ဆာလံ။ 108
အိုဘုရားသခင်၊ အကျွန်ုပ်စိတ်နှလုံးတည်ကြည်ပါ၏။ 108.1 ပါဠိ - ဂုဏ်အသရေနှင့်စိတ်ဝိညာဉ်ပါလျက်ပင်၊ သီချင်းဆိုလျက်ကျူးဧပါမည်။ အချင်းတယောနှင့်စောင်းများ၊ နိုးကြလော့။ အရုဏ်တက်ချိန်ငါနိုးပါမည်။ အိုထာဝရဘုရား၊ လူပရိသတ်တို့တွင်၊ ကိုယ်တော်ကိုချီးမွမ်းလျက်၊ လူမျိုးတို့ဘောင်တွင်၊ ကျူးဧပါမည်။ ကရုဏာတော်သည် မိုးကောင်းကင်အထက်တိုင်အောင်လည်းေကာင်း၊ သစ္စာတော်သည်အာကာသတိုင်အောင်လည်းေကာင်း၊ မှီပါ၏။ အိုဘုရားသခင်၊ မိုးကောင်းကင်ထက်၊ ချီးမြှင့်ခြင်းခံလျက်၊ မြေတစ်ပြင်လုံးထက်၊ ဘုန်းတော်ထင်ပေါ်ပါစေသော။ နှစ်သက်တော်မူသောလူမျိုးတို့ဘေးလွတ်ကြစေရန်၊ ညာလက်ရုံးတော်အားဖြင့်ထူး၍၊ အောင်မြင်ခွင့်ပေးတော်မူပါ။
သန့်ရှင်းရာဌာနတော်မှ၊ ဘုရားသခင်မိန့်ဆိုတော်မူသည်မှာ၊ ငါသည်မာန်ဟုန်သွင်းလျက်၊ ရှေခင်မြို့ကိုဝေဖန်ခြင်း၊ သုကုပ်ချိုင့်ကိုတိုင်းတာခြင်းပြုမည်။ ဂိလဒ်နယ်​သည်ငါပိုင်၊ မနာရှေနယ်လည်းငါပိုင်ဖြစ်ရာ၊ ဧဖရိမ်နယ်သည် ငါ့မောက်ရူ၊ ယုဒနယ်သည်ငါ့လှံတံဖြစ်၏။ မောဘပြည်ကား၊ ငါ့ဆေးလျှော်ရာ၊ ဧဒုံပြည်လည်း ငါ့ဖိနပ်ထားရာဖြစ်သည့်ပြင်၊ ဖိလိတ္တိပြည်ကြောင့် ငါကြွေးကြော်မည်ဟူ၍တည်း။
10 အကျွန်ုပ်ကိုခိုင်လုံသောမြို့တွင်းသို့ပို့သွင်းခြင်း၊ ဧဒုံပြည်ရောက်ဦးဆောင်ခြင်းကို၊ မည်သူပြုပါအံ့နည်း။ 11 အိုဘုရားသခင်၊ ဗိုလ်ခြေတို့နှင့်ချီကြွတော်မမူဘဲ၊ အကျွန်ုပ်တို့ကိုစွန့်ပစ်ခဲ့သောကိုယ်တော်ပင်တည်း။ 12 လူချင်းတို့ဖြင့်အောင်မြင်ရခွင့်အချည်းနှီးဖြစ်သောကြောင့်၊ ကျဉ်းကျပ်ရာ၌စစ်ကူတော်မူပါ။ 13 ဘုရားသခင်အားဖြင့်ငါတို့ရဲရင့်စွာပြုမည်။ ရန်သူတို့ကိုကိုယ်တော်နင်းနယ်တော်မူမည်။