2
နောမိလင်ဧလိမလက်၏အမျိုးအနက်၊ ပေါများသူ ဗောဇအမည်ရှိသော ဆွေမျိုးတစ်ဦးရှိ၏။ ထိုအခါ မောဘပြည်သူရုသက၊ မုယောခင်းအတွင်း သွား၍ စိတ်နှင့်တွေ့သူ့နောက်က ကောက် သင်းကောက်ပါရစေဟု နောမိထံအခွင့်ပန်လျှင် ငါ့သမီး၊ သွားလေလော့ဟု အခွင့်ရသည့်အတိုင်း၊ သွားရောက်ပြီးလျှင် အခင်းတွင် ရိတ်သိမ်းသူတို့နောက်လိုက်၍ ကောက်သင်းကောက်ရာ ဧလိမလက်အမျိုးဖြစ်သော ဗောဇပိုင်မြေကွက်တွင် ကောက်မိလေ၏။ ဗောဇသည် ဗက်လင်မြို့မှလာရောက်၍ သင်တို့နှင့်အတူ ထာဝရဘုရားတည်ရှိပါစေသောဟု ရိတ်သိမ်းသူတို့အား ဆိုလျှင် သူတို့က ထာဝရဘုရားသည် အရှင်အားကောင်းကြီးပေးတော်မူပါစေသောဟုပြန်ဆိုကြ၏။ ဤမိန်းမငယ်သည် မည်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးမြန်းသော်၊ မောဘပြည်မှ နောမိနှင့်အတူလိုက်ပါသော မောဘအမျိုးသမီးဖြစ်ပါသည်။ ကောက်လှိုင်းစုတွင် ရိတ်သိမ်းသူတို့နောက်လိုက်၍ ကောက်သင်းကောက်ပါရစေဟု အခွင့်ပန်သည့်အလျောက် တဲတွင်ခဏနားပြီးမှ နံနက်အချိန်မှစ၍ ယခုတိုင်၊ ကောက်လျက်နေပါ သည်ဟု လယ်ခေါင်းလျှောက်ဆိုသည့်အတိုင်း၊ ရုသအား ဗောဇက၊ နားထောင်ပါ၊ ချစ်သမီး၊ အခြားအခင်းများတွင် ကောက်သင်းကောက်ရန် ဤအရပ်မှမထွက်မသွားဘဲ ငါ့ကျွန်မိန်းမတို့နှင့်အတူ နေထိုင်ပါလော့။ ရိတ်သိမ်းသောအခင်းကိုမှတ်၍ လိုက်လော့။ လုလင်တို့သည် သင်၌မထိမခိုက်ရန် မှာနှင့်ပြီမဟုတ်လော။ ရေငတ်လျှင် အိုးထားရာသို့သွား၍လုလင်တို့ ခပ်လောင်းသောရေကို သောက်လော့ဟု ဆိုသော်၊ 10 ရုသသည် ဦးညွှတ်ပျပ်ဝပ်လျက် လူမျိုးခြားဖြစ်သော ကျွန်မကိုသိမှတ်ရန်၊ စိတ်တော်နှင့် မည်သည့်အကြောင်းဖြင့် တွေ့ရပါသနည်းဟု လျှောက်ရာ 11 ဗောဇက၊ သင့်လင်ကွယ်လွန်ပြီးနောက် ယောက္ခမအားပြုစုသမျှကိုလည်းေကာင်း၊ သင်သည်ချက်မြှုပ် ရာ ဌာနနှင့် မိဘတို့ကိုစွန့်၍ ယမန်ကမသိဘူးသောလူမျိုးထံရောက်လာသည်ကိုလည်းေကာင်း၊ ငါအသေအချာသိပါပြီ။ 12 ထာဝရဘုရားသည် သင့်အမှုအတိုင်း ဆပ်ပေးတော်မူ၍ အတောင်တော်အောက်တွင် ခိုလှုံရန်လာရောက်သည်နှင့်အညီ၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား