ဆာလံ။ 122
1 အိုယေရုရှလင်မြို့၊ ထာဝရဘုရား၏ဗိမာန်တော်သို့သွားကြကုန်အံ့ဟု တိုက်တွန်းကြသည်နှင့်၊
2 သင့်တံခါးများအတွင်းငါတို့ရပ်နေကြရာ ငါရွှင်လန်းပါ၏။ အိုယေရုရှလင်မြို့၊
3-4 အိုယေရုရှလင်မြို့၊ သင်ကားဣသရေလလူမျိုးအဖို့ သက်သေအဖြစ်ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှာ၊ အနွယ်တို့တည်းဟူသောထာဝရဘုရား၏အနွယ် တော်တို့တက်ဝင်ကြရာ၊ သိပ်သည်းစွာပြုပြင်ပြီးမြို့ပေတည်း။
5 ထိုမြို့၌တရားပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ရာဇပလ္လင်များတည်ထားလျက်ရှိနေ၏။
6-7 ယေရုရှလင်မြို့၌ရန်ငြိမ်းခြင်း၊ သင့်ကိုစုံမက်သောသူတို့၌ချမ်းသာခြင်း၊ သင့်မြို့ရိုးအတွင်းရန်ငြိမ်းခြင်း၊ သင့်ဘုံဗိမာန်များ၌ချမ်းသာခြင်းရှိပါစေသောဟုတောင်းလျှောက် ကြလော့။
8 သင်၌ရန်ငြိမ်းခြင်းရှိပါစေသောဟု၊ ညီအစ်ကိုတို့နှင့်အပေါင်းအဖော်တို့အတွက်၊ ငါမေတ္တာပို့လျက်၊
9 ငါတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်အတွက်၊ သင့်ကောင်းကျိုးကိုရှာကြံပါမည်။