3
ချစ်သူတို့ ဤစာသည် သင်တို့ထံငါရေးလိုက်သောဒုတိယစောင်ဖြစ်လျက် နှစ်စောင်စလုံးတွင်သတိပေး၍ သင်တို့၏ကြည်လင်သော ဉာဏ်ကိုနှိုးဆော်လိုက်သည်မှာ၊ အထက်က သန့်ရှင်းသောပရောဖက်တို့ဆင့်ဆိုချက်များကိုလည်းေကာင်း၊ သင်တို့ဆရာတမန်တော်များဖြင့် ကယ်တင်သောအရှင်ဘုရားပေးထားသည့် အမိန့်ပညတ်တော်ကိုလည်းေကာင်း သတိရကြလော့။ အန္တိမနေ့ရက်ကာလ၌ ကိုယ့်တပ်မက်များကိုလိုက်စားသော လူသရော်တို့သည်ပေါ်လာ၍၊ ကြွလာတော်မူမည်ဟူသောကတိတော်ကား မည်သို့နည်း။ ဘိုးဘေးတို့အိပ်ပျော်သည့်ကြနေ့ရက်ကစ၍ ဖန်ဆင်းစကာလနည်းတူ အရာခပ်သိမ်းရှိမြဲရှိနေသည်ဟုသရော်ကြမည့်အကြောင်း အထူးမှတ်သားကြလော့။ 5-6 ထိုသူတို့သည် ဘုရားသခင်အမိန့်တော်အတိုင်း ရှေးမဆွကမိုးကောင်းကင်တည်သည်ကိုလည်းေကာင်း၊ ရေထဲကရေအားဖြင့် ​ေမြပထဝီဖြစ်ပွားသည်ကိုလည်းေကာင်း၊ ရေဘေးသင့်၍ထိုကာလရှိလောကပျက်စီးသည်ကိုလည်းေကာင်း တမင်မေ့လျော့ကြ၏။ ယခုရှိသောမိုးမြေကိုကား ထိုအမိန့်တော်အတိုင်း ဘုရားတရားမဲ့သူတို့အားစီရင်ဖျက်ဆီးရာနေ့တိုင်အောင် သိုမှီး၍ မီးလောင်စာအဖြစ်ရန်ထားတော်မူ၏။
ချစ်သူတို့၊ ထာဝရဘုရားရှေ့တစ်ရက်သည် နှစ်ပေါင်းတစ်ထောင်ကဲ့သို့လည်းေကာင်း၊ နှစ်ပေါင်းတစ်ထောင်သည် တစ်ရက်ကဲ့သို့လည်းေကာင်း ဖြစ်သည်ဟူသောတစ်ချက်တည်းကို မမေ့ကြနှင့်။ ထာဝရဘုရားသည်နှောင့်နှေးတော်မူသည်ဟု အချို့တို့မှတ်ယူကြသည့်အတိုင်း ကတိတော်ကိုဖြည့်ရန် နှောင့်နှေးတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ ရှိသမျှတို့နောင်တရခွင့်ရှိစေရန် သင်တို့အပေါ်တွင်စိတ်ရှည်တော်မူ၏။ 10 ခိုးသူကဲ့သို့ရောက်လာမည့် ထာဝရဘုရား၏နေ့ရက်တော်၌ မိုးကောင်းကင်သည် အုတ်အုတ်သဲသဲပျောက်လွင့်လျက် လောကဓာတ်များသည်ပူပြင်းသဖြင့် ပြယ်ပျောက်လျက် မြေပထဝီနှင့်မှီရှိသမျှသည် ကျွမ်းလောင်လိမ့်မည်။ 11-12 ထိုသို့မိုးကောင်းကင်သည် မီးလောင်၍ပြယ်ပျောက်ခြင်း၊ လောကဓာတ်များလည်းပူပြင်း၍ အရည်ဖြစ်ခြင်းခံရမည့်ဘုရားသခင်နေ့ရက်တော်ကို စောင့်ေမျှာ်တောင့်တသောသင်တို့သည် အရာရှိသမျှပြယ်ပျောက်ရမည်ကိုသိမြင်ကြသည့်အလျောက် ဘုရားတရားကြည်ညိုလျက် သန့်ရှင်းစွာနေသင့်ကြသည်တကား။ 13 ငါတို့သည် ကတိတော်နှင့်အညီဖြောင့်မတ်ခြင်းတည်ရာ မိုးမြေသစ်ကိုစောင့်ေမျှာ်လျက် နေကြ၏။
14 သို့ဖြစ်၍ ချစ်သူတို့၊ ထိုအရာများကိုစောင့်ေမျှာ်ကြသဖြင့် မျက်မှောက်တော်တွင် အစွန်းအကွက်အပြစ်အနာကင်းလျက်၊ စိတ်ချမ်းမြေ့လျက်၊ အရှုတော်ခံရအံ့သောငှာ လုံ့လထုတ်ကြလော့။ 15 ငါတို့ချစ်သောညီအစ်ကိုပေါလုလည်း ခံစားရသောဉာဏ်ပညာအရ ကိုယ်သြဝါဒကျမ်းရှိသမျှတွင် ထိုအရာများနှင့်စပ်၍ သင်တို့ထံရေးလိုက်သည့်အတိုင်းပင် ငါတို့အရှင်ဘုရား၏စိတ်ရှည်တော်မူခြင်းကို ကယ်တင်ခြင်းအကြောင်းဟု မှတ်ယူကြလော့။ 16 ၎င်းသြဝါဒကျမ်းများပါရှိသော နားလည်ရန်ခဲယဉ်းသည့်အချက်များကို မသိသောသူ၊ မတည်ကြည်သောသူတို့သည် ကိုယ်တိုင်ပျက်စီးခြင်းငှာ အခြားကျမ်းချက်များကိုမှောက်လှန်သကဲ့သို့ မှောက်လှန်တတ်ကြ၏။ 17 သို့ဖြစ်၍ ချစ်သူတို့၊ သင်တို့သည် တင်ရင်သိမြင်ရသောကြောင့် တရားလွတ်သူတို့ မိုက်မှားရာလိုက်ပါသဖြင့် ကိုယ့်တည်ကြည်ရာမှမပြိုမလဲမိစေရန် သတိမူလျက်၊ 18 ငါတို့ကိုကယ်တင်သော ယေရှုခရစ်အရှင်ဘုရား၏ကျေးဇူးတော်၌လည်းေကာင်း၊ ကိုယ်တော်နှင့် အကျွမ်းဝင်ခွင့်၌လည်းေကာင်း ကြီးပွားကြလော့။ ထိုအရှင်သည် ယခုကာလမှစ၍ အနန္တကာလပတ်လုံး ဘုန်းတော်ကြီးပါစေသတည်း။