16
ကင်ခြေမြို့ရှိအသင်းတော်တွင် သင်းထောက်ဖြစ်သောငါတို့နှမဖိဗေကို သင်တို့နှင့်ငါကျွမ်းဝင်စေ၏။ တပည့်တော်တို့နှင့်ထိုက်လျောသည့်အလျောက်၊ အရှင်ဘုရားကိုထောက်၍လက်ခံပြီးလျှင်၊ လိုအပ်သမျှအတိုင်းပြုစုကြလော့။ သူသည်အများတို့မှစသောငါ့ကိုပင် ပြုစုခဲ့လေပြီ။
ခရစ်တော်ယေရှု၌ ငါ့လုပ်ဘော်ဆောင်ဘက်ပြစ်ကနှင့်အာကုလတို့ကိုနှုတ်ဆက်ကြလော့။ ငါ့အတွက် ကိုယ့်အသက်ကိုစွန့်စားသည့်အလျောက်၊ ထိုသူတို့ကျေးဇူးကို ငါသာမဟုတ်။ လူမျိုးခြားအသင်းတော်ရှိသမျှတို့ ချီးမွမ်းကြ၏။ သူတို့အိမ်ရှိအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ ခရစ်တော့်အဘို့ အာရှိပြည်တွင် တပည့်ဦးဖြစ်သောငါ့ချစ်ဆွေဧပဲနက်ကို နှုတ်ဆက်ကြလော့။ သင်တို့အဘို့ များစွာကြိုးစားအားထုတ်ခဲ့သောမာရိကိုနှုတ်ဆက်ကြလော့။ တမန်တော်တို့အနက် ကျော်စောသူ ငါ့အရင်ခရစ်တော်၌တည်နေသောငါ့ဆွေမျိုး၊ ငါနှင့်အတူအကျဉ်းခံရသောအန္ဒြောနိတ်နှင့် ယုနိတ်တို့ကိုနှုတ်ဆက်ကြလော့။ အရှင်ဘုရား၌ ငါ့ချစ်ဆွေဖြစ်သူအမ္ပလိအာတုကို နှုတ်ဆက်ကြလော့။ ခရစ်တော်၌ ငါတို့လုပ်ဘော်ဆောင်ဘက်ဖြစ်သူ ဥရဗန်နှင့်ငါ့ချစ်ဆွေသေတာခုတို့ကို နှုတ်ဆက်ကြလော့။ 10 ခရစ်တော်၌စံချပြီးသူအပေလေကို နှုတ်ဆက်ကြလော့။ အာရိတ္ထောဗုလု အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။ 11 ငါ့ဆွေမျိုးဟေရောဒျုန်ကို နှုတ်ဆက်ကြလော့။ အရှင်ဘုရား၌တည်နေသော နာကိသုအိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။ 12 အရှင်ဘုရားအမှုတော်၌ ကြိုးစားအားထုတ်သူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ကြလော့။ အရှင်ဘုရားအမှုတော်၌ များစွာကြိုးစားအားထုတ်ခဲ့သူ ချစ်ဆွေပေရတိကို နှုတ်ဆက်ကြလော့။ 13 အရှင်ဘုရား၌ ဧတဒဂ်ရသူရုဖုမှ စ၍ငါ့အမိသဘွယ်ဖြစ်သောသူ့အမိကို နှုတ်ဆက်ကြလော့။ 14 အသုံကရိတ်၊ ဖလေဂုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမမှစ၍သူတို့အပေါင်းအဘော်ဖြစ်သောညီအစ်ကိုတို့ကိုနှုတ်ဆက်ကြလော့။ 15 ဖိလောလုပ်နှင့်ယုလိ၊ နေရုနှင့်သူ့နှမ၊ သြလုမ္ပမှစ၍သူတို့အပေါင်းအဘော်ဖြစ်သောတပည့်တော်အပေါင်းတို့ကိုနှုတ်ဆက်ကြလော့။ 16 တစ်ယောက်ကိုတစ်ယောက်သန့်ရှင်းစွာနမ်းရှုပ်လျက် နှုတ်ဆက်ကြလော့။ ခရစ်တော်၏အသင်းတော်ရှိသမျှတို့က သင်တို့ကိုနှုတ်ဆက်လိုက်ကြ၏။ 17 အိုညီအစ်ကိုတို့သင်တို့သင်ကြားခဲ့သောဒေသနာနှင့်ဆန့်ကျင်လျက်၊ ကွဲပြားခြင်း၊ တိုက်လဲခြင်းအကြောင်းဖြစ်ပွားစေသူတို့ကိုမှတ်၍လွဲရှောင်ကြစေရန် ငါနှိုးဆော်ပါ၏။ 18 ထိုသို့သောသူတို့သည် ငါတို့အရှင်ခရစ်တော့်ထံ အစေကိုမခံဘဲ၊ ကိုယ့်ဝမ်းအစေကိုခံလျက်၊ သာယာနာပျော်သောစကားဖြင့် ရိုးသားသူတို့၏စိတ်နှလုံးကိုလှည့်ဖြားတတ်ကြ၏။ 19 သင်တို့နားထောင်မှုသတင်းသည် သူခပ်သိမ်းတို့ထံကြေငြာသည်ဖြစ်၍သင်တို့အတွက်ငါဝမ်းမြောက်ရာတွင် အကောင်း၌လိမ္မာ၍ အဆိုး၌မလိမ္မာသူများဖြစ်စေလို၏။ 20 ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် စာတန်ကိုသင်တို့ခြေအောက်တွင်မကြာမှီအနင်းခံစေတော်မူလိမ့်မည်။ ငါတို့အရှင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ တည်ရှိပါစေသော။
21 ငါ့လုပ်ဘော်ဆောင်ဘက်တိမောသေနှင့်ငါ့ဆွေမျိုးလုကိ၊ ယာသုန်၊ သောသိပတရုတို့က သင်တို့ကိုနှုတ်ဆက်လိုက်ကြ၏။ 22 အရှင်ဘုရားကိုအမှီပြု၍ဤကျမ်းစာရေးဖြစ်သောကျွန်ုပ်တေရတိကလည်း နှုတ်ဆက်လိုက်၏။ 23 ငါမှစ၍အသင်းတော်လုံးကိုဧည့်ခံသူ ဂါယုကလည်း နှုတ်ဆက်လိုက်၏။ မြို့ဘဏ္ဍာဝန် ဧရတ္တုနှင့်ညီအစ်ကိုကွာတုတို့ကလည်း နှုတ်ဆက်လိုက်ကြ၏။ 24 ကာလအစဉ်ဝှက်ထားလျက်ရှိသော်လည်း။ နိစ္စဘုရားသခင့်အမိန့်တော်အတိုင်း။ ပရောဖက်တို့ကျမ်းဂန်များဖြင့်၊ လူမျိုးခြားခပ်သိမ်းတို့ယုံကြည်၍လိုက်နာစေအံ့သောငှာ။ ယခုကာလထင်ရှား၍ထွက်ပေါ်ပြီး နက်နဲရာကိုဖွင့်ပြခြင်းတည်းဟူသော၊ ယေရှုခရစ်အကြောင်းကြေငြာသောသတင်း၊ ငါဟောပြောသောသတင်းတော်မြတ်အရ။ သင်တို့ကိုတည်ကြည်စေတော်မူနိုင်သောအရှင်။
25-26 ကာလအစဉ်ဝှက်ထားလျက်ရှိသော်လည်းနိစ္စဘုရားသခင့်အမိန့်တော်အတိုင်း ပရောဖက်တို့ကျမ်းဂန်များဖြင့် လူမျိုးခြားခပ်သိမ်းတို့ယုံကြည်၍ လိုက်နာစေ အံ့သောငှါ၊ ယခုကာလထင်ရှား၍ ထွက်ပေါ်ပြီး နက်နဲရာကိုဖွင့်ပြခြင်းတည်းဟူသော ယေရှုခရစ်အကြောင်းကြော်ငြာသောသတင်း၊ ငါဟောပြောသောသတင်းတော်မြတ်အရ သင်တို့ကိုတည်ကြည်စေတော်မူနိုင်သောအရှင်၊ 27 တစ်ဆူတည်းသော ဉာဏ်တော်နှင့်ပြည့်စုံတော်မူသောဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ကမ္ဘာအဆက်ဆက်ဘုန်းတော်ကြီးပါစေသတည်း။ အာမင်။