ဆာလံ။ 130
အိုထာဝရဘုရား၊ နက်ရှိုင်းရာထဲကကိုယ်တော်ကိုအကျွန်ုပ်ဟစ်ခေါ်ပါပြီ။ အိုအရှင်ဘုရား၊ အကျွန်ုပ်ဟစ်ခေါ်သံကိုကြား၍၊ အသနားတော်ခံသံကိုနားညောင်းတော်မူပါ။ အို ထာဝရအရှင်ဘုရား၊ ကိုယ်တော်သည် အပြစ်ဒုစရိုက်များကိုမှတ်တော်မူလျှင်၊ မည်သူရပ်ခံနိုင်ပါမည်နည်း။ ကိုယ်တော်ကိုခန့်ညားရကြအံ့သောငှာ၊ ချမ်းသာပေးခွင့်ပိုင်တော်မူပါ၏။ ငါသည် စိတ်ပါကိုယ်ရောက်ထာဝရဘုရားကိုစောင့်မေျှာ်တသလျက်၊ ကတိတော်ကိုမေျှာ်လင့်ပါ၏။ နံက်မိုးသောက်ချိန်ကို ကင်းစောင့်တို့မေျှာ်လင့်သည်ထက်၊ ငါသည်အရှင်ဘုရားကိုမေျှာ်လင့်လျက်နေ၏။ အချင်းဣသရေလလူမျိုး၊ ထာဝရဘုရားသည် ကရုဏာသက်ခွင့်၊ အထူးရွေးနုတ်ခွင့်ပိုင်တော်မူသည့်အလျောက်၊ ဣသရေလလူမျိုးကိုဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်တော်မူအံ့သောကြောင့်၊ ထာဝရဘုရားကိုစောင့်မေျှာ်ကြလော့။