ဆာလံ။ 28
အကျွန်ုပ်ကျောက်တောင်ဖြစ်သောအိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ဟစ်ခေါ်ပါမည်။ ထူးတော်မမူဘဲမနေပါနှင့်။ နေတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ချၖိုင်းတွင်းထဲသို့ဆင်းသောသူကဲ့သို့ဖြစ်ပါလိမ့်မည်။ အထူးသန့်ရှင်းရာဌာနဘက်သို့၊ လက်အုပ်ချီလျက်ဟစ်ခေါ်သောအခါ၊ အကျွန်ုပ်၏အသနားတော်ခံသံကိုနားညောင်းတော်မူပါ။ မကောင်းကြံစည်လျက်ပင်၊ အပေါင်းအေဖာ်အားလောကဝတ်စကားပြောဆိုသောလူဆိုးတို့၊ ဒုစရိုက်ပြုကျင့်သူတို့နှင့်အတူ၊ အကျွန်ုပ်ကိုထုတ်သွားတော်မမူပါနှင့်။ ထိုသူတို့အားကိုယ့်ဆိုးသွမ်းသောအပြုအကျင့်၊ ကိုယ့်လက်အပြုအမူအလိုက်၊ ထိုက်သင့်ရာဆပ်ပေးတုံ့ပြန်တော်မူပါ။
ထာဝရဘုရား၏အမှုတော်များကိုလည်းေကာင်း၊ လက်တော်မှုကိုလည်းေကာင်း၊ မထောက်မထားသောထိုသူတို့အား တည်ဆောက်တော်မမူဘဲ၊ ဖြိုလှဲတော်မူလိမ့်တကား။
ငါ့အသနားတော်ခံသံကို နားညောင်းတော်မူသောထာဝရဘုရားသည်၊ မင်္ဂလာရှိတော်မူပါစေသော။ ထာဝရဘုရားသည်၊ ငါ့စွမ်းအား၊ ငါ့ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်၌ခိုလှုံခဲ့သည့်အတိုင်း အထောက်အမခံရ၏။ ငါ့စိတ်ရွှင်လန်း၍ကိုယ်တော်ကို သီဆိုချီး မွမ်းမည်။ ထာဝရဘုရားသည်၊ လူမျိုးတော်၏စွမ်းအားဖြစ်လျက်၊ ဘိသိက်တော်ခံမင်းအဖို့ကယ်တင်ရာရဲတိုက်ဖြစ်တော်မူ၏။ လူမျိုးတော်ကိုကယ်တင်၍၊ အပိုင်တော်ကိုကောင်းကြီးပေးလျက်၊ ကာလအစဉ်သူတို့ကိုကျွေးမွေးပွေ့ဆောင်တော်မူပါ။