ဆာလံ။ 88
အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကယ်တင်ပိုင်ရှင်ဘုရားသခင်၊ ရှေ့တော်၌ နေ့ညဉ့်မပြတ်အော်ဟစ်ရာ၊ အကျွန်ုပ်ပဌနာသည် အထံတော်သို့ဝင်ရောက်ပါစေ။ အော်ဟစ်သံကိုလည်းနားညောင်းတော်မူပါ။ အကျွန်ုပ်၏အသက်သည်၊ ဘေးဒုက္ခများနှင့်ငြီးငွေ့လျက်၊ ဇီဝလည်းမရဏာ့နိုင်ငံသို့ရောက်လုပါပြီ။ 4-5 သင်္ချၖိုင်းတွင်းထဲသို့ဆင်းရသူတို့နှင့်ပါဝင်၍၊ အထောက်အမမဲ့သူအဖြစ်၊ လက်တော်နှင့်ကင်းဝေးကြသဖြင့်၊ သတိရတော်မမူသောသူသေတို့အနက်၊ ကွပ်မျက်ခံ၍၊ သင်္ချၖိုင်းတွင်သိပ်ထားပြီး၊ ပေါက်လွတ်သူအဖြစ် ရှိနေပါ၏။ အကျွန်ုပ်ကိုနက်ရှိုင်းရာတွင်း၊ မှောင်ကျရာအရပ်၊ သေခြင်းအရိပ်များ၌ချထား၍၊ အမျက်တော်တင်ဖိရာ၊ လှိုင်းတံပိုးတော်ရှိသမျှဖြင့်နှိမ့်နင်းတော်မူပါပြီ။ အကျွန်ုပ်ကို အသိမိတ်ဆွေတို့နှင့်ဝေးစေ၍၊ စက်ဆုပ်ဖွယ်ဖြစ်စေတော်မူပါပြီ။ ထွက်လွတ်ခွင့်မရဘဲအချုပ်ခံရ၍၊ ညှဉ်းဆဲခြင်းကြောင့်၊ မျက်စိပျက်လျက်ရှိပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော့်ထံနေ့စဉ်အော်ဟစ်လျက်၊ လက်အုပ်ချီပါ၏။ 10 လူသေတို့အားအံ့ဖွယ်ရာများကိုပြုတော်မူမည်လော။ သေလွန်သူတို့ရပ်တန့်၍ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်လော။ 11 မေတ္တာကျေးဇူးတော်ကိုသင်္ချၖိုင်းတွင်း၌လည်းေကာင်း၊ သစ္စာတော်ကိုငရဲ၌လည်းေကာင်း၊ ကြော်ငြာခွင့်၊ 12 အံ့ဖွယ်ရာအမှုတော်များကိုမှောင်ကျရာအရပ်၌လည်းေကာင်း၊ ဖြောင့်မတ်တော်မူခြင်းကိုမေ့လျော့ရာတိုင်းပြည်၌လည်းေကာင်း၊ သိကျွမ်းခွင့်၊ ရမည်လော။ 13 အိုထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော့်ထံဟစ်ခေါ်လျက်၊ နံနက်အချိန်၌အကျွန်ုပ်၏ပဌနာကြိုတင်ပါ၏။
14 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကိုစွန့်ပယ်ခြင်း၊ မျက်နှာတော်လွှဲထားခြင်းကိုအဘယ့်ကြောင့်ပြုတော်မူပါသနည်း။ 15 ငယ်ရွယ်စကပင်၊ ဒုက္ခရောက်လျက်သေအံ့ဆဲဆဲဖြစ်သောအကျွန်ုပ်သည်၊ စီရင်တော်မူသောဘေးများကိုခံရ၍ထုံကျင်ပါ၏။ 16 အကျွန်ုပ်ကိုအမျက်တော်အရှိန်လွှမ်းမိုးလျက်၊ စီရင်တော်မူသောဘေးများဖျက်ဆီးလျက်၊ ရေကဲ့သို့နေရှိသမျှဝိုင်း၍၊ 17 တစ်ပြိုင်နက်ဝန်းရံကြပါ၏။ 18 ချစ်ခင်သူ၊ ပေါင်းဖော်သူတို့ကိုအကျွန်ုပ်နှင့်ဝေးစေတော်မူပါပြီ။ အသိမိတ်ဆွေမှာ၊ မှောင်မိုက်ခြင်းပါတကား။