4
1 ယုဒသားစဉ်မြေးဆက်ကား၊ ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗလတို့တည်း။
2 ရှောဗလသားကား၊ ရာယ။ ရာယသား၊ ယာဟတ်။ ယာဟတ်သား၊ အဟုမဲနှင့်လာဟဒ်တို့တည်း။ ထိုသူတို့သည်၊ ဇောရာသိအမျိုးအနွယ်ဖြစ်ကြကုန်၏။
3-4 ဧဖရတ်သားဦး၊ ဗက်လင်နှင့်ဧတံတို့အဘ၊ ဟုရ၏သားများကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊ ဂေဒေါ့်အဘ ပေနွေလ၊ ဟုရှအဘဧဇာတို့တည်း။
5 တေကော့အဘအာရှုရ၌ ဟေလနှင့်နာရဟူသော မယားနှစ်ယောက်ရှိ၍၊
6 နာရဖွားမြင်သောသားများကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတို့တည်း။
7 ဟေလသားများကား ဇေရက်၊ ယေဇော်၊ ဧသနန်တို့တည်း။
8 ကောဇသားများကား အာနုပ်၊ ဇောဗေဗ၊ ဟာရုံ့သားအဟာရေလ၏အဆက်အနွယ်တို့တည်း။
9 နာကျင်စွာ ၁ 4.9 ပါဠိ - ယာဗက်ဟူေသာအမည်နှင့်ညီ၏။ဝေဒနာခံစား၍ ဖွားမြင်ရသည်ကိုအစွဲပြုလျက် ယာဗက်ဟုမိခင်မှည့်သောသူသည် ညီအစ်ကိုချင်းတို့ထက် အသရေရ၏။
10 အသို့ဆိုသော်၊ ယာဗက်က၊ ကောင်းကြီးမင်္ဂလာပေးလျက်၊ မြေပိုင်ကိုကျယ်ဝန်းစေလျက်၊ လက်ရုံးတော်ကိုတင်လျက်၊ အကျွန်ုပ်၌ဒုက္ခဝေဒနာဘေးကိုကွယ်ကာတော်မူပါဟု ဣသရေလလူမျိုး၏ဘုရားသခင်အား ပဌနာပြု၍တောင်းလျှောက်သည်နှင့်အညီ ပေးသနားတော်မူသောကြောင့် တည်း။
11 ရှုဟညီ ကာလက်သားကား၊ မဟိရ။ မဟိရသား၊ ဧရှတုန်။
12 ဧရှတုန့်သားများကာ ဗက်ရာဖ၊ ပါသာ၊ ဣရနာဟတ်အဘ တေဟိန္နတို့တည်း။ ထိုသူတို့သည် ရေခါ့အနွယ်ဖြစ်ကြကုန်၏။
13 ကေနတ်သားများကား သြသံယေလနှင့် စရာယတို့တည်း။ သြသံယေလသားကား ဟာသတ်တည်း။
14 မောနောသဲသားကား သြဖရတည်း။ စရာယသားကား ယွာဘ။ ယွာဘသားများ၊ လက်မြောက်သူဖြစ်သော ဂေဟရာရှိမ်တို့တည်း။
15 ယေဖုန္နာ့သားကာလက်၏သားများကား၊ ဣရု၊ ဧလာ၊ နာမ၊ ဧလာ့အနွယ်၊ ကေနတ်တို့တည်း။
16 ယေဟလလေလသားများကား၊ ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတို့တည်း။
17-18 ဧဇရသားများကား ယေသာ၊ မေရက်၊ ဧဖေရ၊ ယာလုန်တို့တည်း။ မေရက်နှင့်ထိမ်းမြားသော ဖာရောမင်းသမီးတော် ဗိသယာသည် မိရိအံ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘတို့ကို ဖွားမြင်၏။ ယုဒအမျိုးမယားလည်း ဂေဒေါ့အဘယေရက်၊ စောခေါ့အဘဟေဗာ၊ ဇာနော့အဘယေကုသေလတို့ကို ဖွားမြင်၏။
19 နာဟံ့နှမ၊ ဟောဒိယမယား၏သားများကား၊ ဂါရံ့အနွယ်ကိလအဘနှင့် မာခါ့အနွယ် ဧရှတမောတို့တည်း။
20 ရှိမုန့်သားများကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန် တိလုန်တို့တည်း။ ဣရှိသားများကား ဇောဟက်နှင့် ဗင်္ဇော်ဟက်တို့တည်း။
