ဆာလံ။ 137
ဇိအုန်မြို့ကိုသတိရကြသော်၊ ဗာဗုလုန်မြောင်းများအနီးငါတို့ထိုင်၍ငိုကြွေးလျက်၊ စောင်းများကိုမိုးမခပင်များ၌၊ ချိတ်ထားကြရလေစွ။ အသို့ဆိုသော်၊ ငါတို့ကိုသိမ်းသွားသူတို့က၊ ဂၙါထာစီကုံးကိုလည်းေကာင်း၊ ညှင်းပန်းသူတို့က၊ ဇိအုန်မြို့ဆိုင်ရာပီတိသီချင်းကိုလည်းေကာင်း၊ အဆိုခိုင်းကြသည်တကား။ ထာဝရဘုရား၏သီချင်းကို၊ နိုင်ငံခြားတွင်မည်သို့ဆိုကြရအံ့နည်း။ အိုယေရုရှလင်မြို့၊ သင့်ကိုငါသတိလစ်လျှင် ညာလက်သည်ကျင်လည်ခြင်းကိုလစ်ပါစေ။ သတိမရဘဲ၊ သုခအထူးထက်၊ ယေရုရှလင်မြို့ကိုငါမမြတ်နိုးလျှင်၊ လျှာသည် အာခေါင်၌ကပ်ပါစေ။ အိုထာဝရဘုရား၊ မြို့တော်ကိုအခြေအမြစ်ပါဖြိုလှဲကြ၊ ဖြိုလှဲကြဟုဆိုသော ဧဒုံအမျိုးသားတို့တစ်ဘက်၊ ယေရုရှလင်မြို့၏နေ့ရက်ကိုသတိရတော်မူပါ။ ဖျက်ဆီးတတ်သောအချင်းသတို့သမီးဗာဗုလုန်၊ ငါတို့၌သင်ပြုသကဲ့သို့ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၍၊ သင့်သူငယ်များကိုကိုင်လျက်၊ ကျောက်ပေါ်မှာဆောင့်သတ်သူသည် မင်္ဂလာရှိပါစေသော။