အထံတော်မှ ဆုကျေးဇူးတော်ကို သင်ရပါစေသောဟုဆိုသောအခါ 13 ရုသက၊ အိုအရှင်၊ စိတ်တော်နှင့်တွေ့ပါရစေ။ အရှင့်ကျွန်မိန်းမတို့နှင့် ကျွန်မအမျိုးမတူသော်လည်း မေတ္တာစကားဖြင့် အရှင်နှစ်သိမ့်စေတော်မူပါြပီဟု ပြန်လျှောက်ေလ၏။ 14 စားသောက်ချိန်တွင် ဗောဇက၊ လာလှည့်၊ စားပါလော့။ ပုံးရည်တွင်စိမ်၍ စားလော့ဟုဆိုသည့်အတိုင်း ရုသသည် ရိတ်သိမ်းသူတို့အနီး ထိုင်၍ ပေးကမ်းကြသောမုန့်ဆန်းကို ဝစွာစားပြီးမှ အကျန်ချန်ထားသေး၏။ 15 တစ်ဖန်ကောက်သင်းကောက်ရန် ထသောအခါ လုလင်တို့အား ဗောဇက၊ ထိုမိန်းမငယ်သည် ကောက်လှိုင်းစုအတွင်းတွင် ကောက်သင်းကောက်ပါစေ။ အပြစ်မတင်ကြနှင့်။ 16 ကောက်ဆုပ်များမှ သူ့အဖို့ချသဖြင့် ကောက်ယူပါစေ။ မဆိုကြပါနှင့်ဟု မှာထားလေ၏။ 17 ရုသသည် ထိုအခင်းတွင် ညဉ့်ဦးတိုင်အောင် ကောက်၍ မုယောစပါးကိုနယ်ရာတစ်တင်းခန့်ရသဖြင့် 18 မြို့တွင်းသို့ရွက်ဝင်၍ ယောက္ခမအားပြလျက် ဝစွာစားပြီးမှ ချန်ထားသောအစာကိုလည်း ထုတ်ပေးလေ၏။ 19 ယနေ့အဘယ်အခင်းတွင် ကောက်၍လုပ်ဆောင်သနည်း။ သင့်ကိုကြည့်ရှုသူ၌ မင်္ဂလာရှိပါစေသောဟု ယောက္ခမဆိုလျှင် ယနေ့ကျွန်မလုပ်ဆောင်သောအခင်း ရှင့်အမည်ကား ဗောဇဖြစ်ပါသည်ဟုဆိုလျက် အခင်းရှင့်အမည်ကို ယောက္ခမအား ကြားပြောသော် 20 နောမိက၊ သေသူရှင်သူတို့၌မပြတ်မစဲ ကျေးဇူးပြုသောထိုသူသည် ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရပါစေသောဟူ၍လည်းေကာင်း၊ ငါတို့ဆွေမျိုးနီးစပ်ရွေးပိုင်သူတို့အပါအဝင်ဖြစ်သည်ဟူ၍လည်းေကာင်း၊ 21 ချွေးမအားပြောလျှင်၊ မောဘပြည်သူရုသက ရိတ်သိမ်းမှုမပြီးမချင်း၊ ငါ့လုလင်တို့နှင့် မခွဲဘဲကောက်လော့ဟု မိန့်မှာကြောင်း ပြန်ကြားရာ၊ 22 နောမိက၊ ငါ့သမီး၊ အခြားအခင်းတွင် အထိအခိုက်မရှိစေရန် ထိုသူ့ကျွန်မိန်းမတို့နှင့် အပေါင်းအသင်းပြုလျှင် တော်လိမ့်မည်ဟု ပြန်ပြောသည့်အလျောက် 23 ချွေးမရုသသည် မုယောဂျုံစပါးရိတ်သိမ်းမှုမပြီးမချင်း ဗောဇ၏ကျွန်မိန်းမတို့နှင့်မခွဲဘဲ ကောက်သင်းကောက်လျက် ယောက္ခမနှင့်အတူ နေထိုင်လေ၏။