21 ယုဒသားဖြစ်သူရှေလ၏သားများကား၊ လေကအဘဧရ၊ မရေရှအဘလာဒ၊ ပိတ်ချောကိုရက် တတ်သူအာရှဗာ့အဆက်အနွယ်၊ ယောကိမ်၊ ခေါဇေဘအနွယ်၊
22 ယာရှုဗိလင်၊ မောဘပြည်၌အစိုးရသော ယောရှနှင့်သာရပ်တို့တည်း။
23 ကျမ်းဟောင်းအရ ထိုသူတို့သည် အိုးထိန်းဖြစ်လျက်၊ အမှုတော်ထမ်းရန် ဘုရင်မင်းအနီး နတိမ်၊ ဂဒေရမြို့များတွင်နေကြကုန်၏။
24 ရှိမောင့်သားများကား နေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတို့တည်း။
25 ရှောလသားကား ရှလ္လုံ။
26 ၎င်းသား မိဗသံ၊ ၎င်းသား မိရှမ၊ ၎င်းသား ဟမွေလ၊ ၎င်းသား ဇက္ကုရ၊ ၎င်းသား ရှိမိတည်း။
27 ရှိမိသည် သားဆယ့်ခြောက်ယောက်နှင့် သမီးခြောက်ယောက်တို့ကိုရသော်လည်း ညီအစ်ကိုချင်းတို့မှာ သားမများသည့်အတွက် ယုဒအနွယ်သားတို့နှင့်အမျှ မတိုးမပွားချေ။
28-31 ရှိမောင့်အဆက်အနွယ်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင်၊ ဗေရရှေဘ၊ မောလဒါ၊ ဟာဇာရွှာလ၊ ဗိသဟာ၊ အာဇင်၊ တောလဒ်၊ ဗေသွေလ၊ ဟောမ၊ ဇိကလတ်၊ ဗက်မာကဗုတ်၊ ဟာဇာသုသိမ်၊ ဗက်ဗိရိ၊ ရှာရိမ်မြို့များ၌ နေကြ၏။
32 ထိုမှတစ်ပါး ဧတံ၊ အဣန၊ ရိမ္မုန်၊ တောခင်၊ အာရှန်ဟူသော ငါးမြို့နှင့်တကွ ဗာလမြို့အထိ၊
33 ထက်ဝန်းကျင်ရှိသမျှသောရွာများကိုပိုင်ကြ၏။ ဘိုးစဉ်ဘေးဆက်စာရင်းဝင်သူတို့နေရာများ ကား ထိုသို့ပင်တည်း။
34 မေရှောဗပ်၊ ယာမလတ်၊ အာမဇိသားယောရှ။
35 ယောလ၊ အာသေလမြစ်၊ စရာယမြေး၊ ယေရှဘိသားယေဟု။
36 ဧလျာနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ
37 ရှေမာယတွတ်၊ ရှိမရိတီ၊ ယေဒါယမြစ်၊ အာလုန့်မြေး၊ ရှိဖိသားဇိဇ။ ဆိုခဲ့သောသူတို့သည်
38 ကိုယ့်အဆက်အနွယ်များတွင် အကြီးအကဲဖြစ်လျက် အိမ်ထောင်အများတိုးပွားသည့်အတွက်
39 ဂေဒေါ်မြို့ဝင်လမ်း၊ ချိုင့်အရှေ့ဘက်တိုင်အောင်၊ သိုးစားကျက်ကို အရှာသွားသောအခါ၊
40-41 မြက်ပင်ပေါများ၍ ကောင်းသောစားကျက်နှင့် ကျယ်ဝန်းရန်ကင်းသည့်အရပ်ကို တွေ့ကြ၏။ အမည်စာရင်းဝင်ခဲ့သူတို့သည် သိုးဆိတ်တို့ကျက်စားရန်၊ တွေ့ရှိသည့်အလျောက် ချိုင့်ရင်းသားဟာမအမျိုးသားတို့ကို ပါဝင်သူမောနိလူမျိုးတို့နှင့်တကွ တဲများပါ ေဟဇကိမင်းလက် ထက်ချီတက်မြေလှန်သဖြင့် ယနေ့တိုင်ပျက်ပြားသည်နှင့် နေရာကျကြ၏။
42 တစ်ဖန် ရှိမောင့်အနွယ်သားသူရဲငါးရာတို့သည် ဗိုလ်မှူးဖြစ်သောဣရှိသား၊ ပေလတိ၊ နာရိ၊ ရေဖာယ၊ သြဇေလတို့ပါ
43 စိရတောင်သို့ချီတက်၍ အထက်စစ်ဘေးလွတ်သူအာမလက်အမျိုးသား အကျန်အကြွင်းတို့ကို လုပ်ကြံသဖြင့် ယနေ့တိုင်အောင်နေရာကျကြ၏။