22
1 အနုကြမ်းစီးလာသောအာရပ်လူမျိုးတို့သည်၊ တပ်တော်အတွင်းဝင်၍ နောင်တော်တို့ကို ကွပ်မျက်သောကြောင့်၊ သားတော်ထွေးအာဇခိကို၊ ခမည်းတော်အရိုက်အရာ၌၊ ပြည်သူပြည်သား တို့မင်းမြှောက်ကြကုန်၏။
2 ယုဒဘုရင်ယဟောရံမင်းသားတော်အာခဇိမင်းသည်၊ အိမ်နိမ့်လေးဆယ့်နှစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ တစ်နှစ်သာစိုးစံရ၏။ မယ်တော့်အမည်ကား၊ ဩမရိမင်း မြေးတော်အာသလိတည်း။
3 ထိုမင်းလည်း၊ မယ်တော်ပေးသောအကြံဆိုးအတိုင်း၊ အာဟပ်မင်းမျိုး နည်းလမ်းကိုလိုက်လျက်၊ ခမည်းတော်ကွယ်လွန်ပြီးနောက်၊
4 ပြည်ကျိုးယုတ်စေရန် အကြံပေးလျက်ရှိသော အာဟပ်မင်းမျိုးကဲ့သို့၊ ထာဝရဘုရားမျက်မှောက်တော်တွင်ဆိုးသွမ်မှုကို ပြုကျင့်၏။
5 အာခဇိမင်းသည်၊ ပေးကြသောအကြံအတိုင်း အာဟပ်မင်းသားတော်၊ ဣသရေလ ဘုရင်ယောဟံမင်းနှင့်အတူ၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့ချီ၍၊ ရှုရိဘုရင်ဟာဇေလမင်း ကိုစစ်တိုက်ကြ ရာ၊ ရှုရိသူရဲတို့က၊ ယောရံမင်းကို ထိမှန်အောင်ပစ်ခတ်ကြ၏။
6 ထိုမြို့၌ရှုရိဘုရင်ဟာဇေလမင်းနှင့်စစ်တိုက်၍ ပစ်ခတ်ခံရသောအနာကိုကုသရန်၊ ယေဇရေလမြို့သို့ယောရံမင်းဆုတ်ပြန်ခဲ့ရာ၊ ယာဟောရံမင်းသားတော်၊ ယုဒဘုရင် အာခဇိမင်းလည်း၊ ယေဇရေလမြို့၌မကျန်းခန့်သောထိုမင်းကို သွားရောက်ကြည့်ရှုလေ၏။
7 ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်အတိုင်း၊ အာခဇိမင်းပျက်စီးရအံ့သောအကြောင်းကား၊ ယောရံမင်းထံအကြည့်အရှုသွားရောက်စဉ်၊ အာဟပ်အမျိုးကို သုတ်သင်စေ ရန်၊ ရာဇဘိသိက်ပေး၍၊ ထာဝရဘုရားစေလွှတ်တော်မူသော၊ နိမ်ရှိသားယေဟုကို ဆီးဆို့ရန်၊ ယောရံမင်းနှင့်အတူ ချီထွက်ခြင်းကြောင့်တည်း။
8 အာဟပ်မင်းမျိုးကိုပြစ်ဒဏ်အတိုင်းယေဟုစီရင်သောအရေးအတွင်း၊ အာခဇိမင်းထံခစားသောယုဒမှူးတော်မတ်တော်တို့နှင့်၊ တူတော်တို့ကိုတွေ့ဆုံ၍ကွပ်မျက်ပြီးလျှင်၊
9 ရှမာရိမြို့၌ပုန်းရှောင်လျက်နေသောအာခဇိမင်းကိုလည်း လိုက်ရှာဖမ်းဆီး၍၊ ယေဟုထံပို့အပ်ကွပ်မျက်ကြရာ၊ ထာဝရဘုရားအားစိတ်နှလုံးအကြွင်းမဲ့ရှာဖွေသူယောရှ ဖတ်မင်းသားတော်ဖြစ်သည်ကိုထောက်၍၊ စျာပနပြုကြလေ၏။ အာခဇိမင်းမျိုးမှာ၊ နိုင်ငံကိုအုပ်ချုပ်ရန်စွမ်းရည်သတ္တိမရှိချေ။
10 အာခဇိမင်း၏မယ်တော်အာသလိသည်၊ သားတော်ကွယ်လွန်ကြောင်းသိလျှင်၊ ယုဒမင်းမျိုးမင်းနွယ်အပေါင်းတို့ကိုသုတ်သင်လေ၏။
11 သို့ရာတွင်၊ ဘုရင့်သမီးတော်ယောရှေဘသည်၊ ကွပ်မျက်ခံရသူမင်းညီမင်းသားတို့အနက်၊ အာခဇိမင်းသားတော်ယောရှကိုလျှို့တဝှက်ယူ၍၊ အထိန်းတော်ပါ၊ စက်ခန်းဆောင်တွင် ဝှက်ထားလေ၏။ ထိုသို့ယဟောရံမင်းသမီးတော်အာခဇိမင်းနှမတော်၊ ပရောဟိတ်ယောယဒ၏ခင်ပွန်းယောရှေဘသည်၊ အာသလိဓားဘေးမှလွတ်စေခြင်းငှာ ဝှက် ထားသည့်အတိုင်း၊ ပြည်တော်ကိုအာသလိစိုးစံစဉ်၊ သူတို့နှင့်အတူ၊ ဗိမာန်တော်တွင် ခြောက်နှစ်တိုင်တိုင် ယောရှပုန်းနေရလေ၏။