7
ဣသခါ့သားများကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တို့တည်း။ တောလသားများကား သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတို့တည်း။ ဆွေစဉ်မျိုးဆက်အလိုက် တောလအိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်သော ထိုစစ်ခေါင်းမာသူတို့သည် ဒါဝိဒ်မင်းလက်ထက်၊ နှစ်သောင်းနှစ်ထောင့်ခြောက်ရာအရေအတွက်ရှိကြ၏။ သြဇိသားကား၊ ဣဇရဟိ။ ဣဇရဟိသားများ မိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယာ၊ အအုပ်အချုပ်ဖြစ်သူငါးယောက်တို့တည်း။ သူတို့၌သားမယားများပြားသောကြောင့် ဆွေစဉ်မျိုးဆက်အိမ်ထောင်များအလိုက် စစ်မှုထမ်းရသူတပ်သားသုံးသောင်းခြောက်ထောင်ရှိကြ၏။ သူတို့ဆွေမျိုးသားချင်း၊ ဣသခါ့အဆက်အနွယ်အပေါင်းတို့အတွင်း စစ်ခေါင်းမာသူရှစ်သောင်းခုနစ်ထောင်တို့သည် ဘိုးစဉ်ဘေးဆက်စာရင်းဝင်ကြသနည်း။
ဗင်္ယာမိန့်သားများကား၊ ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တို့တည်း။ ဗေလသားများကား ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိမုတ်၊ ဣရိ၊ အိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်သော စစ်ခေါင်းမာသူငါးယောက်တို့တည်း။ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက်တို့သည် ဘိုးစဉ်ဘေးဆက်စာရင်းဝင်ကြ၏။ ဗေခါ့သားများကား၊ ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလျောနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တို့တည်း။ ဆွေစဉ်မျိုးဆက်အိမ်ထောင်အအုပ်အချုပ်များအလိုက် စစ်ခေါင်းမာသူနှစ်သောင်းနှစ်ရာတို့သည် ဘေးစဉ်ဘိုးဆက်စာရင်းဝင်ကြ၏။ 10 ယေဒယေလသားကား၊ ဗိလဟန်တည်း။ ဗိလဟန့်သားများကား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ၊ ခေနာနာ၊ ဇေသန်၊ တာရှု၊ အဟိရှဟာတို့တည်း။ 11 အိမ်ထောင်အအုပ်အချုပ်များအလိုက်၊ ယေဒယေလ၏ထိုသားမြေးတို့အတွင်း စစ်ချီတိုက်ခိုက်နိုင်သောစစ်ခေါင်းမာသူ တစ်သောင်းခုနစ်ထောင့်နှစ်ရာရှိ၏။ 12 ထိုမှတစ်ပါး ရှုပိမ်၊ ဟုပိမ်၊ ဣရသားမြေး၊ ဟုရှိမ်၊ အာဟေရသားမြေးတို့တည်း။
13 ဗိလဟာမြေး၊ နဿလိသားများကား ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှလ္လုံတို့တည်း။
14 မနာရှေ့သားဦးကား၊ အာသရေလတည်း။ ရှုရိအမျိုးဖြစ်သူ နှောင်းမယားတွင်ရသောသားကား ဂိလဒ်အဘမာခိရတည်း။ 15 မာခိရသည် မာခါအမည်ရှိသော ဟုပိမ်နှင့်ရှုပိမ်တို့နှမနှင့်စုံဖက်၍ နှစ်ဆက်မြောက်သောသားကား ဇလောဖဒ်အမည်ရှိသူတည်း။ ဇလောဖဒ်၌သမီးသာရှိ၏။ 16 မာခိရမယားမာခါသည် သားကိုဖွားမြင်၍ ပေရက်အမည်ဖြင့်မှည့်၏။ သူ့ညီကား ရှေရက်အမည်ရှိ၏။ သူ့သားများကား ဥလံနှင့်ရေကင်တို့တည်း။ ဥလံ့သားကား ဗေဒန်တည်း။ 17 ဤသည်ကား မနာရှေ့မြေး၊ မာခိရသားဖြစ်သော ဂိလဒ်၏သားတို့တည်း။ 18 သူ့နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မာလာတို့ကိုဖွားမြင်၏။ 19 ရှမိဒသားများကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတို့တည်း။
