2
ဟေရုဒ်မင်းလက်ထက် ယုဒပြည်ဗက်လင်မြို့တွင် ယေရှုဖွားမြင်တော်မူသည့်နောက်၊ အရှေ့တိုင်းပြည်ကပညာရှိတို့သည်၊ ယေရုရှလင်မြို့သို့ ရောက်လာ၍ ယခုဖွားမြင်ပြီးသော ယုဒလူမျိုးတို့၏ ဘုရင်မင်းမြတ်သည် မည်သည့်အရပ်တွင်ရှိသနည်း။ ကြယ်တော်ကို အရှေ့တိုင်းပြည်၌ မြင်ရသောကြောင့် ကိုယ်တော်ကိုအဖူးလာခဲ့ကြပါပြီဟု မေးမြန်းပြောဆိုကြ၏။ ထိုသတင်းကိုကြားသော် ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် နှလုံးမသာဖြစ်၍ ပရောဟိတ်ကြီး များနှင့်လူမျိုးတော်တွင် ကျမ်းတတ်ဆရာရှိသမျှတို့ကို စုရုံးစေပြီးလျှင် ခရစ်တော်ဖွားရာအရပ်ကို မေးမြန်းသည့်ကာလ 5-6 ထိုသူတို့က အိုယုဒပြည်ဗက်လင်မြို့၊ သင်သည်ယုဒမြို့များတွင် သိမ်ငယ်သည်မဟုတ်၊ ငါ၏ဣသရေလ လူမျိုးတော်ကိုထိန်းကျောင်းမည့် မင်းသည် သင်မှပေါ်ထွန်းလိမ့်မည်ဟူ၍ ပရောဖက်ရေးထားချက်အရ ယုဒပြည်ဗက်လင်မြို့တွင် ဖွားမြင်ရန်ရှိကြောင်း ပြန်ေလျှာက်ကြ၏။
ထိုအခါ ဟေရုဒ်မင်းသည်ဆိုခဲ့သောပညာရှိတို့ကို တိတ်ဆိတ်စွာခေါ်၍ ကြယ်ပေါ်သည့်ကာလကို မေးမြန်းကြားသိပြီးသော် ထိုသူငယ့်အကြောင်း သွား၍စူးစမ်းရှာဖွေတွေ့ရှိသည့် ကာလ၊ ငါလည်းသွားရောက်ဖူးေမြာ်အံ့သောငှာ ပြန်၍အကြောင်းကြားပါဟု မိန့်မှာပြီးလျှင်ဗက်လင်မြို့သို့လွှတ်လိုက်၏။ ပညာရှိတို့လည်း ဘုရင်မင်းအမိန့်ကို နာခံထွက်သွားကြသော်၊ သူငယ်တော်ရှိရာအပေါ်သို့ လာရောက်ရပ်တန့်သည့်တိုင်အောင်အရှေ့တိုင်းပြည်မှ မြင်ခဲ့သော ကြယ်သည် တင်ကြိုညွှန်သွားလေ၏။ 10 ထိုကြယ်ကိုမြင်သည့်ကာလ သူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းလျက် 11 အိမ်သို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့သော် ပျပ်ဝပ်ဖူးမြော်လျက် ဘဏ္ဍာၐကြုတ်များကိုဖွင့်ပြီးလျှင် ရွှေ၊ လော်ဗန်၊ မုရန်လက်ဆောင်တော်များကို ဆက်သပြီးနောက်၊ 12 ဟေရုဒ်မင်းထံ မပြန်ရမည့်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုခံရ၍ နေရင်းတိုင်းပြည်သို့အခြားလမ်းဖြင့် ပြန်သွားကြ၏။
