2
အာတဇေရဇ်မင်းနန်းစံနှစ်ဆယ်၊ နိသန်လတွင်၊ ရှေ့တော်သို့စပျစ်ရည်သွင်းစဉ်၊ ငါယူ၍ဆက်လေ၏။ ယမန်ရှေ့တော်တွင်ငါ့မျက်နှာတစ်ခါမျှညှိုးဖူးသည်မဟုတ်။ ဘုရင်မင်းက၊ ကျန်းခန့်လျက်အဘယ့်ကြောင့်မျက်နှာညှိုးရသတည်း။ မုချစိတ်ပူလိမ့်တကားဟုမိန့်တော်မူလျှင်၊ ငါသည်အလွန်ကြောက်လျက်၊ ကာလအစဉ်ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေသော၊ ကျွန်တော့်ဘိုးဘေးသင်္ချၖိုင်းရှိရာမြို့သည်၊ ဖုန်းဆိုးကုန်းဖြစ်လျက်၊ တံခါးလည်းမီးကျွမ်းလောင်သောကြောင့်၊ မျက်နှာမညှိုးဘဲ မည်သို့နေနိုင်ပါအံ့နည်းဟုတင်လျှောက်သော်၊ ဘုရင်မင်းက၊ မည်သည့်အရာကိုတောင်းလိုသနည်းဟုမေးတော်မူရာ၊ ငါသည် မိုးကောင်းကင့်ရှင်ဘုရားသခင်ကိုအာရုံပြု၍၊ ဘုရင်မင်းအား၊ ရှေ့တော်တွင်ကျွန်တော်မျိုးမျက်နှာသာရလျက်သဘောတော်မြတ်ပါက၊ ဘိုးဘေးသင်္ချၖိုင်းရှိရာမြို့ကိုပြုစုရန်၊ ယုဒပြည်သို့ကျွန်တော်မျိုးသွားခွင့်ပြုတော်မူ ပါဟုတင်လျှောက်လေ၏။ ထိုအခါ၊ မြောက်သားတော်နှင့်နှစ်ပါးစံနေခိုက်၊ သွားမည့်ကာလနှင့်ပြန်မည့်ကာလကိုမေးတော်မူသည့်အတိုင်း၊ အချိန်ကိုငါတင်လျှောက်ပြီးမှ၊ ဘုရင်မင်းသဘောတော်မြတ်သဖြင့်၊ ငါ့ကိုခွင့်ပြုတော်မူလိုက်ရာ၊ ငါကသဘောတော်မြတ်ပါလျှင်၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံတို့ထံ၊ ယုဒပြည်သို့ကျွန်တော်အားသွားခွင့်ပြုစေရန် အမှာတော်စာကိုလည်းေကာင်း၊ သစ်တောဝန်အာသပ်အားလည်း၊ ဗိမာန်တော်ရဲတိုက်၊ မြို့ရိုး၊ တည်းအိမ်၊ တံခါးထုပ်များအဖြစ်သစ်ပေးစေရန်အမှာတော်စာကိုလည်းေကာင်း၊ သနားတော်မူပါဟုတောင်းလျှောက် သည်နှင့်အညီ၊ ငါ့အပေါ်တွင်၊ ကိုယ့်ဘုရားသခင့်မြင့်မြတ်သောလက်တော်တည်ရှိသောကြောင့်၊ ဘုရင်မင်းပေးတော်မူ၏။
ထိုနောက်၊ ဘုရင်မင်းထည့်လိုက်သောဗိုလ်မှူးနှင့်မြင်းစီးသူရဲတို့ပါ၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံတို့ထံရောက်၍ အမှာတော်စာကို ငါတင်ပြရာ၊ 10 ဣသရေလအမျိုးသားတို့အားအကျိုးပြုစုရန်လူတစ်ယောက်လာကြောင်းကို၊ ဟောရုန်မြို့သားသမ္ဘာလတ်နှင့်ကျွန်ဖြစ်သူ၊ အမ္မုန်အမျိုးတောဘိယတို့ကြားလျှင်၊ အလွန် တစ်ရာဝန်တိုကြသတည်း။
