8
ရေတံခါးရှေ့ကျယ်ဝန်းသောအရပ်သို့ တစ်ဦးတည်းကဲ့သို့လာရောက်စုရုံးလျက်၊ ဣသရေလလူမျိုးအားထာဝရဘုရားထားတော်မူခဲ့သော၊ မောရှေ၏ပညတ္တိကျမ်းကို ထုတ်ယူပါမည့်အကြောင်း၊ ကျမ်းတတ်ဆရာ ဧဇရကိုတောင်းပန်ကြသည်နှင့်အညီ၊ ထိုသတ္တမလတစ်ရက်၌၊ နားထောင်နာယူရန်၊ လုံလောက်သော ယောက်ျားမိန်းမပရိသတ်ရှေ့၊ ပညတ္တိကျမ်းကိုပရောဟိတ်ဧဇရထုတ်ယူပြီးလျှင်၊ ၎င်းအရပ်၊ ထိုသူတို့ရှေ့၊ နံနက်မှစ၍ မွန်းတည့်တိုင်အောင်၊ ပညတ္တိကျမ်းကိုဖတ်ရွတ်ရာ၊ စေ့စေ့နားထောင်ကြ၏။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည်၊ ယာဘက်၌လည်းေကာင်း၊ ပေဒါယ၊ မိရှေလ၊ မာလခိယ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည်၊ ဝဲဘက်၌လည်းေကာင်း ရပ်နေလျက်၊ လူပရိသတ်အထက်၊ သစ်သားဖြင့်လုပ်ပြီးတရားပလ္လင်ပေါ်တွင်၊ ရပ်နေသောကျမ်းတတ်ဆရာဧဇရသည်၊ ပရိသတ်ရှေ့ကျမ်းစာကိုဖွင့်သောအခါ၊ ပရိတ်သတ်ဥဿုံထရပ်ကြ၏။ ဧဇရသည်၊ မဟာဘုရားသခင်ထာဝရဘုရားအား ဩဘာဆက်ရာ၊ လက်အုပ်ချီသောပရိသတ်သည်၊ အာမင်၊ အာမင်ဟုဝန်ခံလျက်၊ ထာဝရဘုရားကိုဦးညွှတ်ပျပ်ဝပ် ရှိခိုးပြီးလျှင်၊ နေရာမှထရပ်ကြရာ၊ 7-8 လေဝိဂိုဏ်းသားယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ဝေလာယတို့သည်၊ ဘုရားသခင်၏ ပညတ်တ္တိကျမ်းကို ရှင်းလင်းစွာဖတ်ရွတ်၍၊ လူပရိသတ်နားလည်စေရန် အနက်ကိုေဖာ်ပြသွန်သင်ကြ၏။
ပညတ္တိကျမ်းချက်ကိုကြားနာသောပရိသတ်တို့ငိုကြွေးကြသည်ဖြစ်၍၊ ဘုရင်ခံနေဟမိ၊ ကျမ်းတတ်ပရောဟိတ်ဧဇရတို့နှင့်၊ ပရိသတ်အားသွန်သင်သင်သူလေဝိဂိုဏ်းသားတို့က၊ ဤနေ့ကား၊ သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့သီးသန့်သောနေ့ဖြစ်သောကြောင့်၊ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရဟု နှိုးဆော်ကြသည့်ပြင်၊ 10 ငါတို့အရှင်ဘုရားအဖို့ သီးသန့်သောနေ့ဖြစ်သည်နှင့်အညီ၊ ချိုမြိန်ရာကိုသွား၍ စားသောက်လျက်၊ ပြင်ဆင်ရန်မဲ့သူတို့အားလည်းဝေငှကြလော့။ ထာဝရဘုရား ကြောင့်ရွှင်လန်းခွင့်သည် သင်တို့၏ ခံတပ်သဖွယ်ဖြစ်၍ ဝမ်းမနည်းကြနှင့်ဟုမိန့်ဆိုသည့်အလျောက်၊ သီးသန့်သောနေ့ဖြစ်သည့်အတွက်၊ 11 ဝမ်းမနည်းဘဲ ဆိတ်ဆိတ်နေကြလော့ဟု၊ ပရိသတ်ငြိမ်သက်စေရန်၊ လေဝိဂိုဏ်းသားတို့ထပ်ပြောကြ၏။ 12 လူပရိသတ်တို့လည်း၊ ဟောပြောချက်ကိုနားလည်သောကြောင့်၊ အားရဝမ်းမြောက်စွာ စားသောက်ခြင်း၊ ဝေငှခြင်းများကိုပြုရန် သွားကြကုန်၏။
13 ဒုတိယနေ့ရက်တွင်၊ တစ်မျိုးလုံးဆိုင်ရာအိမ်ထောင်အအုပ်အချုပ်များ၊ ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများတို့သည်၊ ပညတ္တိကျမ်းချက်ကိုကျွမ်းကျင်လိမ္မာရန်၊ ကျမ်းတတ် ဆရာဧဇရထံစုရုံးကြရာ၊ 14-15 ပဌမလပူဇော်ပွဲတွင်၊ ဣသရေလအမျိုးသားတို့သည်၊ တဲ၌တည်းခိုကြရမည့်အကြောင်းနှင့်၊ တောင်ပေါ်သို့တက်၍၊ သံလွင်အယဉ်အရိုင်း၊ ကျောက်ပန်း၊ စွန်ပလွံမှစသော အရွက်ဖြာသည့်အခက်အလက်များကို၊ ကျမ်းဆိုချက်အတိုင်းယူဆောင်တဲထိုးကြလော့ဟု၊ ယေရုရှလင်မြို့နှင့်တကွ မြို့ရွာတိုင်းကြော်ငြာကြရမည့်အကြောင်း၊ မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူခဲ့သည်ကို ပညတ္တိကျမ်း၌တွေ့ကြသည်နှင့်အညီ၊ မြို့သားတို့ထွက်သွားဆောင်ယူလျက်၊ 16 ကိုယ့်တိုက်မိုးပေါ်၊ ကိုယ့်ဝင်းအတွင်း၊ ဗိမာန်တော်တံတိုင်းတွင်၊ ရေတံခါးနှင့် ဧဖရိမ်တံခါးအနီး၊ ကျယ်ဝန်းရာများတွင်တဲထိုးကြ၏။ 17 သိမ်းသွားရာမှပြန်လာရသောပရိသတ်ဥဿုံလည်း၊ တဲထိုး၍ ဝမ်းမြောက်စွာထိုင်နေကြသည်မှာ၊ နုန့်သားယောရှုလက်ထက်မှထိုနေ့တိုင်အောင်၊ ဣသရေလအမျိုး သားတို့ဤမျှလောက်မကျင်းပကြချေ။ 18 ခုနစ်ရက်ပတ်လုံးပွဲကို ကျင်းပကြစဉ်၊ ပဌမနေ့မှနောက်ဆုံးနေ့တိုင်အောင်၊ ဘုရားသခင်၏ ပညတ္တိကျမ်းကိုနေ့စဉ်ဖတ်ရွတ်လျက်၊ ရှစ်ရက်မြောက်သောနေ့၌ဆုံးဖြတ် ချက်အရ၊ အစုအရုံးကြီးကိုပြုကြကုန်၏။