5
1-2 ငါ့သား၊ သင်သည် ကြံစည်သောဉာဏ်ကိုစောင့်ရှောက်၍၊ နှုတ်ခမ်းလည်း အသိပညာကို စောင့်ထိန်းစေရန်၊ ငါသွန်သင်သောဉာဏ်ပညာနှင့် ဉာဏ်ပဋိဘာန်ကိုနာခံ နာယူလော့။
3 မိန်းမပေါ့၏ နှုတ်ခမ်းမှပျားရည်ယို၍၊ လျှာသည် ဆီထက်ချွဲသော်လည်း၊
4 အဆုံး၌ကား၊ အကျော်ကဲ့သို့ ခါး၍၊ သန်လျက်နှင့်အမျှထက်၏။
5-6 အသက်လမ်းသို့ သင်ညီညွတ်စွာမလိုက်စေရန်၊ သူ့ခြေများသည် သေခြင်းသို့ဆင်းသွားလျက်၊ ခြေလှမ်းများလည်း မရဏာ့နိုင်ငံတိုင်ဆိုက်ကပ်၍၊ ကိုယ့်အလေ့အလာများတိမ်းယိမ်းကြောင်းကိုလည်း မသိချေ။
7 သို့ဖြစ်၍ငါ့သား၊ ငါနှုတ်မြွက်သောစကားကို၊ မစွန့်မပယ်ဘဲနာခံလျက်၊
8 သင်၏လမ်းသည် ထိုသို့သောမိန်းမနှင့် ဝေးကွာစေသဖြင့်၊ အိမ်တံခါးဝသို့ပင်မချဉ်းမကပ်နှင့်။
9 သို့မဟုတ်လျှင်၊ သင့်အင်အားကို သူတစ်ပါးသို့လည်းေကာင်း၊ သင့်အသက်ကို ရက်စက်သူတို့သို့လည်းေကာင်း၊ အပ်နှင်းသဖြင့်၊
10 သူစိမ်းတို့သည်သင့်စည်းစိမ်နှင့်ပြည့်ဝ၍၊ သူတစ်ထူးတို့၏အိမ်သို့ သင့်ချွေးနဲစာရောက်လိမ့်မည်။
11 အဆုံး၌လည်း၊ အသွေးအသားကုန်ခန်းသောအခါ၊
12 သင်က၊ ငါသည် ဆုံးမခြင်းကိုမုန်းထား၍၊ ပဲ့ပြင်ခြင်းကိုလည်း စိတ်၌ မထီမဲ့မြင်ပြုခဲ့မိလေပြီ။
13 ဆရာတို့ကို နားမထောင်၊ ပဲ့ပြင်သူတို့၏ စကားကိုလည်း မနာမယူဘဲနေခဲ့မိလေပြီ။
14 အသင်းအပင်းအလယ်တွင် ခပ်သိမ်းသောဒုစရိုက်သို့ ငါမပါမဝင်သည်မှာ၊ နည်းလေစွတကားဟု မြည်တမ်းလျက် ဝန်ခံရလိမ့်မည်။
15 ကိုယ့်တွင်းမှရေကိုလည်းေကာင်း၊ ကိုယ့်စမ်းမှစီးရာရေကိုလည်းေကာင်း၊ သောက်လော့။
16 သင့်စမ်းရေသည် အရပ်ရပ်သို့လည်းေကာင်း၊ မြစ်များသည်လည်း လမ်းများသို့လည်းေကာင်း၊ ပျံ့နှံ့စီးသွားအပ်သလော။
17 သင်မှတစ်ပါး၊ အခြားသူတို့အဖို့မဟုတ်။ သင့်အဖို့သာဖြစ်ပါလေစေ။
18 သင့်စမ်းရေတွင်း၌မင်္ဂလာရှိစေ၍၊ ငယ်ပေါင်းကြီးေဖာ်နှင့်အတူ ပျော်မွေ့လော့။
19 စုံမက်သောသမင်မ၊ တင့်တယ်သောဒရယ်မသဖွယ်၊ သင့်ခင်ပွန်း၏သားမြတ်အားဖြင့် အခါခပ်သိမ်းအားရ၍။ သူ့ကိုချစ်ခင်ပျော်ပိုက်လျက်အစဉ်နေလော့။
20 ငါ့သား၊ မိန်းမပေါ့နှင့်အဘယ့်ကြောင့်ပျော်ပိုက်မည်နည်း။ မိန်းမရွှင့်ရင်ကို အဘယ့်ကြောက်ဖက်ယမ်းမည်နည်း။
21 လူ့အလေ့အလာများကို ထာဝရဘုရားသည် မျက်မှောက်ပြုတော်မူလျက်၊ သွားရာလမ်းများကိုလည်း စူးစမ်းတော်မူ၏။
22 လူဆိုးပြုသောဒုစရိုက်သည်၊ ကိုယ်ကိုဖမ်းမိ၍၊ အပြစ်နှောင်ကြိုးများလည်း ရစ်ပတ်လိမ့်မည်။
23 သူသည် ကြီးစွာမိုက်မဲသောကြောင့် လွန်ကျူး၍၊ ဆုံးမခြင်းနှင့်ကင်းသည့်အတွက် သေဆုံးရလိမ့်မည်။