11 ငါသည် ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊ 12 ယေရုရှလင်မြို့အဖို့ငါ့ဘုရားသခင်ပေးတော်မူသောအကြံအစည်ကို မည်သူ့အားမျှမေဖာ်ပြဘဲ၊ ညဉ့်အခါထပြီးလျှင်၊ ငါသာလားစီးလျက်၊ နောက်ပါသူအချို့နှင့်တကွ၊ ချိုင့်တံခါးဖြင့်ထွက်၍၊ 13 နဂါးခေါ်ရေတွင်းတူရူ၊ အာလဝီတံခါးရောက်သွားလျက်၊ ပြိုပျက်သောမြို့ရိုးနှင့်မီးကျွမ်းလောင်သောတံခါးများကိုကြည့်ရှုဆင်ခြင်ပြီးလျှင်၊ 14 စမ်းတွင်းတံခါးနှင့် ရေကန်တော်တိုင်အောင်ဆက်သွားရာ၊ လားလမ်းမရှိသောကြောင့်၊ 15 ညဉ့်ချင်းပင်ချောင်းလမ်းဖြင့်စီးသွား၍၊ မြို့ရိုးကိုကြည့်ရှုဆင်ခြင်ပြီးနောက်၊ ချိုင့်တံခါးမှပြန်ဝင်လေ၏။ 16 မည်သို့သွားသည်၊ မည်သို့ကြံစည်သည်ကိုအရာရှိတို့မသိ။ ယုဒအသည်သား၊ ပရောဟိတ်၊ မှူးမတ်၊ အရာရှိမှစ၍၊ လုပ်ဆောင်အံ့သူ တစ်စုံတစ်ယောက်အားမျှ၊ ကိုယ့်အကြံ ကိုမေဖာ်မပြသေး။
17 ထိုနောက်ငါက၊ ယေရုရှလင်မြို့ဖုန်းဆိုးကုန်းဖြစ်ခြင်း၊ တံခါးလည်းမီးလောင်ခြင်း၊ ငါတို့ခံရသောဒုက္ခများကိုသင်တို့သိမြင်ကြ၏။ ယေရုရှလင်မြို့ရိုးကိုတည်၍ကဲ့ရဲ့ခြင်း ကင်းအံ့သောငှာ၊ သွားကြကုန်အံ့ဟုဆိုလျက်၊ 18 ငါ့အပေါ်တွင် ကိုယ့်ဘုရားသခင်၏ မြင့်မြတ်သောလက်တော်တည်ရှိကြောင်းကိုလည်းေကာင်း၊ ဘုရင်မင်းအမိန့်တော်ကိုလည်းေကာင်း၊ ကြားပြောလျှင်၊ သူတို့က၊ ထ၍တည်လုပ်ကြကုန် အံ့ဟုဆိုလျက်၊ ထိုကောင်းသောအမှုကိုပြုရန်အချင်းချင်းအားပေးကြ၏။ 19 ထိုသတင်းကိုဟောရုန်မြို့သားသမ္ဘာလတ်၊ ကျွန်ဖြစ်သောအမ္မုန်အမျိုးတောဘိယ၊ အာရပ်အမျိုးဂေရှင်တို့ကြားသိလျှင်၊ သင့်အကြံအစည်ကားအသို့နည်း။ ဘုရင်မင်းကို ပုန်ကန်မည်လောဟု၊ ကဲ့ရဲ့ပြက်ရယ်မေးမြန်းကြရာ၊ 20 ငါက၊ မိုးကောင်းကင့်ရှင်ဘုရားသခင်သည်၊ ငါတို့အကြံထမြောက်စေတော်မူမည်ဖြစ်၍၊ ကိုယ်တော့်ကျွန်ဖြစ်သော ငါတို့တည်လုပ်ကြပါလိမ့်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့နှင့်ဘာမျှမဆိုင်မပိုင်၊ အမှတ်အသားမရှိဟုပြန်ပြောလေ၏။