည်။
35 ပရောဟိတ်ဇာဒုတ်၊ အဗျာသာတို့လည်း မြို့တော်တွင်သင်နှင့်အတူရှိမည်မဟုတ်လော။ နန်းတွင်း၌ကြားသမျှသတင်းကို၊ ထိုပရောဟိတ်တို့အား ပြန်ကြားလော့။
36 ၎င်းတို့၌ရှိသော ဇာဒုတ်သားအဟိမတ်၊ အဗျာသာ့သားယောနသန်၊ ထိုနှစ်ယောက်တို့အားဖြင့် ကြားသမျှသတင်းကို ငါ့ထံသို့ပို့ရမည်ဟု မိန့်ဆိုသည့်အတိုင်း
37 ဒါဝိဒ်မင်း၏အဆွေခင်ပွန်းဟုရှဲသည် မြို့တော်သို့ပြန်သွား၏။ အဗရှလုံလည်း ယေရုရှလင် မြို့တော်သို့ဝင်လေ၏။