ဩဗဒိကျမ်း
1
သြဗဒိ မြော်မြင်ရာ ဗျာဒိတ်ရူပါရုံကို ပြန်ကြားပေအံ့။
လူမျိုးခြားတို့အား ရာဇသံစေလွှတ်တော်မူသည့် အလျောက် ထိုလူမျိုးကို တိုက်ခိုက်ရန်ထ၍ ချီကြကုန်အံ့ဟူသော သတင်းကို ထာဝရဘုရားထံတော်မှ ငါတို့ကြားရကြ၏။ သင့်ကိုလူမျိုးခြားတို့တွင် သိမ်ဖျင်းရာ လွန်စွာမထီမဲ့မြင်ပြုရာ ငါဖြစ်စေမည်။ ငါ့ကိုမြေပေါ်သို့ မည်သူချနိုင်သနည်းဟု အောက်မေ့လျက် ကျောက်တောင်ရှိခိုလှုံရာများတွင် အောင်း၍မြင့်ရာအရပ်၌ နေထိုင်သော အိုလူမျိုး၊ သင်စိတ်နေမြင့်၍ လှည့်စားခံရလေပြီ။ လင်းယုန်ကဲ့သို့ပျံတက်၍ ကြယ်စုတွင် သိုက်မြုံလုပ်သော်လည်း၊ ထိုအရပ်မှပင် ငါချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ပယ်ရှားခံရသောအိုလူမျိုး ညဉ့်အခါ ခိုးသားဓားပြတို့လာလျှင် အလိုရှိသလောက်ခိုးတိုက်မည်။ စပျစ်သီးဆွတ်သူတို့ရောက်လာလျှင် ကောက်သင်းကောက်ရန်မျှ ချန်မည်မဟုတ်လော။ ဧသောအမျိုးပိုင် သိုက်ဘဏ္ဍာၐများကိုကား စီစစ်ရှာဘွေ၍ တွေ့ကြလိမ့်မည်ဟု ဧဒုံပြည်ကို ရည်လျက် အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူခဲ့ပြီ။ သင်နှင့်သင်းဖွဲ့သူအပေါင်းတို့သည် သင့်ကိုပြည်စွန်းတိုင်အောင်နှင်ထုတ်ခြင်း၊ မဟာမိတ်ဖွဲ့ခဲ့သူတို့လည်း လှည့်စား၍ လက်ဆုံစားလျက်ပင် ပိုက်ကွန်ထောင်၍ နိုင်ခြင်းကို ပြုကြလေပြီ။ ထိုလူမျိုးသည် ဉာဏ်ကုန်ရာရောက်လေပြီတကား။ 8-9 အိုေတမန်ပြည်ဧသောတောင်မှ ရှိသမျှတို့လုပ်ကြံပယ်ရှားခံရအံ့သောငှာ ထိုနေ့ရက်ကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကိုလည်းေကာင်း၊ ဧသောတောင်မှ ဉာဏ်ပဋိဘာန် ရှိသူတို့ကိုလည်းေကာင်း၊ ငါဖျက်ဆီးသဖြင့် သင့်သူရဲကောင်းတို့သည် တုန်လှုပ်ကြလတ္တံ့ဟု ထာဝရဘုရားဗျာဒိတ်တော်ရှိ၏။ 10 အမျိုးသားချင်း ယာကုပ်အားပြုခဲ့သော ကြမ်းကြုတ်မှုကြောင့် အရှက်နှင့်လွှမ်းခြုံရသောသင်သည် အစဉ်ပယ်ရှားခံရလတ္တံ့။ 11 ယာကုပ်အလုံးအရင်းကို သူစိမ်းတို့သုံ့ဘမ်းလျက် ယေရုရှလင်မြို့တံခါးဖြင့် လူမျိုးခြားတို့ဝင်ရောက်လျက် မြို့တော်ကိုမဲချဝေဖန်သောနေ့ရက် သင်ကြည့်၍နေသော နေ့ရက်၌ပင် သင်သည် အလိုတူအလိုပါဖြစ်လေစွ။ 12 အမျိုးသားချင်းကို