ဆာလံ။ 33
ဖြောင့်မတ်သူတို့၊ ထာဝရဘုရား၌ရွှင်လန်းကြလော့။ ချီးမွမ်းခြင်းသည်၊ သဘောဖြောင့် သူတို့နှင့် သင့်လျော်၏။ စောင်းတီးလျက်ထာဝရဘုရားကို ချီးမွမ်းခြင်း၊ ကြိုးဆယ်ပင်စောင်းနှင့် ဂုဏ်တော်ကိုကျူးဧခြင်းပြုကြလော့။ ကိုယ်တော်အားသီချင်းသစ်ဆိုလျက်၊ ကျင်လည်စွာကျယ်ကျယ်တီးကြလော့။ အသို့ဆိုသော် ထာဝရဘုရား၏ဗျာဒိတ်တော်မှန်ကန်၍၊ အမှုတော်ရှိသမျှလည်း၊ သစ္စာနှင့်ညီညွတ်၏။ ဖြောင့်မတ်ခြင်းနှင့်တရားစောင့်ခြင်းကို နှစ်သက်တော်မူ၍၊ ထာဝရဘုရား၏ မေတ္တာကျေးဇူးတော်နှင့်၊ မြေတစ်ပြင်လုံးပြည့်လျက်ရှိ၏။ မိုးကောင်းကင်ကိုအမိန့်တော်အားဖြင့်လည်းေကာင်း၊ ကမ္ဘာ့တန်ဆာရှိသမျှကို နှုတ်တော်ထွက်သက်အားဖြင့်လည်းေကာင်း၊ ထာဝရဘုရားဖန်ဆင်းတော်မူ၏။ သမုဒ္ဒရာရေများကိုစုပုံလျက်၊ ရေထုကိုလှောင်တိုက်များ၌ သိုထားတော်မူ၏။ မြေကြီးတစ်ပြင်လုံးသည်၊ ထာဝရဘုရားကိုခန့်ညား၍၊ နေထိုင်သူအပေါင်းတို့လည်း ရိုသေကြစေ။ မြွက်ဆိုတော်မူကာမျှဖြင့်ဖြစ်ရ၏။ မိန့်တော်မူကာမျှဖြင့်တည်ရ၏။ 10 ထာဝရဘုရားသည်၊ လူမျိုးခြားတို့၏ ပြဋ္ဌာန်းချက်ကိုအချည်းနှီး၊ လူမျိုးတို့၏အကြံအစည်များကို အကျိုးမဲ့ဖြစ်စေတော်မူ၏။ 11 ထာဝရဘုရား၏ပြဋ္ဌာန်းတော်မူချက်ကား၊ အစဉ်မြဲလျက်၊ နှလုံးတော်အကြံအစည် များလည်း၊ လူမျိုးအဆက်ဆက်တည်၏။ 12 ထာဝရဘုရားကိုကိုးကွယ်သောလူမျိုး၊ ပိုင်ရာတော်အဖြစ်ရွေးချယ်ခံရသောလူမျိုးသည်၊ မင်္ဂလာရှိ၏။ 13 ထာဝရဘုရားသည် ကောင်းကင်ဘုံမှငုံ့ကြည့်၍၊ လူသားခပ်သိမ်းကိုရှုမြင်တော်မူ၏။ 14 ရှိသမျှတို့စိတ်နှလုံးကိုပြုပြင်၍၊ အမှုအရပ်ရပ်ကိုသိမြင်သောအရှင်သည်၊ 15 မြေကြီးပေါ်တွင်နေထိုင်သူအပေါင်းတို့ကို၊ ကိန်းဝပ်တော်မူရာမှ ရှုကြည့်တော်မူ၏။ 16 ဘုရင်မင်းသည်၊ ဗိုလ်ခြေများသောကြောင့်၊ အောင်မြင်ခွင့်၊ သူရဲလည်းခွန်အားကြီးသောကြောင့်၊ လွတ်မြောက်ခွင့်ခံရသည်မဟုတ်။ 17 အောင်မြင်ခွင့်ရစေရန်၊ မြင်းတပ်အကျိုးမဲ့၍၊ အင်အားကြီးသော်လည်း၊ ဘေးမှမလွှတ်နိုင်ချေ။ 18 ထာဝရဘုရားသည်၊ ကိုယ်တော်အားခန့်ညား၍၊ ကရုဏာတော်ကိုစောင့်မေျှာ်သူတို့ကို မျက်မှောက်ပြုလျက်၊ သေဘေးမှကယ်လွှတ်ခြင်း၊ 19 အစာခေါင်းပါးသည့်ကာလ၊ အသက်ရှင်ခြင်းကိုပေးတော်မူ၏။ 20 ငါတို့အထောက်အမ၊ ငါတို့ဒိုင်းလွှားသဖွယ်ဖြစ်တော်မူသော ထာဝရဘုရားကို၊ စိတ်ပါလျက် စောင့်မေျှာ်နေကြပြီ။ 21 သန့်ရှင်းသောနာမတော်၌ ကိုးစားကြသောကြောင့်၊ ကိုယ်တော်၌စိတ်ရွှင်လန်းရကြမည်။ 22 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်တို့စောင့်မေျှာ်ကြသည့်အတိုင်း၊ အကျွန်ုပ်အပေါ်၌ ကရုဏာသက်တော်မူပါ။