12
သို့ဖြစ်၍ ဒါဝိဒ်မင်းထံထာဝရဘုရားစေလွှတ်တော်မူသည့်အတိုင်း ပရောဖက်နာသန်သည် တိုးဝင်ပြီးလျှင် မြို့တစ်မြို့တွင် သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦး နေပါ၏။ သူဌေးမှာအလွန်များပြားသောသိုး၊ ဆိတ်၊ နွားများရှိ၏။ ဆင်းရဲသားမူကား၊ ကိုယ်တိုင်ဝယ်၍ မွေးမြူသောသိုးမငယ်မှတစ်ပါး၊ တစ်ကောင်မျှမရှိပါ။ ထိုသိုးမငယ်သည် သခင့်အစာကိုစားလျက် ရေခွက်မှသောက်လျက် ရင်ခွင်၌ အိပ်လျက် သမီးရင်း သဖွယ်အိမ်တွင် သခင်သားသမီးတို့နှင့် အတူကြီးပွားရပါ၏။ ဧည့်သည်တစ်ဦးရောက်ရာ သူဌေးသည် ဧည့်ဝတ်ပြုရန် ကိုယ်သိုး၊ ဆိတ်၊ နွားများကိုနှမြော၍ ဆင်းရဲသား၏သိုးမငယ်ကို ဆွဲယူစီရင်ပါသည်ဟု ပြောလေသော်၊ ဒါဝိဒ်မင်းသည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍ ထာဝရဘုရားအသက်ရှင်တော်မူသည့် အတိုင်း ထိုသို့ပြုသောသူသည် သေဒဏ်ခံထိုက်၏။ ထောက်ညှာခြင်းကင်းလျက် ထိုအမှုကိုပြုသောကြောင့် သိုးမငယ်အစားလေးဆလျော်ပေး ရမည်ဟု မိန့်ဆို၏။
နာသန်ကလည်း၊ ထိုသူကား ဘုရင်မင်းပင်တည်း။ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည်မှာ ငါသည်သင့်ကိုဣသရေလလူမျိုးအပေါ်တွင် ဘုရင်အဖြစ်ဘိသိက်သွန်း၍ ရှောလုလက်မှကယ်လွှတ်သည့်ပြင် သင့်အရှင့်အိမ်ထောင်သားချင်းမှစသော ဣသရေလနှင့် ယုဒလူမျိုးကိုအပ်နှင်းလျက် သင့်အရှင့်ကြင်ဘက်တို့ကိုလည်း သိမ်းပိုက်ခွင့်ပြုခဲ့ပြီ။ ထိုအရာများ နှင့်တင်းမတိမ်လျှင် ငါထပ်၍ပေးဦးမည်ဖြစ်လျက် ငါထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကိုကျင့်၍ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ဟိတ္တိလူမျိုးဥရိယကို ဓားဖြင့်သေကြောင်းကြံလျက် အမ္မုန်အမျိုး သားတို့၏ဓားဘေးနှင့်ဆုံးစေပြီးလျှင် မယားကိုသိမ်းယူပြီးတကား။ 10 ငါ့ကိုမထီမဲ့မြင်ပြုလျက် ဟိတ္တိလူမျိုးဥရိယ၏မယားကို သိမ်းယူသောကြောင့်၊ သင့်သားစဉ် မြေးဆက်တို့သည် ယခုကစ၍ ဓားဘေးနှင့်ကင်းတော့မည်မဟုတ်ဟု မိန့်တော်မူ၏။ 11 ထာဝရဘုရားမိန့်တော်မူပြန်သည်ကား ငါသည်သင့်နန်းတွင်းကပင် သင့်အားဘေးပေါ်ထွက် စေ၍ သင့်မျက်မှောက်တွင် ကြင်ဖက်များကိုသိမ်းယူလျက် အခြားသူ့အား အပ်ပေးမည်။ ထိုသူသည် နေအလင်းတွင်ပင် ဆက်ဆံလိမ့်မည်။ 12 သင်သည်ဤအမှုကို လျှို့တဝှက်ပြု၏။ ငါမူကား နေအလင်းတွင် ဣသရေလလူမျိုးမျက် မှောက်ထင်ထင်စီရင်မည်ဟူသော ဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ 13 ဒါဝိဒ်မင်းက၊ အကျွန်ုပ်သည် ထာဝရဘုရားကိုပြစ်မှားမိပါပြီဟု ဝန်ချလျှင် နာသန်က၊ ဘုရင် မင်းအပြစ်ကို ထာဝရဘုရားလွှတ်၍ သေဒဏ်မှချမ်းသာစေတော်မူပြီ။ 14 သို့ရာတွင် ဤပြစ်မှုအတွက် ထာဝရဘုရား၏ရန်သူတို့ကဲ့ရဲ့ဖွယ်ရာ အကြောင်းရှိသောကြောင့် ယခုရသောသားသည် မုချသေရမည်ဟုဆင့်ဆိုပြီးလျှင် 15 အိမ်သို့ပြန်သွားလေ၏။
ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဥရိယမယားတွင် ဒါဝိဒ်မင်းရသောသား၌ ပြင်းပြသော ဝေဒနာရောက်ရှိရာ 16 ဒါဝိဒ်မင်းသည် အတွင်းဆောင်သို့ဝင်ပြီးလျှင်၊ သူငယ့်အတွက် ထာဝရဘုရားထံအသနားတော် ခံလျက် ပွဲတော်မသုံးဘဲ နန်းကြမ်းပြင်တွင် တစ်ညဉ့်လုံးေလျာင်းလဲ၍ နေလေ၏။ 17 ဘုရင်မင်းကို ထူမရန် နန်းတော်သားအကြီးအမှူးတို့ချဉ်းလာကြသော်၊ 18 ဘုရင်မင်းသည်မထ၊ ပွဲတော်လည်းမသုံးချေ။ ခုနစ်ရက်စေ့၍ သူငယ်သေရာ ဒါဝိဒ်မင်း၏ ကျေးကျွန်သင်းပင်းတို့က၊ သူငယ်အသက်ရှင်သေးစဉ် ငါတို့တင်သော်လည်း နာယူတော်မူသည် မဟုတ်။ သူငယ်သေကြောင်းကိုတင်လျှောက်က ကိုယ်ကိုအန္တရာယ်ပြုမည်ဟု အောက်မေ့လျက် မတင်မလျှောက်ဝံ့ကြ။ 19 သို့ရာတွင် ကျေးကျွန်သင်းပင်းတို့အချင်းချင်း တီးတိုးပြောကြသည်ကို ဒါဝိဒ်မင်းသိမြင်လျှင် သူငယ်သေကြောင်းကိုရိပ်မိလျက် သူငယ်သေပြီလောဟုမေးရာ သေပါပြီဟု တင်လျှောက်ကြသော အခါ 20 နန်းကြိမ်းပြင်မှထ၍ ရေသုံးသပ်ခြင်း၊ ဆီလိမ်းခြင်း၊ ဝတ်လဲတော်ဆင်ယင်ခြင်းများကိုပြုပြီး လျှင်၊ ထာဝရဘုရားဗိမာန်တော်သို့သွား၍ ရှိခိုးပြီးနောက် နန်းတော်သို့ ပြန်ဝင်လျက် တောင်းဆို ဆက်သသောပွဲတော်စာကို သုံးဆောင်လေ၏။ 21 ကျေးကျွန်သင်းပင်းတို့ကလည်း၊ ဘုရင်မင်းသည် မည်သို့ပြုတော်မူပါသနည်း။ သူငယ်အသက် ရှင်သေးစဉ် သူငယ့်အတွက် ပွဲတော်မသုံးဘဲ ငိုကြွေးပါ၏။ သေမှထ၍သုံးဆောင်တော်မူပါသည် တကားဟု တင်လျှောက်ကြရာ 22 သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကိုသနား၍ သူငယ်အသက်ရှင်စေတော်မူမည် မမူမည်ကို မည်သူသိနိုင်သနည်းဟု အောက်မေ့လျက် ပွဲတော်မသုံးဘဲ ငါငိုကြွေး၏။ 23 ယခုသူငယ်သေပြီဖြစ်၍ ပွဲတော်မသုံးဘဲနေလျှင် အဘယ်အကျိုးနည်း။ ပြန်၍ခေါ်ဆောင်နိုင် မည်လော။ ငါသည်သူရှိရာသို့သွားရမည်။ သူမူကား ငါရှိရာသို့မလာလေစွဟုမိန့်ဆို၏။ 24 တစ်ဖန် ဒါဝိဒ်မင်းသည် ကြင်ဘက်ဗာသရှေဘကိုနှစ်သိမ့်စေရန် သူ့ထံသို့ဝင်၍ဆက်ဆံရာ သားယောက်ျားကို မီးရှူးမြင်သော်၊ ရှောလမုန်အမည်ဖြင့်မှည့်လေ၏။ 25 ထာဝရဘုရားသည် ထိုသူငယ်ကိုမြတ်နိုးတော်မူသဖြင့် ပရောဖက်နာသန်ကိုလွှတ်၍ မြတ်နိုး တော်မူကြောင်း အစွဲပြုလျက် 12.25 အနက်ကား၊ ထာ၀ရဘုရားမြတ်နိုးသူ။​ယေဒိဒိအမည်ဖြင့်မှည့်စေတော်မူ၏။
26 ယွာဘလည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကိုတိုက်ခိုက်၍ မြို့တော်ကိုရပြီးမှ 27 ဒါဝိဒ်မင်းထံခြေလျင်တို့ကိုစေလွှတ်လျက် ကျွန်တော်မျိုးသည် ရဗ္ဗာမြို့ကိုတိုက်ခိုက်ရာ ရေကာ မြို့ကိုရပါပြီ။ 28 ယခုမှာ ကျွန်တော်မျိုးသည် ခံမြို့ကိုသိမ်းယူက ကျွန်တော့်အမည်ဖြင့် သမုတ်မည်စိုး၍ ကျန်ဗိုလ်ထုတို့ကို စုရုံးပြီးလျှင် မြို့အနီးတပ်စွဲလျက်သိမ်းယူတော်မူပါဟု တင်လျှောက်သည့်အတိုင်း 29 ဒါဝိဒ်မင်းသည် ဗိုလ်ထုအလုံးအရင်းကို စုရုံးလျက် ရဗ္ဗာမြို့ရောက်ချီသွား၍ တိုက်ခိုက်သိမ်းယူ ပြီးနောက် ေရွှ္ချိန်ခွက်သုံးဆယ်စီးမကိုဋ်ကို 30 မိလကုံဘုရားရုပ် ဦးခေါင်းမှချွတ်ယူ၍ ချယ်လယ်သောကျောက်မျက်ကို ကိုယ့်ဦးခေါင်းတော်မှာ ဆင်ယင်လျက် အလွန်များပြားသော ဥစ္စာပစ္စည်းကိုလည်း လုယူလေ၏။ 31 မြို့သားတို့ကိုကား ခေါ်ထုတ်၍ လွှ၊ သံထွန်၊ သံပုဆိန်များနှင့်အလုပ်ဝန်တာချလျက် အုတ်ကျင်းများ၌လည်း လုပ်ကိုင်စေ၏။ အမ္မုန်အမျိုးသားတို့ မြို့ရွာရှိသမျှ၌ ထိုသို့စီရင်ပြီးမှ ဒါဝိဒ်မင်းသည် ဗိုလ်ထုအလုံးအရင်းနှင့်တကွ ယေရုရှလင်မြို့သို့ပြန်ချီလေ၏။