ဘေးသင့်ရာနေ့ရက်၌ စိန်းစိန်းကြည့်ခြင်း၊ ယုဒအမျိုးသားတို့ကိုဖျက်ဆီးရာနေ့ရက်၌ ရွှင်လန်းခြင်း၊ ဒုက္ခရောက်သောနေ့ရက်၌ ပြက်ရယ်ပြုခြင်း များကိုလည်းေကာင်း၊ 13 လူမျိုးတော့်အပေါ်တွင် ဘေးဥပဒ် သင့်သောနေ့ရက်၌ မြို့တံခါးဖြင့်ချီဝင်ခြင်း ခံရသောဒုက္ခကို စိန်းစိန်းကြည့်ခြင်း၊ ဥစ္စာပစ္စည်းလုယက်ခြင်းများကိုလည်းေကာင်း၊ 14 ဘေးလွတ်သူတို့ကို လုပ်ကြံရန် လမ်းဆုံ၌ စောင့်နေခြင်း၊ အကြွင်းအကျန်တို့ကို ဒုက္ခရောက်သောနေ့ရက်၌ အပ်နှင်းခြင်းများကိုလည်းေကာင်း ပြုခဲ့သည်မှာမသင့်မလျော်ချေ။ 15 လူအမျိုးမျိုးအပေါ်သို့ ထာဝရဘုရား၏ နေ့ရက်တော်ရောက်လုပြီဖြစ်၍ သင်သည်ပြုခဲ့သည့်အတိုင်းစီရင်ခြင်း လုပ်ခဲ့သည့်အတိုင်း၊ ကိုယ်ထိပ်ပေါ်တွင် တုန့်ပြန်ခြင်း ကို ခံရလတ္တံ့။ 16 သန့်ရှင်းသောတောင်တော်ပေါ်၌ သင်တို့သည် သုံးသောက်ခဲ့ကြသည်နှင့်အမျှ လူမျိုးတကာတို့လည်း မဖြစ်စဘူးသောအဖြစ်ရောက်သည့်တိုင်အောင် အစဉ်သုံးသောက်မျိုစားကြရလတ္တံ့။ 17 ဇိအုန်တောင်ပေါ်၌ ဘေးလွတ်သူတို့ကျန်နေမည့်အလျောက် ထိုတောင်တော်သန့်ရှင်းရာ ရောက်ပြန်မည်။ ယာကုပ်အမျိုးသားတို့လည်း ကိုယ့်ပိုင်ရာပြန်ရကြဦးမည်။ 18 ထာဝရဘုရား ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း ယာကုပ်အမျိုးသားတို့သည် မီးသဖွယ် ယောသပ်အမျိုးသားတို့သည် မီးလျှံသဖွယ်ဖြစ်လျက် ရိုးပြတ်သဖွယ်ဖြစ်သော ဧသောအမျိုးသားတို့ကို ကြွင်းကျန်သူမရှိသည့်တိုင်အောင် ကျွမ်းလောင်၍ 19 နေဂပ်ခရိုင်သားတို့နှင့် ချိုင့်ဝှမ်းရာအရပ်သားတို့သည် ဧသောတောင်မှစ၍ ဖိလတ္တိပြည်ဧဖရိမ်နယ် ရှမာရိနယ်များကို အပိုင်ရလျက် ဗင်္ယာမိန့်အနွယ်သားတို့သည် ဂိလဒ်နယ်ကိုအပိုင်ရကြဦးမည်။ 20 သုံ့ဘမ်းခံရသောဣသရေလအလုံးအရင်းသည် ဇရတ္ထမြို့တိုင်အောင် ခါနနိပြည်ကို အရပိုင်လျက် သေဖရဒ်ပြည်ရှိသုံ့ဘမ်းခံရသော ယေရုရှလင်မြို့သားတို့လည်း နေဂပ်ခရိုင်ရှိမြို့ရွာများကို အပိုင်ရကြဦးမည်။ 21 ဧသောတောင်ကို တရားစီရင်အံ့သောငှာ ကယ်ဆယ်သူတို့သည် ဇိအုန်တောင် ပေါ်သို့တက်ကြမည့်အလျောက် တိုင်းနိုင်ငံသည် ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။