ဆာလံ။ 120
1 အကျွန်ုပ်သည်ဒုက္ခရောက်၍၊ ထာဝရဘုရားထံဟစ်ခေါ်ရာ၊ ထူးတော်မူပါ၏။
2 အိုထာဝရဘုရား၊ မုသာသုံးသောနှုတ်၊ လှည့်စားတတ်သောလျှာမှအကျွန်ုပ်အသက်ကိုကယ်လွှတ်တော်မူပါ။
3-4 သူရဲ၏စဉ်းမြှား၊ ရှားသားမီးကျီးသဖွယ်လှည့်စားသောအချင်းလျှာ၊ မည်သည့်အတုံ့အဆပ်၊ မည်သည့်အကျိုးဆက်ကိုခံသင့်သနည်း။
5 မေရှက်ပြည်၌တည်းခို၍ ကေဒါတဲများ၌နေရသောငါသည်၊ အကျိုးနည်းလေစွတကား။
6 ရန်ငြိမ်းခြင်းကိုရွံရှာသူနှင့်အတူကြာမြင့်စွာငါနေခဲ့ရပြီ။
7 ရန်စဲလိုသောငါသည်အကြံပေးရာ၊ ထိုသူတို့ရန်စစ်လိုလားကြသည်တကား။