11
ထိုကာလ၊ ဣသရေလမှူးမတ်တို့သည်၊ ယေရုရှလင်မြို့၌နေလျက်၊ ကြွင်းသူတို့ကား၊ ဆယ်အိမ်လျှင်တစ်အိမ်ကျ၊ သန့်ရှင်းသောယေရုရှလင်မြို့တွင်လည်းေကာင်း၊ ကျန်ကိုးအိမ်မူ၊ အခြားမြို့ရွာများတွင်လည်းေကာင်း၊ နေထိုင်ကြရန်မဲချကြ၏။ ယေရုရှလင်မြို့၌ အလိုအလျောက်ဝင်နေသူတိုင်းကိုလည်း။ ပြည်သားတို့ဩဘာပေးကြကုန်၏။ 3-4 ယုဒပြည်၊ ပိုင်ဆိုင်ရာမြို့ရွာများတွင်၊ အသည်သားများ၊ ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများ၊ ကျွန်သီးတော်များ၊ ရှောလမုန်မင်းထားခဲ့သောဘုရားကျွန်အဆက်အနွယ်များတို့နေထိုင်ကြ၏။ အအုပ်အချုပ်တို့နှင့်တကွ၊ ယုဒ၊ ဗင်္ယာမိန့်အနွယ်သားတို့အနက်၊ ယေရုရှလင်မြို့၌ နေထိုင်ရသူတို့ကား၊ ယုဒအနွယ်၊ ဖာရက်အဆက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှဆင်းသက်သောအသာယ။ ရှာလအဆက်၊ ဇာခရိ၊ ယောယာရိပ်၊ အဒါရ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သောမာသေယတို့နှင့်တကွ၊ ယေရုရှလင်မြို့၌ နေသောဖာရက်အဆက် သူရဲကောင်းလေးရာ့ခြောက်ဆယ့်ရှစ်ယောက်တို့တည်း။ ဗင်္ယာမိန့်အနွယ်၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သောသလ္လု။ ၎င်း​နောက်၊ ဂဗ္ဗဲနှင့် သလ္လဲအစရှိသော သူရဲကိုးရာ့နှစ်ဆယ့်ရှစ်ယောက်တို့တည်း။ ဇိခရိသားယောလသည်၊ ထိုသူတို့ကိုအုပ်ရ၏။ ဟာသေနွာ့သား ယုဒလည်း။ မြို့တွင်ဒုတိယအရပ်ကိုအုပ်ရ၏။
10 ပရောဟိတ်တို့အနက်၊ ယောယာရိပ်သားယေဒါယ၊ ယာခိန်၊ 11 အဟိတုပ်တွတ်၊ မေရာယုတ်တီ၊ ဇာဒုတ်မြစ်၊ မေရှုလံ့မြေး၊ ဟိလခိသား၊ ဘုရားသခင့်ဗိမာန်တော်မှူးစရာယအစရှိသော၊ 12 ဗိမာန်တော်မှုကိုဆောင်ရွက်သူဆွေမျိုးသားချင်း ရှစ်ရာ့နှစ်ဆယ့်နှစ်ပါး၊ မာလခိယ၊ ပါရှုရ၊ ဇာခရိ၊ အံဇိ၊ ပေလလိ၊ ယေရောဟံတို့မှဆင်းသက်သူ အဒါယ အစရှိသော၊ 13 အိမ်ထောင်အအုပ်အချုပ်ဆွေမျိုးသားချင်းနှစ်ရာ့လေးဆယ့်နှစ်ပါး၊ ဣမေရတီ၊ မေရှိလမုတ်မြစ်၊ အဟာသဲမြေး၊ အာဇရေလသား အာမရှဲအစရှိသော၊ 14 တတ်စွမ်းသူ ဆွေမျိုးသားချင်း တစ်ရာ့နှစ်ဆယ့်ရှစ်ပါးတို့တည်း။ ဟဂဒေါလိမ့်သား ဇာဗဒေလသည်၊ ထိုသူတို့ကိုအုပ်ရ၏။
