ဆာလံ။ 31
အိုထာဝရဘုရား၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ မည်သည့်ကာလမျှ အရှက်မကွဲစေဘဲ၊ ဖြောင့်မတ်တော်မူသည့်အတိုင်းကယ်လွှတ်တော်မူပါ။ အကျွန်ုပ်အားနားေတာ်ညောင်း၍၊ လျင်မြန်စွာကယ်တင်တော်မူပါ။ ကယ်တင်ရန်ခိုင်ခံ့သော ကျောက်တောင်၊ လုံခြုံရာခံတပ်အဖြစ်၊ နေတော်မူပါ။ ကိုယ်တော်သည်၊ အကျွန်ုပ်ကျောက်တောင်၊ အကျွန်ုပ်ခံတပ်ဖြစ်တော်မူပါ၏။ နာမတော်အတွက်ကြောင့်၊ လမ်းပြပို့ဆောင်တော်မူပါ။ ဝှက်ထားကြသည့်ပိုက်ထဲမှ၊ အကျွန်ုပ်ခိုလှုံရာဖြစ်သောကိုယ်တော်သည်၊ အကျွန်ုပ်ကို နုတ်ယူတော်မူလတ္တံ့။ အကျွန်ုပ်ဝိညာဉ်ကိုလက်တော်သို့အပ်ပါပြီ။ သစ္စာရှိတော်မူသောဘုရားသခင်အိုထာဝရဘုရား၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါပြီ။ အကျွန်ုပ်သည်၊ မုသာအနတ္တကိုဂရုပြုသူတို့အားမုန်းထားလျက်၊ ထာဝရဘုရား၌ကိုးစားပါ၏။ ကရုဏာတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်သည်၊ အကျွန်ုပ်ဆင်းရဲခြင်းကိုရှုမြင်လျက်၊ အသက်ဒုက္ခများကို သိမှတ်တော်မူ၍၊ ရန်သူ့လက်သို့မရောက်စေဘဲ၊ ကျယ်ဝန်းသောအရပ်၌ ခြေမြဲစေတော်မူပါပြီ။ အိုထာဝရဘုရား၊ အကျဉ်းအကျပ်ရောက်သောအကျွန်ုပ်ကို၊ ကရုဏာသက်တော်မူပါ။ မျက်စိသည်၊ 31.9 ပါဠိ - အအသက်၀ိညာဉ်။ကိုယ်စိတ်များပါ၊ ပူဆွေးခြင်းကြောင့်၊ အားဆုတ်လျက်ရှိပါ၏။ 10 အသက်တာသည် ပူပန်ခြင်းကြောင့်လည်းေကာင်း၊ နှစ်တာသည် ညည်းတွားရခြင်းကြောင့်လည်းေကာင်း၊ ကုန်ခန်းလျက်ရှိပါ၏။ ကိုယ့်မတရားသောအမှုကြောင့်၊ အားလျော့၍၊ အရိုးများ ဆွေးမြေ့ကြပါ၏။ 11 ရန်ဘက်ပြုသူရှိသမျှကြောင့်၊ အကျွန်ုပ်သည်အိမ်နီးချင်းတို့အထူးကဲ့ရဲ့ရာ၊ အသိအကျွမ်းတို့တွန့်ရွံ့ရာဖြစ်လျက်၊ အပြင်အပတွေ့မြင်သူတိုင်း ရှောင်ပြေးကြပါ၏။ 12 အမှတ်မရသော သေလွန်သူကဲ့သို့၊ အကျွန်ုပ်ကိုမေ့ကြပါပြီ။ အိုးကွဲကဲ့သို့ဖြစ်ပါ၏။ 13 အဘက်ဘက်ကကြောက်လန့်ဖွယ်ဖြစ်သော၊ အများတို့ရှုတ်ချပြောဆိုချက်ကို အကျွန်ုပ်ကြားရ၏။ အကျွန်ုပ်၏တစ်ဘက်၌အကြံယူလျက်၊ အသက်အန္တရာယ်ကိုရှာကြံ ကြပါ၏။ 14 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၌ ကိုးစား၍၊ အကျွန်ုပ်၏ဘုရားသခင်ပေတည်းဟုဝန်ခံပါ၏။ 15 အကျွန်ုပ်၏နေ့ရက်ကာလများသည်၊ လက်တော်၌ တည်ရှိသည့်အလျောက်၊ ရန်သူတို့လက်မှလည်းေကာင်း၊ ညှဉ်းပန်းသူတို့ထံမှလည်းေကာင်း၊ ကယ်လွှတ်တော်မူပါ။ 16 ကျွန်တော်မျိုးအပေါ်၌မျက်နှာတော်ရောင်ခြည်လွှတ်၍၊ မေတ္တာကျေးဇူးတော်အလျောက်ကယ်တော်မူပါ။ 17 အိုထာဝရဘုရား၊ ကိုယ်တော့်ထံပဌနာပြုသောအကျွန်ုပ်ကိုအရှက်ကွဲစေတော်မမူပါနှင့်။ လူဆိုးတို့သာအရှက်ကွဲ၍၊ မရဏာ့နိုင်ငံ၌တိတ်ဆိတ်စွာနေကြရပါစေ။ 18 ဖြောင့်မတ်သူ့တစ်ဘက်၌၊ မာနနှင့်မလေးမစားထောင်လွှားပြောဆိုတတ်သော၊ မုသာနှုတ်ခမ်းများကိုတိတ်စေတော်မူပါ။ 19 ကိုယ်တော်ကိုခန့်ညားသူတို့အဖို့သိုထား၍၊ ကိုးစားသူတို့အဖို့လူသားတို့ရှေ့တွင် စီမံသောဆုကျေးဇူးသည်၊ ကြီးလှသည်တကား။ 20 လူတို့သောင်းကျန်းမှုများမှကွယ်ကာ၍၊ အထံတော်၌ဝှက်ထားတော်မူပါလိမ့်မည်။ ရန်တွေ့ခြင်းများနှင့်ကင်းလွတ်အောင်၊ မဏ္ဍပ်တော်အတွင်းဖုံးထားတော်မူပါလိမ့်မည်။ 21 ခံမြို့တော်၌ အံ့ဖွယ်ရာမေတ္တာကျေးဇူးတော်ကို၊ ငါ့အားပြတော်မူသောထာဝရဘုရားသည်၊ မင်္ဂလာရှိတော်မူပါစေသော။ 22 အကျွန်ုပ်မူကား၊ ရှေ့တော်မှပယ်ရှားခြင်းခံရပါပြီဟု၊ ထိတ်လန့်လျက်ဆိုမိသော်လည်း၊ အကျွန်ုပ်ဟစ်ခေါ်သော်၊ အသနားတော်ခံသံများကိုနားညောင်းတော်မူသေး၏။ 23 ကြည်ညိုသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည်၊ သစ္စာစောင့်သူတို့ကို စောင်မလျက်၊ မာနကြီးသူတို့ကို၊ များပြားစွာဆပ်ပေးတော်မူ၏။ 24 ထာဝရဘုရားကို စောင့်မေျှာ်သူအပေါင်းတို့၊ အားယူ၍ရဲရင့်သောစိတ်ရှိကြလော့။