22
1 များစွာသောစီးပွားချမ်းသာထက်၊ အသရေကိုရွေးသင့်၏။ ကျေးဇူးဘဏ္ဍာလည်း၊ ရွှေငွေထက်မြတ်၏။
2 ကြွယ်ဝသောသူနှင့် နွမ်းပါးသောသူတို့သည်၊ ဆုံစည်းကြ၏။ ၎င်းရှိသမျှတို့ကို၊ ထာဝရဘုရားဖန်ဆင်းတော်မူပြီ။
3 လိမ္မာသောသူသည်၊ ဘေးကိုမျှော်မြင်၍ပုန်းရှောင်တတ်၏။ မလိမ္မာသောသူတို့မူကား၊ သွားမြဲသွား၍ဒဏ်ခံရ၏။
4 နှိမ့်ချသောစိတ်၊ ထာဝရဘုရားကိုခန့်ညားသောသဘော၏ အကျိုးကား၊ ရတတ်ခြင်း၊ ဂုဏ်ရောက်ခြင်း၊ အသက်ရှင်ခြင်းများတည်း။
5 စဉ်းလဲသူ၏လမ်းတွင်၊ ဆူးနှင့်ညွှတ်ကွင်းများရှိ၏။ စိတ်ကိုစောင့်ရှောက်သောသူမူကား၊ ဝေးကွာလိမ့်မည်။
6 သူငယ်ကို၊ သွားအပ်သောလမ်း၌စထွင်လေ့ကျက်စေလျှင်၊ အိုသောအခါ၌ပင်၊ မလွှဲဘဲေလျှာက်လိုက်လိမ့်မည်။
7 ကြွယ်ဝသောသူသည်၊ နွမ်းပါးသောသူတို့ကို အုပ်ချုပ်ရ၏။ မြီစားလည်း မြီရှင့်ထံကျွန်ခံရ၏။
8 ဒုစရိုက်မျိုးကိုကြဲသောသူသည်၊ အပြစ်ကိုရိတ်သိမ်းရလျက်၊ ကပ်တိုက်ရာအမျက်တော်ဒဏ်သင့်ရောက်လိမ့်မည်။
9 သဒ္ဓါမျက်စိရှိသူသည်၊ နွမ်းပါးသူ့အား အစာကိုပေးကမ်းတတ်သောကြောင့်၊ မင်္ဂလာရှိလိမ့်မည်။
10 မထီလေးစားပြုသောသူ့ကိုနှင်ထုတ်လျှင်၊ ရန်မာန်ပါသွားသဖြင့်၊ ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းလည်း၊ ငြိမ်းလိမ့်မည်။
11 အကြင်သူသည်၊ နှလုံးစင်ကြယ်ခြင်းကို နှစ်သက်လျက်၊ လျောက်ပတ်သောနှုတ်ရှိအံ့။ ဘုရင်မင်းသည်၊ ထိုသူနှင့်မိတ်ဖွဲ့လတ္တ့့ံ။
12 ထာဝရဘုရား၏ စက္ခုတော်သည်၊ အသိပညာကို ထောက်ရှုလျက်၊ သစ္စာမဲ့သူ၏စကားကို၊ မှောက်လှန်တော်မူ၏။
13 ပျင်းရိသောသူက၊ အိမ့်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းတွင်ငါ့ကိုသတ်ဖြတ်လိမ့်မည်ဟု ဆိုတတ်၏။
14 မိန်းမပေါ့၏ခံတွင်းသည် နက်သောတွင်းကျသဖွယ်ဖြစ်သဖြင့်၊ ထာဝရဘုရားအမျက်တော်ကိုခံရသောသူသည်၊ ကျရောက်လိမ့်မည်။
15 သူငယ်၏စိတ်နှလုံးထဲတွင်၊ မိုက်မဲခြင်းကပ်ငြိလျက်ရှိသော်လည်း၊ ဆုံးမသောကြိမ်လုံးကြောင့်၊ ဝေးကွာလိမ့်မည်။
16 ကိုယ့်ဥစ္စာတိုးပွားစေရန်၊ နွမ်းပါးသူ့ကို ညှဉ်းပန်း၍၊ သူကြွယ်အားပေးတတ်သောသူသည်၊ အမှန်ဆင်းရဲလိမ့်မည်။
17 ပညာရှိတို့၏စကားကို၊ နားထောင်နာခံလော့။ ငါ၏အသိပညာကိုလည်း၊ စိတ်စွဲလမ်းလော့။
18 ၎င်းနှစ်မျိုးကို၊ အတွင်းသဘော၌ စောင့်ရှောက်၍၊ နှုတ်တွင်တည်ရှိလျှင် သင့်လျော်၏။
19 ထာဝရဘုရား၌အားကိုးစေရန်၊ သင့်ကိုယနေ့ငါသွန်သင်၏။
20-21 သစ္စာစကားကို သေချာစွာသိကျွမ်းလျက်၊ သင့်ကိုလွှတ်လိုက်သောသူတို့အား၊ ၎င်းစကားမျိုးကိုပြန်ကြားခွင့်ရရှိစေရန်၊ အသိပညာနှင့်အကြံအစည်အကြောင်းကို၊ ယမန်ကရေးလိုက်ပြီမဟုတ်လော။
22 နွမ်းပါးသည်ကို ထောက်၍၊ နွမ်းပါးသူ့အားမလုမယက်၊ ၁ 13.17 ပါဠိ - မြို့တံခါးတွင်။တရားခွင်တွင်လည်း၊ ဆင်းရဲသူ့အားမနှိပ်စက်ရာ။
23 ထာဝရဘုရားသည်၊ ၎င်းတို့ဘက်၌ တရားဆုံးဖြတ်လျက်၊ လုယက်သူတို့၏ အသက်ကိုရုပ်သိမ်းတော်မူလိမ့်မည်။
24 ဒေါသကြီးသူနှင့် မိတ်မဖွဲ့လင့်။ အမျက်ထွက်တတ်သူနှင့်လည်းမပေါင်းဖော်လင့်။
25 ပေါင်းဖော်လျှင်၊ ထိုသူ၏အလေ့အလာကိုလေ့ကျက်ရ၍၊ ကိုယ့်အသက်ကို ကျော့မိလိမ့်မည်။
26 လက်ဝါးရိုက်၍ ကြွေးမြီအတွက် အာမခံတို့နှင့်၊ ပါဝင်သူမဖြစ်နှင့်။
27 သင်၌ဆပ်ပေးရန်မရှိလျှင်၊ အိပ်ရာကိုပင်ယူသွားလိမ့်တကား။
28 ရှေးကာလ၊ ဘိုးဘေးတို့စိုက်ခဲ့သော မြေမှတ်တိုင်ကို မရွေ့နှင့်။
29 အကြင်သူသည်၊ အမှုအရေး၌ လျင်မြန်စွာစီရင်နိုင်သည်ကိုတွေ့ရှိအံ့။ ထိုသူသည်၊ သာမညလူတို့ရှေ့မှာမဟုတ်၊ ဘုရင်မင်းရှေ့တော်တွင်ခစားခွင့်ရလိမ့်မည်။