15 လေဝိဂိုဏ်းသားတို့အနက်၊ ဗုန္နိတီ၊ ဟာရှဘိမြစ်၊ အာဇရိကံ့မြေး၊ ဟာရှုပ်သားရှေမာယ။ 16 ဘုရားသခင့်ဗိမာန့်တော့်ပြင် အမှုကိုစီရင်ရသူ၊ လေဝိဂိုဏ်းအအုပ်အချုပ် ရှဗ္ဗေသဲနှင့် ယောဇဗဒ်၊ 17 အာသပ်မြစ်၊ ဇာဗဒိမြေး၊ မိက္ခာ့သား၊ ဘုရားဝတ်၌ ဦးဆောင်၍ ထောမနာပြုသူမဿနိ၊ ဂိုဏ်းသားချင်းတို့အပေါ်တွင် လက်ထောက်ဖြစ်သူ ဗာကဗုကိ၊ ယေဒုသုန့်မြစ်၊ ဂလာလမြေး၊ ရှမွာ့သားဩဗဒိတို့တည်း။ 18 သန့်ရှင်းသောမြို့တွင်၊ လေဝိဂိုဏ်းသားပေါင်းနှစ်ရာ့ရှစ်ဆယ့်လေးယောက်နေကြ၏။ 19 အက္ကုပ်၊ တာလမုန်တို့မှစ၍၊ တံခါးစောင့် ဆွေမျိုးသားချင်းပေါင်းကား၊ တစ်ရာ့ခုနစ်ဆယ့်နှစ်ယောက်တည်း။ 20 ကြွင်းသောဣသရေလအသည်သားများ၊ ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများတို့သည်၊ ယုဒမြို့ရွာတွင်၊ ကိုယ့်ဆိုင်ရာအရပ်ရပ်၌နေထိုင်ကြ၏။ 21 ဇိဟနှင့် ဂိသပတို့သည်၊ ဩဖေလအရပ်တွင်နေသော ကျွန်သီးတော်တို့ကိုအုပ်ရ၏။ 22-23 သီဆိုသူ၊ အာသပ်ဂိုဏ်းအဝင်၊ မိက္ခာ့တီ၊ မဿနီမြစ်၊ ဟာရှဘိမြေး၊ ဗာနိသားဩဇိသည်၊ ဘုရားသခင့်ဗိမာန်တော်မှုကိုကြည့်ရှုလျက်၊ နေ့စဉ်မပြတ်၊ သီဆိုသူတို့အား ရိက္ခာတော်ဝေပေးစေဟူသောဘုရင်မင်းအမိန့်တော်နှင့်အညီ၊ ယေရုရှလင်မြို့နေလေဝိဂိုဏ်းသားတို့ကိုအုပ်ရ၏။ 24 ယုဒအနွယ်၊ ဇေရအဆက်၊ မေရှဇဗေသား ပေသဟိသည်၊ လူမျိုးတော့်အမှုအရေးရှိသမျှအတွက်၊ ဘုရင်မင်းအပါးတွင်နေရ၏။
25 ယုဒအမျိုးသားတို့နေသောကျေးလက်မြို့ရွာများမှာ၊ ကိရယသာဘမြို့နှင့်နိဂုံး၊ ဒိဘုန်မြို့နှင့်နိဂုံး၊ ယေကပ်ဇေလမြို့နှင့်ဆင်ခြေဖုံး၊ 26-29 ယောရှု၊ မောလဒါ၊ ဗက်ပါလက်၊ ဟာဇာရွာလမြို့များ၊ ဗေရရှေဘမြို့နှင့်နိဂုံး၊ ဇိကလတ်မြို့၊ မေကောနမြို့နှင့်နိဂုံး၊ အာဣနရိမ္မုန်၊ ဇောရာ၊ ယာမုတ်၊ 30 ဇာနော၊ အဒုလံမြို့များနှင့်ဆင်ခြေဖုံး၊ လာခိရှမြို့နှင့်ပတ်ဝန်းကျင်၊ အဇေကာမြို့နိဂုံးများတည်း။ ဗေရရှေဘမြို့မှစ၍ ဟိန္နုံချိုင့်တိုင်အောင် နေရာကျကြ၏။ 31-35 ဗင်္ယာမိန့်အနွယ်သားတို့လည်း၊ ဂေဗမြို့မှစ၍၊ မိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်နိဂုံး၊ အာနသုတ်၊ နောဗ၊ အာနနိ၊ ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊ ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊ လောဒ မြို့များနှင့်၊ လက်မြောက်သူတို့နေရာဩနောချိုင့်တွင် နေထိုင်ကြ၏။ 36 ယုဒနယ်တွင်ခွဲခြားနေခဲ့ရသော လေဝိဂိုဏ်းသားအချို့တို့သည်၊ ဗင်္ယာမိန်နယ်၌ ဝင်နေကြသတည်း။