13 ထိုသူတို့ထွက်သွားသည့်နောက်ထာဝရဘုရား၏စေတမန်တစ်ပါးသည် ယောသပ်အားအိပ်မက်ထင်ရှားလျက် ထလော့။ ဟေရုဒ်မင်းသည်သူငယ်တော်ကို ကွပ်မျက်ရန် ရှာကြံသောကြောင့် သူငယ်တော်နှင့်မယ်တော်ကို ခေါ်ဆောင်၍ အိဂျစ်ပြည်ရောက် ထွက်ပြေးပြီးလျှင် ငါကြားပြောမည့်ကာလတိုင်အောင် နေလော့ဟုဆိုသည့်အတိုင်း ယောသပ်ထပြီးလျှင် 14 သူငယ်တော်နှင့် မယ်တော်ကို ညဉ့်အခါ ခေါ်ဆောင်၍ အိဂျစ်ပြည်ေရာက်ထွက်သွားသဖြင့် 15 ဟေရုဒ်မင်း ကွယ်လွန်သည့်တိုင်အောင်နေလေ၏။ ထိုသို့နေရခြင်းမှာ သားတော်ကို အိဂျစ်ပြည်မှ ငါခေါ်ဆောင်ခဲ့ပြီဟူ၍ပရောဖက်ဖြင့်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း ပြည့်စုံစေခြင်းငှာတည်း။ 16 ပညာရှိတို့ မထီလေးစားပြုသွားသည်ကို ဟေရုဒ်မင်းသိမြင်သော် ဒေါသအမျက် ပြင်းစွာထွက်လျက် ထိုပညာရှိတို့ထံေမးမြန်းကြားသိခဲ့သည့်အလျောက် ချင့်ချိန်ပြီးလျှင် ဗက်လင်မြို့နှင့်တစ်နယ်လုံးတွင် အသက်နှစ်နှစ်သားထိ သူငယ်ယောကျ်ားဟူသမျှကိုကွပ်မျက်စေ၏။ 17-18 ထိုအခါ ရာမမြို့၌ မြည်းတမ်းသံ သည်းစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည်သားသမီးတို့အတွက် ငိုကြွေး၍ ဆုံးပါးကြသောကြောင့် နှစ်သိမ့်ခြင်းကိုမခံလိုဟု ပရောဖက်ယေရမိဖြင့် ရောက်သောဗျာဒိတ်ေတာ်အတိုင်း ပြည့်စုံ၏။
19 ဟေရုဒ်မင်းကွယ်လွန်သည့်နောက် ထာဝရဘုရား၏ စေတမန်တစ်ပါးသည်အိဂျစ်ပြည်ရှိ ယောသပ်အား အိပ်မက်တွင်ထင်ရှားလျက် 20 ထလော့သူငယ်တော်နှင့် မယ်တော်ကို ဣသရေလပြည်သို့ ဆောင်သွားလော့။ သူငယ်တော်၏ အသက်အန္တရာယ်ကို ရှာကြံသောသူတို့ သေဆုံးကြပြီဟုဆိုသော်ယောသပ်သည်ထပြီးလျှင် 21 သူငယ်တော်နှင့်မယ်တော်ကိုဆောင်သွား၍ ဣသရေလပြည်သို့ရောက်ရာ 22 ယုဒပြည်တွင် ခမည်းတော်ဟေရုဒ်မင်း အရိုက်အရာ၌ သားတော်အာခေလော စိုးစံသည်ကိုကြားလျှင် ထိုပြည်သို့မသွားဝံ့ရာ အိပ်မက်တွင် ဗျာဒိတ်တော်ကိုခံရပြန်သည့်အတိုင်းဂါလိလဲနယ်သို့သွားလျက် 23 ကိုယ်တော်ကိုနာဇရက်မြို့သားဟု ခေါ်ကြလတ္တံ့ဟူ၍ပရောဖက်များဖြင့်ရောက်သော ဗျာဒိတ်တော်အတိုင်း ပြည့်စုံစေခြင်းငှာ နာဇရက်အမည်ရှိသောမြို့သို့ရောက်သဖြင့် နေထိုင်၏။