10
ၒၒၒဣသရေလလူမျိုးနှင့် ဖိလိတ္တိလူမျိုးစစ်တိုက်ရာ ဣသရေလတပ်ဆုတ်ပြေးရ၍ ဂိလဗောတောင်ရိုးတစ်လျှောက်ကျဆုံးကြ၏။ ဖိလိတ္တိရဲမက်တို့သည် ရှောလုမင်းနှင့်သားတော်တို့ကို ထပ်ကြပ်လိုက်လံလျက် သားတော်ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကိုလုပ်ကြံကြ၏။ ရှောလုမင်းလည်း အပြင်းအထန်အတိုက်ခံရာ၌ လေးတပ်မှမြှားထိမှန်သဖြင့် ဝေဒနာရောက်သောကြောင့်၊ လက်နက်တော်ကိုင်အား လှီးဖြတ်ခြင်းမင်္ဂလာမဲ့သောဤသူတို့သည် ငါ့ထံချဉ်းလာ၍ ရက်စက်ကြမ်းကြုတ်စွာမပြုမလုပ်စေရန် သင့်ဓားကိုဆွဲနုတ်ထိုးသတ်လော့ဟု မိန့်ဆိုသော်လည်း လက်နက်တော်ကိုင်အလွန်ကြောက်ရွံ့သည်နှင့် မပြုဝံ့သောကြောင့် မင်းကိုယ်တိုင်ဓားတော်ကိုဆွဲယူလျက် ဓားဦးပေါ်တွင်လှဲသေလေ၏။ လက်နက်တော်ကိုင်လည်း ရှောလုမင်းသေသည်ကိုသိမြင်လျှင် ကိုယ့်ဓားဦးပေါ်တွင်လှဲသေလေ၏။ ရှောလုမင်းမှစ၍ သားတော်သုံးပါးနှင့်ဆွေတော်မျိုးတော်အပေါင်းတို့ပါ ထိုသို့သေကြကုန်၏။ ချိုင့်တွင်နေထိုင်သမျှသောဣသရေလလူမျိုးတို့သည် ရှောလုမင်းနှင့်သားတော်တို့ကွယ်လွန်ကြောင်း ရဲမက်တို့ဆုတ်ပြေးရကြောင်းများကိုကြားသိလျှင် ကိုယ့်မြို့ရွာများမှစွန့်ခွာထွက်ပြေးကြရာ ဖိလိတ္တိလူမျိုးတို့ဝင်ရောက်နေထိုင်ကြ၏။
နောက်နေ့၌ ဖိလိတ္တိတပ်သားတို့သည် ကျဆုံးသူတို့မှပါရှိသမျှကို သိမ်းယူရန်လာကြသော် ဂိလဗောတောင်ရိုးတွင် သားတော်တို့နှင့်တကွ ရှောလုမင်းကျဆုံးသည်ကိုတွေ့မြင်ရာ၊ ဦးခေါင်းတော်ကိုဖြတ်၍ ချွတ်သိမ်းသောလက်နက်စုံနှင့်တကွ ကိုယ့်ပြည်ရှိရုပ်ပွားများ၊ လူသူများထံသတင်းကြော်ငြာရာအဖြစ် အနှံ့အပြားပို့လိုက်ကြ၏။ 10 လက်နက်တော်ကို ကိုယ့်ဘုရားများကျောင်းတွင်ထား၍ ဦးခေါင်းတော်ကိုကား ဒါဂုန်ကျောင်း၌ဆွဲထားကြ၏။ 11 ရှောလုမင်း၌ ဖိလိတ္တိတပ်သားတို့ပြုသောအခြင်းအရာကို ဂိလဒ်နယ်၊ ယာဗက်မြို့သူမြို့သားတို့ကြားလျှင်၊ 12 သူရဲကောင်းအပေါင်းတို့သည် ချီသွားလျက် ရှောလုမင်းနှင့်သားတော်တို့အလောင်းများကိုယူပြီးသော် ယာဗက်မြို့ရောက်ပို့၍ အရိုးတော်များကို ယာဗက်မြို့ရှိ ညန်ပင်အောက်တွင် ဘူမိစျာပနပြုပြီးမှ ခုနက်ရက်တိုင်တိုင်အစာရှောင်ကြလေ၏။ 13-14 ထိုသို့ရှောလုမင်းသည် ထာဝရဘုရား၏အမိန့်တော်ကိုမနာမယူဘဲ ထာဝရဘုရား၏ သစ္စာတော်ကိုဖောက်ကျော်သောကြောင့်လည်းကောင်း၊ ထာဝရဘုရားထံ မမေးမလျှောက်၊ ကဝေမထံမေးမြန်းသောကြောင့်လည်းကောင်း ကွယ်လွန်ရ၏။ ထာဝရဘုရား ထိုမင်းကိုကွပ်မျက်၍ နိုင်ငံတော်ကိုယေရှဲသား၊ ဒါဝိဒ်သို့လွှဲအပ်တော်မူ၏။