20 ဧဖရိမ့်သားကား ရှုသေလ။ ၎င်းသား ဗေရက်။ ၎င်းသား တာဟတ်။ ၎င်းသား ဧလာဒ။ ၎င်းသား တာဟတ်။ 21 ၎င်းသား ဇာဗဒ်။ ၎င်းသား ရှုသေလတည်း။ ထိုမှတစ်ပါး သိုးနွားလုယူရန်ချီလာသူ ဧဖရိမ့်သား ဧဇာနှင့်ဧလဒ်တို့ကို ဂါသမြို့နေ၊ ပြည်ရင်းသားတို့လုပ်ကြံကြသောကြောင့်၊ 22 ကာလရှည်ကြာစွာ အဘဧဖရိမ်မြည်တမ်းလျက်နေရာ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှါလာကြ၏။ 23 နောက်တစ်ဖန် မယားထံဝင်သဖြင့်သန္ဓေရ၍ သားကိုဖွားမြင်သော် အဘသည် အိမ်ထောင်၌ 7.23 ပါဠိ - ဗေရိယဟူေသာအမည်နှင့်ညီ၏။ဘေးသင့်သည်ကိုအစွဲပြု၍ ဗေရိယအမည်ဖြင့်မှည့်သတည်း။ 24 သမီးရှေရကား အောက်ဗေသောရုန်မြို့၊ အထက်ဗေသောရုန်မြို့၊ သြဇင်ရှေရမြို့များကိုပြုစုသူတည်း။ 25 သူ့သားကား ရေဖ။ ၎င်းသား ရေရှပ်။ ၎င်းသား တေလ။ 26 ၎င်းသား တာဟန်။ ၎င်းသား လာဒန်။ 27 ၎င်းသား အမိဟုဒ်။ ၎င်းသား ဧလိရှမာ။ ၎င်းသား နုန်။ ၎င်းသား ယောရှုတည်း။ 28 သူတို့ပိုင်ဆိုင်သောနေရာဟူမူကား ဗေသလမြို့နှင့်နိဂုံးများ၊ အရှေ့ဘက်ရှိနာရန်မြို့၊ အနောက်ဘက်ရှိဂေဇာမြို့နှင့်နိဂုံးများ၊ 29 ရှေခင်မြို့နှင့်နိဂုံးများ၊ ဂါဇမြို့နှင့်နိဂုံးများ၊ မနာရှေ့အနွယ်သားတို့နယ်စွန်းရှိ ဗက်ရှန်၊ တာနက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့များနှင့်နိဂုံးများတွင် ဣသရေလသားယောသပ်၏ သားစဉ်မြေးဆက်တို့နေရာကျကြ၏။
30 အာရှာ့သားများကား ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့် နှမစေရတို့တည်း။ 31 ဗေရိယသားများကား ဟေဗာ၊ မာလချေလတို့တည်း။ မာလချေလသားကား ဗိရဇာဝိတ်တည်း။ 32 ဟေဗာ့သားများကား ယာဖလက်၊ ရှောမေရ၊ ဟောသံနှင့် နှမရှုအာတို့တည်း။ 33 ယာဖလက်သားများကား ပါသက်၊ ဗိမဟာလ၊ အာရှဝက်တို့တည်း။ 34 ရှမာရသားများကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတို့တည်း။ 35 ညီဟေလင့်သားများကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတို့တည်း။ 36 ဇောဖသားများကား သုအာ၊ ဟာနေဖာ၊ ရွာလ၊ ဗေရိ၊ ဣမရ။ 37-38 ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့တည်း။ ယေသာ့သားများကား ယေဖုန္နာ၊ ပိသပ၊ အာရတို့တည်း။ 39 ၔၕဥလ္လသားများကား အာရာ၊ ဟံယေလ၊ ရေဇိယတို့တည်း။ 40 အာရှာ့အနွယ်အိမ်ထောင်များတွင် အအုပ်အချုပ်၊ ဗိုလ်တကာ၏အမှူးဖြစ်သော ထိုလက်ရွေးစစ်ခေါင်းမာသူတို့အတွင်း စစ်ချီတိုက်ခိုက်နိုင်သူနှစ်သောင်းခြောက်ထောင်တို့သည် ဘိုးစဉ်ဘေးဆက်စာရင်းဝင်ကြ၏။